ဝန်ကြီးချုပ်ဟောင်း ယင်လပ်။
ထိုင်းနိုင်ငံမှာ ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံရေးဆိုင်ရာ စည်းရုံးဟောပြော လှုပ်ရှားခွင့်တွေ ပြန်ဖွင့်ပေးဖို့ အတိုက်အခံတွေက စစ်အစိုးရကို ဒီနေ့တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲမကျင်းပဖြစ်ဘဲ နှစ်အတော်ကြာ ကြန့်ကြာနေတဲ့အတွက် ရွေးကောက်ပွဲတွေ ပြန်ပြီးကျင်းပနိုင်ဖို့ ဥပဒေကြမ်းနှစ်ခုကို ထိုင်းဘုရင် မဟာဗာဂျီယာ လောင်ကွန်းက မနေ့က အဆိုတင်သွင်းခဲ့ပါတယ်။

ရွေးကောက်ပွဲကို နောက်နှစ်မေလမှာ ကျင်းပမယ့်အလားအလာ ရှိနေပြီး၊ အတိုက်အခံတွေက ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေးတွေ လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။

အရင်ဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ယောက်က… ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ ဦးတည်နေပြီ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ နိုင်ငံရေး အခင်းအကျင်းကောင်းတစ်ခု ဖန်တီးဖို့ လိုအပ်နေသလို၊ ပြည်သူတွေအနေနဲ့လည်း သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော် ပြောဆိုလာနိုင်မယ်လို့ ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese