ဖိလိပိုင်နိုင်ငံထဲကို ဒေါ်လာ ၂-သိန်းနီးပါးတန်ဖိုးရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေက အလှမွေး တောရိုင်းတိရိစ္ဆာန်တွေ တရားမဝင် ခိုးသွင်းလာတာကို မနေ့က ဖမ်းဆီးရမိတယ်လို့ ဖိလိပိုင်အရာရှိတွေက ပြောပါတယ်။

သြစတြေးလျ၊ နယူးဇီလန် နဲ့ ပါပူအာ နယူး ဂီနီ နိုင်ငံတို့က ရောင်စုံ ငှက်အမျိုးမျိုးနဲ့ အိမ်မွေး တိရိစ္ဆာန် အကောင် ၃၀၀ လောက် ခိုးသွင်းထားသူ ၄ ယောက်ကို သတင်းအရ ရှာဖွေဖမ်းမိလိုက်တာ ဖြစ်ပါတယ်။

အခု ဖမ်းမိလိုက်တဲ့ ပမာဏဟာ ပြီးခဲ့တဲ့ နှစ် တနှစ်လုံး ဖမ်းဆီးရမိတဲ့ တောသတ္တဝါတွေ စုစုပေါင်းရဲ့ တန်ဖိုးထက်များတယ်လို့လဲ ဆိုပါတယ်။

အခုဖမ်းမိထားသူတွေကို တရားရုံးက ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/