အိန္ဒိယနိုင်ငံအလယ်ပိုင်းက မငြိမ်မသက်ဖြစ်နေတဲ့ Chhattisgarh ပြည်နယ်မှာ ကင်းလှည့်နေတုန်း မော်ဝါဒီ ကွန်မြူနစ်သူပုန်တွေလက်ချက်နဲ့ ပေါက်ကွဲမှုဖြစ်ပြီး အိန္ဒိယပြည်သူ့စစ်တပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးသွားပါတယ်။

ဝေးလံသီခေါင်တဲ့ တောထူထပ်တဲ့အရပ်မှာ ပေါက်ကွဲတာဖြစ်ပြီး ဒဏ်ရာရတဲ့လူ ၃ ယောက်ကို ဆေးကုသဖို့ Raipur ပြည်နယ် မြို့တော်ကို လေကြောင်းကနေ ပို့ဆောင်လိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ဝဲယိမ်းပြောက်ကျားတွေဟာ နှစ်တွေချီပုန်ကန်နေပြီး မြေ၊ အလုပ်အကိုင်နဲ့ ဆင်းရဲတဲ့ လူမျိုးစုတွေအတွက် အခွင့်အရေးစတာတွေ တောင်းဆိုတိုက်ပွဲဝင်နေတာပါ။

အရင်တရက်ကလည် အထူးရဲတပ်ဖွဲ့အရာရှိတွေပါတဲ့တပ်ဖွဲ့တဖွဲ့ တောထဲမှာ ကင်းလှည့်နေတုန်း မော်ဝါဒီသူပုန်တွေ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/