ပါကစ္စတန်နိုင်ငံမှာ တရားရုံးကို အပြစ်ဆို ဝေဖန်ပြောဆိုတဲ့ အစိုးရဝန်ကြီး တယောက်ကို တရားရုံး မထီမဲ့မြင်ပြုမှုနဲ သက်ဆိုင်ရာက စွဲချက်တင် အမှုဖွင့်လိုက်ပါတယ်။

မိမိပိုင် ဥစ္စာပစ္စည်းတွေကို ထိမ်ဝှက်ထားတဲ့အတွက် စစ်ဆေးခံနေရသူ ဝန်ကြီးချုပ်ဟောင်း နာဝါဇ့်  ရှရစ် အမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဘက်လိုက်မျက်နှာသာပေးမှုရှိတယ်လို့ ပြောခဲ့ဆိုခဲ့တာတွေကြောင့် ပြည်သူပိုင်လုပ်ငန်းဆိုင်ရာဝန်ကြီး လက်ရှိ အာဏာရပါတီခေါင်းဆောင်တဦးဖြစ်သူ ဒါနယယ်-အာဇစ်ကို အမှုဖွင့်လိုက်တာပါ။ ဝန်ကြီးကတော့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ပြောပါတယ်။

အရင် နှစ်လလောက်ကလည်း အထက်လွှတ်တော်အမတ်တယောက်ဟာ တရားရုံးကို ပြစ်တင်ပြောဆိုလို့ မထီမဲ့မြင်ပြုမှုနဲ့ ထောင်တစ်တလ ကျခံခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese