ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် အသင်းရလဒ်များ ဆက်တိုက်ဆိုးရွားကာ တန်းဆင်းရမည့်အန္တရာယ်ကို စိုးရိမ်လာရသည့်အတွက် နည်းပြပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦးခန့်အပ်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ မတ် ၁၃

ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် အသင်းရလဒ်များ ဆက်တိုက်ဆိုးရွားကာ တန်းဆင်းရမည့်အန္တရာယ်ကို စိုးရိမ်လာရသည့်အတွက် နည်းပြပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦးခန့်အပ်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် နယူးကာဆယ်က ဆောက်သမ်တန်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အရေးပေါ်ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးတစ်ရပ်ခေါ်ယူ၍ ပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့် နည်းပြသစ်ခန့်အပ်မှုကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်းလည်း ဆောက်သမ်တန်အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

ဆောက်သမ်တန်သည် နည်းပြ ပယ်လီဂရီနို၏ဦးဆောင်မှုအောက်တွင် နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ၌ နိုင်ပွဲတစ်ပွဲတည်းသာ ရှာဖွေရရှိခဲ့ပြီး တန်းဆင်းရနိုင်သည့်အခြေအနေကို ရင်ဆိုင်ကြုံဆုံလာရသည့်အတွက် ပယ်လီဂရီနိုကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦးခေါ်ယူခန့်အပ်ရန် ဆောက်သမ်တန်က အရေးပေါ် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

ဆောက်သမ်တန်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ၌ နည်းပြပူအယ်လ်ကို ရာထူးထုတ်ပယ်ကာ ပယ်လီဂရီနိုကို အစားထိုးတာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပြီး ပယ်လီဂနိုကို ရာထူးထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်အပြီးတွင် လက်ထောက်နည်းပြ ကွမ်ပတ်ဂ်ျနတ်ဆီနှင့် အခြားသော နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သည့် တာမာရစ်တို့မှာလည်း ရာထူးနုတ်ထွက်ရန် အသီးသီး ဆုံးဖြတ်သွားခဲ့ကြောင်း ဆောက်သမ်တန်က ဆက်လက်အသိပေးထားသေးသည်။

ဆောက်သမ်တန်သည် ရာသီသိမ်းပွဲစဉ်ရှစ်ပွဲတွင် ၀က်စ်ဟမ်း(အဝေး)၊ အာဆင်နယ်(အဝေး)၊ ချယ်လ်ဆီး(အိမ်)၊ လက်စတာ(အဝေး)၊ ဘုန်းမောက်(အိမ်)၊ အဲဗာတန်(အဝေး)၊ မန်စီးတီး(အိမ်)၊ ဆွမ်ဆီး(အဝေး)တို့နှင့် ကစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် ၀ီဂန်နှင့်ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အမီ နည်းပြသစ်ခန့်အပ်နိုင်ရန် ရည်မှန်းထားကြောင်း ဆောက်သမ်တန်က ထုတ်ပြန်ကြေညာထားသည်။