နေပြည်တော် စက်တင်ဘာ ၁၁

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန် (၁)ရှိ ဟိုတယ်၌ တည်းခိုနေသော ဧည့်သည် ထံမှ ပိုက်ဆံများခိုးယူသော ဟိုတယ်ဝန်ထမ်း အား ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ဟိုတယ်ဇုန်(၁)ရှိ NIRVANAဟိုတယ် မှ မန်နေဂျာဖြစ်သူ ဦးအာကာစိုးက ဒက္ခိဏသီရိ မြို့နယ် ဧည့်ဂေဟာရဲစခန်းသို့ လာရောက် တိုင်တန်းသည်မှာ ယင်းဟိုတယ်အခန်းအမှတ် ၂ဝ၇ နှင့် ၁၁၃ တို့တွင် တည်းခိုနေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦးတို့က ¤င်းတို့၏အခန်းအတွင်း ထားရှိသော့ $ ၂ဝဝ ၊ ထိုင်းဘတ် ၂ဝဝဝ ၊ မြန်မာ ငွေကျပ် ၃၉ဝဝဝဝ တို့ ပျောက်ဆုံးသည့်အတွက် စုံစမ်း ဖော်ထုတ်ပေးပါရန် တိုင်တန်းချက်အရ ဒက္ခိဏ သီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်၊ ဧည့်ဂေဟာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးလွင်၊ ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ် လွင်နောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက NIRVANA ဟိုတယ်သို့ သွားရောက်ခဲ့ပြီး ဟိုတယ်ရှိ CCTVမှတ်တမ်းများအား စစ်ဆေး ခဲ့ရာ မသင်္ကာသူများဖြစ်သော အဆိုပါ ဟိုတယ် သန့်ရှင်းရေးဝန်ထမ်း မသန်းသန်းညိုနှင့် ¤င်း၏ ခင်ပွန်း သိန်းမင်းထိုက်(ခ)ကိုထိုက်တို့အား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ¤င်းတို့ နှစ်ဦးအား ဧည့်ဂေဟာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS