Wells Mountain Foundation က ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Bachelor’s Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လျှောက်လွှာများကို နောက်ဆုံးတင်သွင်းရမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများ လျှောက်ထားနိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာပင် သင်တန်းစတင်မည် ဖြစ်သည်။


Wells Mountain Foundation က ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Bachelor’s Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လျှောက်လွှာများကို နောက်ဆုံးတင်သွင်းရမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများ လျှောက်ထားနိုင်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာပင် သင်တန်းစတင်မည် ဖြစ်သည်။

ဤပညာသင်ဆုသည် Wells Mountain Foundation အနေနှင့် မိမိတို့နိုင်ငံ တက္ကသိုလ်များတွင်သာမက အိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များတွင်ပါ ပညာသွားရောက်သင်နိုင်မည့် အခွင့်အရေးကို ပေးအပ်ထားသည်။ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ရည်ရွယ်ထားသဖြင့် ပညာသင်ဆု ရရှိထားသူတိုင်းသည် တစ်နှစ်လျှင် အနည်းဆုံး နာရီ ၁၀၀ ခန့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးရမည်ဖြစ်သည်။ မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်များကို ကိုယ့်နိုင်ငံအတွင်း၌ဖြစ်စေ၊ အခြားနိုင်ငံ၌ဖြစ်စေ ရွေးချယ်နိုင်သည်။

ပညာသင်ကြားရာတွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးကို ဦးတည်ထားသောကြောင့် medicine & health sciences, community development, law, education, social work, business, information technology, agriculture and engineering ဘာသာရပ်များကို သင်ကြားခွင့်ပေးမည်ဖြစ်သည်။

ခေါ်ယူမည့် အရေအတွက်မှာ တစ်နှစ်လျှင် ၂၀ မှ ၄၀ အတွင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

ဤပရိုဂရမ်အတွက် ထောက်ပံ့ကြေးမှာ ဒေါ်လာ ၃၀၀ မှ ၃၀၀၀ ဖြစ်ပါသည်။ နှစ်စဉ်ထောက်ပံ့ပြီး ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ပျမ်းမျှ အနည်းဆုံး ဒေါ်လာ ၁၄၀၀ ခန့် ခံစားခွင့်ရှိပါသည်။ 

လျှောက်ထားသူများသည်
- အထက်တန်း သို့မဟုတ် တက္ကသိုလ်ဝင်တန်းအဆင့် စာမေးပွဲများကို အောင်မြင်ပြီးဖြစ်ရမည်။
- မိမိနိုင်ငံ သို့မဟုတ် အခြားဖွံ့ဖြိုးဆဲနိုင်ငံများက တက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားနိုင်ရမည်။
- ဘွဲ့ရပြီးလျှင် မိမိနိုင်ငံသို့ပြန်ကာ လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်ရမည်။
- လူမှုအကျိုးပြုလုပ်ငန်းများကို သတ်မှတ်ထားသည့်အတိုင်း မိမိပညာသင်ယူနေသည့် နိုင်ငံများတွင် လုပ်ဆောင်ပေးနိုင်ရမည်။
- မိမိတို့ပညာရေးအတွက် အပိုဆောင်းငွေများ လိုကောင်းလိုနိုင်ပါသည်။ သို့သော် ပညာသင်ဆုမရဘဲ ကျောင်းတက်ခွင့်မရှိပါ။

လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်မီ အွန်လိုင်းကတစ်ဆင့် လျှောက်ထားကြရန်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://www.wellsmountainfoundation. org/our-programs/scholarships/

E-01