ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ မိတ္တူထုတ်ခြင်း၊ နေရပ်ပြောင်းလဲခြင်း၊ နယ်ဝင်နယ်ထွက်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အမျိုးအစားတစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းတို့အတွက် ဆောင်ရွက်ရသည့် လုပ်ငန်းများအလိုက် အခကြေးငွေများကို အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ယခင်ထက် ၁၀ ဆကျော် တိုးမြှင့်လိုက်သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ မိတ္တူထုတ်ခြင်း၊ နေရပ်ပြောင်းလဲခြင်း၊ နယ်ဝင်နယ်ထွက်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အမျိုးအစားတစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းတို့အတွက် ဆောင်ရွက်ရသည့် လုပ်ငန်းများအလိုက် အခကြေးငွေများကို အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ယခင်ထက် ၁၀ ဆကျော် တိုးမြှင့်လိုက်သည်။ 



“ပြည်သူအပေါ် အရင်ကထက် ၁၀ ဆပိုတဲ့ဝန်ဆောင်မှု ပြန်ပေးနိုင်မှာလား”

ကိုဟိန်းလင်းထွန်း (အစိုးရဝန်ထမ်း )

ကျွန်တော်က “ခ” လိုင်စင် ကိုင်ထားတာပါ။ အခုပြင်ဆင်လိုက်တဲ့ ယာဉ်မောင်း လိုင်စင်နှုန်းထားအပေါ် ဘယ်လိုမြင်လဲဆိုတာကို သေချာပြောရရင် သူတို့က ၁၉၉၇ တုန်းကဈေးနှုန်းမို့ တိုးကောက်တာဆိုရင် ၁၉၉၇ တုန်းက ကုန်ဈေးနှုန်းနဲ့ရော ချိန် ကြည့်သေးလား မေးစေချင်တယ်။ လစာ တွေ တိုးတယ်လို့ပြန်ပြောရင် ၁၉၉၇ တုန်း က လစာရယ်၊ အဲဒီတုန်းက ကုန်ဈေးနှုန်း ရယ်၊ အဲဒီတုန်းက လိုင်စင်ခွန်ရယ် ၃ ခုကို အချိုးချကြည့်ပါ။ အခုထိ အစိုးရဝန်ထမ်း အများစုက လစာကို တစ်သိန်းခွဲကနေ သုံးသိန်းဝန်းကျင်အထိပဲ ရကြတာများ ပါတယ်။ လိုင်စင်ကြေးနဲ့ပတ်သက်ပြီး ယာဉ် လက်ဝယ်ရှိတဲ့သူ၊ ဝယ်နိုင်တဲ့သူတွေအဖို့ ပြဿနာမရှိပေမယ့် လုပ်ငန်းသဘောအရ လိုင်စင်အမြင့်လုပ်ထားရတဲ့ လူတွေအဖို့ ဘယ်လိုပြန်တွက်ကြမလဲ။ လိုင်စင်ကြေးတိုးမြှင့်တဲ့အတွက်ရော ကညနကနေ အခွန်ထမ်းပြည်သူအပေါ် အရင်ကထက် ၁၀ ဆပိုတဲ့ဝန်ဆောင်မှု ပြန်ပေးနိုင်မှာလား။ ၁၀ ဆကျော်ပေးပြီး အရင်ကလိုပဲ တစ်နေကုန်တန်းစီ၊ လူတွေအုံခဲနေတဲ့ကြား ကတိုးဝှေ့ပြီး ဦးစီးရုံးကို မျက်နှာငယ်နဲ့ ဝင်နေရတုန်းဆိုရင်တော့ သိပ်အဆင်မပြေလှဘူး။ အခုက လမ်းကြေး၊ တံတားကြေးဆိုရင် အရင်ကထက် ပိုဆိုးလာတယ်။ တိုးဂိတ်နဲ့ ၁ မိုင်ကျော်ပဲဝေးတဲ့နားမှာ ဘီး ခွန်တွေ၊ မြို့ဝင်ကြေးတွေ ကောက်သေးတယ်။ ဆိုလိုချင်တာက အခွန်ကောက်ပြီးရင် အခွန်ထမ်းတဲ့ပြည်သူအပေါ် ထိုက်တန်တဲ့ ဝန်ဆောင်မှုပေးပါ။ အခွန်ကို ၁၀ ဆ တိုးမြှင့် မယ်ဆိုရင်လည်း ပြည်သူကတော့ ပေးရမှာပါပဲ။ ပေးဖို့က ပြည်သူ့တာဝန်ပါ။ ဒါပေမဲ့ အခွန် ၁၀ ဆဖြစ်ရင် ဝန်ဆောင်မှု ၁၀ ဆဖြစ်ဖို့က အခွန်ကောက်တဲ့အစိုးရတာဝန်ပါလို့ ပြောချင်ပါတယ်။



“သက်တမ်းတိုးတဲ့အခါ မပေးလို့လည်းမရတော့ ပေးရမှာပဲ။ မကုန်သင့်ဘဲ ကုန်တယ်လို့မြင်တယ်”

ကိုအောင်မျိုးသန့် (ကိုယ်ပိုင်ယာဉ်မောင်း)

ကျွန်တော်က “င” လိုင်စင်အနီ ကိုင်ထားတယ်။ ၁၀ ဆဆိုတော့ တော်တော်များတယ်။ အခုတိုးရင် ခုနစ်သောင်းခွဲက များတယ်။ များတယ်ဆိုပေမယ့် မတိုးရင်လည်းမဖြစ်တော့ တိုးရမှာပါပဲ။ အရင် ကောက်ခဲ့တာထက် သုံးဆ၊ ဒါမှမဟုတ် ငါးဆဆိုရင် လူတိုင်းလက်သင့်ခံနိုင်မယ်လို့ မြင်တယ်ဗျ။ အခုလို ဘာလို့အများကြီး တိုးသွားလဲဆိုတာ နားမလည်နိုင်ဘူး။ အခုသက်တမ်းသွားတိုးရင် အဆင်မပြေတာတော့ မရှိပါဘူး။ အရင်ကထက်စာရင်တော့ အများကြီးအဆင်ပြေလာတယ်။ ပွဲစားတွေဘာတွေတော့ ရှိတယ်။ ဒါပေမဲ့ အရင်ကထက် လိုင်စင်သက်တမ်းတိုးလုပ်ရတာက ပိုပွင့်လင်းမြင်သာမှုရှိလာတော့ ကိုယ်တိုင်ပဲအေးဆေးလုပ်လို့ရပါတယ်။ အခုလို ရုတ်တရတ်ကြီး ၁၀ ဆတိုးမြင့်သွား တာ မဖြစ်သင့်ပါဘူး။ များလွန်းတယ်လို့ မြင်ပါတယ်။ ဖြည်းဖြည်းချင်း သွားရင်တော့ လက်ခံကြမှာပါ။ ခုက ၁၀ ဆဆို တော့ ယာဉ်မောင်းတွေလည်း အံ့ဩကြ မှာပဲ။ အခုလိုတိုးမြှင့်လိုက်တဲ့အတွက် ယာဉ်မောင်းတွေအတွက် အခက်အခဲကတော့ သက်တမ်းတိုးတဲ့အခါ မပေးလို့ လည်းမရတော့ ပေးရမှာပဲ။ မကုန်သင့်ဘဲ ကုန်တယ်လို့မြင်တယ်။ တာဝန်ရှိသူတွေ အပေါ် ဘာပြောချင်လဲဆိုရင်တော့ အခုလို တိုးကောက်လိုက်လို့ ရလာတဲ့အခွန်ငွေတွေ ကို အကျိုးရှိရှိအသုံးချပြီး ပြည်သူတွေကို အခုထက် အဆ ၁၀ ဆ ကောင်းမွန်တဲ့ Service ပြန်ပေးနိုင်ပါစေလို့ ပြောချင်ပါတယ်။

ခိုင်ချယ်ရီထွန်း