Heinrich Boll ဖောင်ဒေးရှင်းက ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters/ Ph.D Degree ဖြစ်သည်။ နှစ်စဉ် မတ်လ ၁ ရက်နေ့တွင် လျှောက်လွှာပိတ်ပါသည်။


Heinrich Boll ဖောင်ဒေးရှင်းက ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters/ Ph.D Degree ဖြစ်သည်။ နှစ်စဉ် မတ်လ ၁ ရက်နေ့တွင် လျှောက်လွှာပိတ်ပါသည်။

ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်ပင် သင်တန်းစတင်မည်ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ နိုင်ငံတော်က အသိအမှတ်ပြုထားသော တက္ကသိုလ်များတွင် တက်ရောက်ရမည်ဖြစ်သည်။

Heinrich Boll ဖောင်ဒေးရှင်းဆုသည် နိုင်ငံတကာ ကျောင်းသားများအား သတ်မှတ်ထားသည့် ဝင်ခွင့်စာမေးပွဲ အောင်မြင်လျှင် ပညာဆက်သင်ခွင့် ပေးမည်ဖြစ်သည်။ အရေအတွက် မည်မျှခေါ်မည်ကို ဖော်ပြမထားပါ။

ဂျာမနီနိုင်ငံတွင် ပညာလာရောက်သင်ကြားဖူးခြင်း မရှိသေးသည့် EU နှင့် EU အဖွဲ့ဝင်မဟုတ်သော နိုင်ငံများက ကျောင်းသားများကို ခေါ်ယူမည့် အစီအစဉ်လည်းဖြစ်သည်။

Master Degree အတွက် EU အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများမှ ကျောင်းသားများအတွက် တစ်လလျှင် ထောက်ပံ့ကြေးအဖြစ် ယူရို ၈၅၀ ရရှိမည်ဖြစ်သည်။ အခြားသီးခြားခံစားခွင့်များကိုလည်း ပေးမည်ဖြစ်သည်။ ထောက်ပံ့ကြေးကို သတ်မှတ်ချက်ကာလဖြင့် ခံစားခွင့်ရှိသည်။ တစ်နှစ်ပြီးမှ နောက်တစ်နှစ်ထပ်ပေးသည်။

Ph.D Degree အတွက် EU အဖွဲ့ဝင်နိုင်ငံများက မဟုတ်သည့် ကျောင်းသားများအား တစ်လလျှင် ယူရို ၁၀၀၀ ထောက်ပံ့ပါသည်။ အခြားသီးခြားခံစားခွင့်များကိုလည်း ထုတ်ပေးသည်။ ပညာသင်ဆုကို ၂ နှစ်သာ ထုတ်ပေးမည်ဖြစ်ပြီး နှစ်ဝက်တစ်ကြိမ် ထပ်မံလျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားရာတွင် -
- သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် Master သို့မဟုတ် Ph.D ဘွဲ့ကို ဆက်ယူနိုင်မည့် ပညာအရည်အချင်းများနှင့် ပြည့်စုံအောင်မြင်ခဲ့သူများ ဖြစ်ရန်လိုသည်။
- Ph.D ဘွဲ့အတွက် လျှောက်ထားသူများသည် ဂျာမနီနိုင်ငံက သတ်မှတ်ထားသည့် ဝင်ခွင့်အောင်မြင်မှုနှင့်အတူ လျှောက်လွှာကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
- Ph.D အတွက် ဖောင်ဒေးရှင်းက သတ်မှတ်ပြဋ္ဌာန်းထားသော သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။

လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့် သတ်မှတ်ချက်များအတိုင်း၊ သတ်မှတ်ကာလမတိုင်မီ အရောက်တင်သွင်းကြရမည်ဖြစ်သည်။ အသေးစိတ်ကို https://www.boell.de/en/scholarships-application နှင့် ဂျာမနီနိုင်ငံ ပညာတော်သင်ဆုအတွက် ပြဋ္ဌာန်းထားသည့် http://www.scholars 4dev.com/category/country/europe-scholarships/germany-scholarships/ တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01