မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ ရှေ့နေကို ငွေမဲခဝါချမှုနဲ့ အမှုဖွင့်
တိုင်းပြည်ဘဏ္ဍာ အလွဲသုံးစားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ရှေ့နေဖြစ်သူကို နာဂျစ်ဆီကနေ အမေရိကန်ဒေါ်လာ ၂ သန်း ၃ သိန်း လက်ခံမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

နာဂျစ်ရဲ့ အဓိကရှေ့နေတယောက်ဖြစ်တဲ့ မိုဟာမက်ရှဖီး အဗ္ဗဒူလာကို မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေဌာန 1MDB ရဲ့ ငွေတွေ အလွဲသုံးစားမှုနဲ့ ဆက်နွယ်ပြီး၊ အကျင့်ပျက်လာဘ်စားမှု၊ ယုံကြည်မှု အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှုတွေမှာ ဝင်ငွေခွန်လိမ်လည်တင်ပြမှုနဲ့ အမှုဖွင့်လိုက်တာပါ။

ဒီငွေကို ရှေ့နေလိုက်ခအဖြစ် ရရှိခဲ့တာလို့ ပြီးခဲ့တဲ့သီတင်းပတ်က ခုခံပြောဆိုခဲ့ပြီး အဲဒီအမှုတွေကို သူမကျူးလွန်ခဲ့ကြောင်း အဲဒီရှေ့နေက ငြင်းဆိုပါတယ်။

အဲဒီငွေကို ဘယ်ကနေယူပြီး ပေးလဲဆိုတာကို သူမသိဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ နာဂျစ်ဘက်ကနေ ကာကွယ်ပေးခဲ့တဲ့အတွက် သိက္ခာချခံရသလို ဖြစ်နေတယ်လို့လည်း အဲဒီရှေ့နေက ပြောပါတယ်။

- မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ရှေ့နေ မိုဟာမက်ရှဖီး အဗ္ဗဒူလာ စက်တင်ဘာလ ၁၃ ရက်နေ့က တရားရုံးသို့ ရောက်ရှိလာစဉ်။

RFA Burmese
https://www.facebook.com/rfaburmese