မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုတစ်လျှောက် အခက်ခဲဆုံးဖြစ်လာမည့် ဘောလုံးရာသီစတင်ပြီဟု လက်စတာနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထည့်သွင်းပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ချက်စတာ၊ သြဂုတ် ၁၀

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုတစ်လျှောက် အခက်ခဲဆုံးဖြစ်လာမည့် ဘောလုံးရာသီစတင်ပြီဟု လက်စတာနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထည့်သွင်းပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ဒါရိုက်တာဘုတ်အဖွဲ့တာဝန်ရှိသူများက အသင်းအတွက် ကစားသမားသုံးဦးသာ ခေါ်ယူအင်အားဖြည့်တင်းပေးခဲ့သည်ကို အလွန်အမင်း ဒေါသပေါက်ကွဲနေပြီး ၎င်းအနေနှင့် အဓိကခေါ်ယူခြင်းအဖြစ် ဖရက်ဒ်တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ခဲ့သည်ဟု မော်ရင်ညိုက မကျေမနပ် ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် အနိမ့်ဆုံးအဖြစ် အသင်းအတွက် ဗဟိုခံစစ်မှူးတစ်ဦးခေါ်ယူပေးပါရန် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုမှုကို အသင်းတာဝန်ရှိသူများဘက်က အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့သည့်အချက်က အသင်းအပေါ် ကြီးစွာသော ရိုက်ခတ်မှုများ ရှိလာလိမ့်မည်ဟုလည်း မော်ရင်ညိုက မှတ်ချက်ပေးအပ်ထားသည်။

မော်ရင်ညိုသည် ရာသီကြိုခြေစမ်းပွဲများတွင် အသင်းအဓိကကစားသမားအချို့ ဒဏ်ရာများရရှိခဲ့သည့်အတွက်လည်း အသင်းကို အထိုင်ချရာတွင် အခက်အခဲများရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခဲ့သော ကစားသမားများ၏ကြံ့ခိုင်မှုအခြေအနေမှာလည်း ရာနှုန်းပြည့်စိတ်ချရခြင်း မရှိသေးကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော့်အတွက် တကယ့်ကို စိန်ခေါ်မှုကြီးမားတဲ့ ဘောလုံးရာသီ ရောက်ရှိလာပါပြီ။ နည်းပြဘ၀ဖြတ်သန်းမှုတစ်လျှောက် ဒီဘောလုံးရာသီက အခက်ခဲဆုံးဖြစ်လာပါလိမ့်မယ်။ တကယ့်ကို စိတ်ပျက်စရာပါပဲ။ အသင်းအတွက် ကျွန်တော်က အဓိကအင်အားဖြည့်တင်းမှု ငါးခုလောက် လုပ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေဘက်က လုပ်မပေးနိုင်ခဲ့ပါဘူး။ အသင်းအတွက် အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော့်ဘက်က ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်ပေးသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။