Chevening Scholarships သည် ဗြိတိန်အစိုးရ၏ နိုင်ငံတကာမှ ကျောင်းသားများအတွက် ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters Degree ဖြစ်ပြီး Foreign and Commonwealth Office (FCO) ၏ အထောက်အပံ့ဖြင့် ပေးအပ်မည့် ပညာသင်ဆုလည်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ခေါင်းဆောင်နိုင်မှုအရည်အသွေး ပြည့်ဝသူများ ပေါ်ထွက်လာရန်ရည်ရွယ်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးမည့် ပညာသင်ဆုလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်သည်။ 

ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားရမည်ဖြစ်ပြီး အချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသား ၁၅၀၀ ခန့်ကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုရရှိသူများကို ကျူရှင်ကြေး၊ လစဉ်နေထိုင်စားသောက်စရိတ်၊ လေယာဉ်စရိတ်စသည်များ လုံလောက်စွာ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ 

လျှောက်ထားသူများသည်

- Chevening-eligible နိုင်ငံများမှ နိုင်ငံသားများ ဖြစ်ရန်လိုပါသည်။

- ပညာသင်နှစ် ၂ နှစ်ကုန်ဆုံးလျှင် မိမိတို့နိုင်ငံများသို့ ပြန်ရပါမည်။

- ဗြိတိန်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ရန်အတွက် မိမိတို့နိုင်ငံများမှ ဘွဲ့တစ်ခုခုကို ရရှိလာသူများဖြစ်ရမည်။

- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိလာရမည်။

- အင်္ဂလိပ်စာစစ်ဆေးမှုကို ခံယူရမည်။

- လျှောက်လွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မတိုင်မီ လျှောက်ထားရမည်။

အသေးစိတ်ကို http://www.chevening.org/, http://www.scholars4dev.com/category/ country/europe-scholarships/uk-scholarships/ တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01