ဖိလစ်ပိုင်နိုင်ငံကို ဒီကနေ့ ဝင်ရောက်လာမယ့် Mangkhut စူပါတိုင်ဖွန်းမုန်တိုင်း ကောင်းကင်ဓာတ်ပုံ။

ဖိလစ်ပိုင်နိုင်ငံကို စူပါတိုင်ဖွန်းမုန်တိုင်း Mangkhut ဝင်ရောက်ဖို့ ဒီနေ့ ဦးတည်နေတာကြောင့် ထောင်နဲ့ချီတဲ့လူတွေဟာ လုံခြုံမယ့်နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။

တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ တစ်နာရီ မိုင် ၁၆ဝ နှုန်းနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းနေတာဖြစ်ပါတယ်။

မုန်တိုင်းလမ်းကြောင်းတလျှောက်မှာ နေထိုင်တဲ့လူဦးရေ ၁ဝ သန်း ရှိတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ တောင်တရုတ်ပင်လယ်ဘက်ကို ဦးတည်ဝင်ရောက်မယ်လို့လည်း ကြေညာထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese