အမေရိကန်က ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြန်ပြီး စတင်လိုကြောင်း ကမ်းလှမ်းလိုက်တဲ့အပေါ် တရုတ်အစိုးရက ကြိုဆိုလိုက်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးမှာ အပြန်အလှန်ကုန်သွယ်မှု တင်းကြပ်နေရာကနေ နောက်တကြိမ်ဆွေးနွေးပွဲ ဖြစ်လာဖို့ အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin စတီဗင်နူချင်းက တရုတ်အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးကို မနေ့က ဖိတ်ကြားခဲ့တာပါ။

ဆွေးနွေးပွဲဖြစ်လာဖို့အတွက် နှစ်ဖက်အစိုးရ ကိုယ်စားလှယ်တွေ ပြင်ဆင်နေကြပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံရဲ့ အကြွင်းမဲ့ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ကုန်သွယ်ရေးပဋိပက္ခတွေ တဖြည်းဖြည်း ပိုဆိုးလာမှာကို နှစ်နိုင်ငံအစိုးရတွေက မလိုလားဘူးဆိုတာကို တရုတ်အစိုးရအနေနဲ့ ယုံကြည်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂေါင်ဖန် (Gao Feng) က ပြောပါတယ်။

အမေရိကန်ဘက်က ကုန်သွယ်ရေး တင်းကြပ်လာမှုကြောင့် တရုတ်စီးပွားရေး ထိခိုက်လာနေချိန်မှာ အခုလို နောက်တကြိမ်တွေ့ဆုံဖို့ အမေရိကန်က ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese