“Luxury ပိုကြိုက်တယ်”
“Luxury ပိုကြိုက်တယ်”



ဒီတစ်ပတ်ရဲ့  Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ခြူးပန်းနွယ်နဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားနဲ့ပတ်သက်တဲ့ အမေးအဖြေလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
CPN : လက်ရှိ ညီမ Corolla (Axio) ရယ်၊ Belta ရယ် စီးနေပါတယ်။ မော်ဒယ်လ်တွေတော့ မသိဘူး။ 

Voice : ဝယ်ထားတာရော ကြာပြီလား ညီမ။
CPN : တစ်နှစ်တော့ မပြည့်သေးဘူးရှင့်။ 

Voice : ဒီကားလေးဝယ်ဖြစ်သွားပုံလေး ပြောပြပေးပါ။
CPN : အရင်က Ipsum ရယ် Belta ရယ် စီးတာ။ နောက်တော့ Ipsum လေး ပြန်ရောင်းလိုက်ပြီး ဒါလေးဝယ်ဖြစ်သွားတာ။ ဒါလေးကျ မိန်းကလေးနဲ့လည်း လိုက်တယ်။ Belta က အင်ဂျင်ပါဝါသေးတော့ ဟိုင်းဝေးတွေ၊ ဘာတွေ သွားလို့အဆင်မပြေဘူး။ နယ်တွေဘာတွေ ကားရိုက်သွားမယ်ဆို ပစ္စည်းလည်း များများဆံ့အောင်၊ လူလည်း များများဆံ့အောင်ဆိုပြီး ဒီကားလေးဝယ်လိုက်တာ။ 

Voice : ညီမအနေနဲ့ Luxury နဲ့ Sport Type တွေဆို ဘယ်လိုကားအမျိုးအစားတွေ သဘောကျလဲ။ 
CPN : မိန်းကလေးဆိုတော့ Luxury ပိုကြိုက်တယ်။ 

Voice : ပြိုင်ကားလှလှလေးတွေဆိုရင်ရော သဘောကျမိလား။
CPN : ညီမက ကားဆို ကားကြီးတာတွေ ပိုကြိုက်တယ်။ အိမ်မှာက အမေနဲ့ရယ် ဝန်ထမ်းညီမလေးတွေရယ်နဲ့ ခရီးတွေဘာတွေ ထွက်တဲ့အခါကျ ကားကြီးတာက ပိုပြီးတော့ အသုံးဝင်လို့။ နောက်ပြီး ကားထဲမှာပဲ အင်္ကျီလဲတာဘာညာလည်း အဆင်ပြေတယ်။ 

Voice : ဒါဆို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်သင့်တယ်၊ သင့်တော်တယ်ထင်လို့ ဝယ်ဖြစ်သွားတာလား။
CPN : ဟုတ်တယ်ရှင့်။ ပစ္စည်းဆံ့တာလည်းပါတယ်။ ကိုယ်ကလည်း အရှေ့မှာ Ipsum စီးဖူးပြီးပြီးသားဆိုတော့ ဒါလေးလဲဖြစ်သွားတာ။

Voice : ဒီကားမှာ ညီမအကြိုက်ဆုံးအချက်က ဘာတွေရှိလဲ။ 
CPN : လူများများဆံ့တယ်။ ခရီးဝေးသွားလို့ကောင်းတယ်။ ပြီးတော့ ကားမောင်းရတာလည်း အဆင်ပြေတယ်။ 

Voice : ကားထဲမှာ ဘယ်လိုကားအမျိုးအစားတွေဆို စီးချင်တယ်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိလား။
CPN : ညီမက ကားလှလှလေးတွေ သဘောကျတယ်ဆိုပေမယ့် တချို့ကားတွေက အမြင်ပဲလှပြီး အတွင်းပိုင်းကျ အရမ်းကျဉ်းနေတာမျိုးတွေ၊ ပစ္စည်းသိပ်မဆံ့တာတို့၊ လူသိပ်မဆံ့တာတို့ဆို မကြိုက်ဘူး။ ညီမတို့ကျ ကိုယ်တစ်ယောက်တည်း စီးတာမဟုတ်တော့ ရှုတင်သွားရင် အမေပါမယ်။ ဝန်ထမ်းလေးတွေပါမယ်။ မိတ်ကပ်ဆရာပါမယ်ဆိုတော့ ကားကြီးလေ ပိုကောင်းလေပဲ။

Voice : ခရီးဝေးသွားမယ်ဆိုရင် ကားကို ဘာတွေစစ်သွားလေ့ရှိလဲ။ 
CPN : ခရီးသွားတော့မယ်ဆို ကားဘီးစစ်တယ်။ လေချိန်တယ်။ အောက်ပိုင်းစစ်တယ်။ နောက် အင်ဂျင်ဝိုင်တို့၊ ဂီယာတို့ အကုန်စစ်ပြီးမှပဲ သွားဖြစ်တယ်။
 
ခိုင်ချယ်ရီထွန်း