နေပြည်တော်၊ စက်တိုဘာ ၁၁၊ ၂၀၁၈။

စက်တင်ဘာလ ၈ ရက်နေ့က နေပြည်တော် အချုပ်ထောင်ရှိ အကျဉ်းသားတစ်ဦးကို ရေသန့်စက်ရုံ တည်ဆောက်ရေးဘက်မှ အပြန်တံခါးကြီးအတွင်း ရှာဖွေရေးပြုလုပ်ရာ၌ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းအကျဉ်းသားသည် ပုဒ်မ ၃၆၃/၃၇၉ နဲ့ ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ ဖြစ်ပြီး စအိုအတွင်း၌ WY စာတမ်းပါ ဆေးပြား ၁၀၀ နှင့် အစိမ်းရောင် ဆေးပြား ၁ တို့အား တိတ်အမည်းဖြင့် ပတ်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ရှာဖွေဖမ်းဆီးရမိမှုကြောင့် အရေးယူဆောင်ရွက်နိုင်ရန် မူးယစ်တပ်ဖွဲ့ (၁၀၁) နေပြည်တော်မှ အမှတ် (၇) နယ်မြေရဲစခန်းသို့ မူးယစ် (ပ) ၁/၂၀၁၈၊ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar