မုံရွာ၊ စက်တင်ဘာ ၁၂၊ ၂၀၁၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မင်းတည်ရွာညွင် စက်တင်ဘာ ၁၀ရက်နေ့ညက ကလေးသူခိုးအထင်ဖြင့် ၀ိုင်းရိုတ်မီးရှို့အလောင်းဖျောက်မှုအား ပါဝင်သူများကိုဖော်ထုတ်အရေးယူရန် ရဲတပ်ဖွဲ့သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မှ မှာကြားခဲ့ကြောင်း သတင်းရရှိသည်

စက်တင်ဘာ ၁၀ ရက်နေ့ ည ၈နာရီမတ်တင်းအချိန်ခန့်က အသားမည်းမည်း ပိန်ပိန် နှင့်လူတစ်ဦးသည် ကျေးရွာ၏ အနောက်ဖျားနေအိမ်မှ ၁၆နှစ်အရွယ်ကလေးမတစ်ဦးနှင့်လမ်းတွင် ထိပ်တိုက်တိုးပြီး ဖမ်းဆီးရန်ကြိုးစားရာ ထွက်ပြေးခဲ့ပြီး မိခင်မှ အော်ဟစ်အကူညီတောင်းရာ ကျေးရွာလူထုမှ လိုက်လံဖမ်းဆီးကာ ၀ိုင်းရိုတ်ရာမှ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းရွာသို့ ၀န်ကြီးချုပ်ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့အား အထူးမှာကြားမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမှန်တကယ် ကလေးသူခိုးဟု ယူဆ၍ မရကြောင်း ၊ယင်းဒေသတွင်အခင်းမဖြစ်မီကတည်းက ကလေးသူခိုးများ ရောက်နေသည်ဟု သတင်းများ ပြန့်နှံ့နေပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် လူတစ်ဦးမှ တမင်ကြံဆောင်အားထုတ်ရာမှ ယင်းကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု စစ်ဆေးရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“ဟိုကောင်က ကြောက်ကြောက်နဲ့ပြေးရင်း ရွာအနားရေစပ်မှာမိတယ်၊ ၀ိုင်းရိုတ်ကြရင်း လက်လွန်သွားတော့ သစ်ကိုင်းခြောက်တွေနဲ့ ရွာသချိုင်းမှာ မီးရှို့လိုက်ကြတာ။ သူမသေခင် ကြည်နိုင်လို့ ပြောသွားတာပဲ သိရတာ။ ဘယ်ကလာတဲ့သူ ဘယ်သူလည်းဆိုတာ ရုပ်လည်း မသိလိုက်ရဘူး” ဟု ၄င်းအရာရှိက ပြောသည်။

ယင်းဖြစ်စဉ်အား ကျေးရွာလူငယ်အချို့မှ ဖုန်းဖြင့်ရိုတ်ထားသူများ ရှိသော်လည်း ရဲတပ်ဖွဲ့မှ ရွာသို့ လာရောက်စစ်ဆေးစဉ် ကြောက်လန့်ကာ ဖျက်ပစ်သူများရှိသည်ဟု စုံစမ်းသိရှိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/pg/CNMyanmar