ဥရောပထိပ်တန်းလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ထက်ပို၍ အချိန်ကြာမြင့်စွာ ဂိုးပေါက်ပျောက်သောအသင်းမှာ တစ်သင်းတည်းသာရှိပြီး ယင်းအသင်းမှာ ပြင်သစ်လီဂူးကလပ် ဒီဂျွန်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မက်ဒရစ်၊ အောက်တိုဘာ ၁၀

ဥရောပထိပ်တန်းလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ထက်ပို၍ အချိန်ကြာမြင့်စွာ ဂိုးပေါက်ပျောက်သောအသင်းမှာ တစ်သင်းတည်းသာရှိပြီး ယင်းအသင်းမှာ ပြင်သစ်လီဂူးကလပ် ဒီဂျွန်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ သွင်းဂိုးပျောက်ဆုံးခြင်း အချိန်ပမာဏ ၄၀၉ မိနစ် ရှည်ကြာလာခဲ့ပြီဖြစ်ကာ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို ရင်ဆိုင်ထားရပြီလည်းဖြစ်သည်။

ပြင်သစ်လီဂူးကလပ် ဒီဂျွန်သည် ရီးရဲလ်မက်ဒရစ်ထက် အခြေအနေပိုမိုဆိုးရွားနေကာ ၎င်းတို့၏ပြိုင်ပွဲအရပ်ရပ် ဂိုးပေါက်ပျောက်ဆုံးမှုအချိန်ပမာဏရှည်ကြာမှုကမူ ၄၃၇ မိနစ်ရှိနေပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နည်းပြ လိုပီတီဂွီသည် အသင်းနိုင်ပွဲပျောက်ဆုံးမှုနှင့် ဂိုးပေါက်ပျောက်ဆုံးမှု ရှည်ကြာလာခြင်းကြောင့် ဖိအားများကို ရင်ဆိုင်နေရပြီဖြစ်ပြီး ရှေ့လာမည့်ပွဲစဉ်များတွင် စိတ်ကျေနပ်လောက်ဖွယ်ရာ အနေအထားတစ်ရပ်ကို ပုံဖော်ပေးနိုင်ခြင်း မရှိခဲ့ပါက လိုပီတီဂွီကို ရာထူးထုတ်ပယ်ရန် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများက စီစဉ်ကြတော့မည်ဖြစ်သည်။