ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြ နီကို ကိုဗက်ကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြ ဟောင်း ဇီဒန်းကို အသင်းနည်းပြသစ်အဖြစ် အစားထိုးတာဝန်ပေးအပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မြူးနစ်၊ အောက်တိုဘာ ၁၀

ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြ နီကို ကိုဗက်ကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြ ဟောင်း ဇီဒန်းကို အသင်းနည်းပြသစ်အဖြစ် အစားထိုးတာဝန်ပေးအပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိတွင် နောက်ဆုံးယှဉ်ပြိုင်ထားသည့် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်လေးပွဲဆက်တိုက် ရှုံးပွဲကြုံထားရပြီဖြစ်ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါအမှတ်ပေးပြိုင်ပွဲ၌လည်း ပွဲစဉ်ခုနစ်ပွဲယှဉ်ပြိုင်ပြီးချိန်တွင် အဆင့်ခြောက်နေရာသို့ ကျဆင်းရောက်ရှိနေပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် ရှေ့လာမည့်ပွဲစဉ်များတွင် ရလဒ်များထပ်မံဆိုးရွားခဲ့ပါက ကိုဗက်ကို နည်းပြရာထူးကထုတ်ပယ်လိုက်တော့မည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်လျာထားစာရင်းတွင် ဇီဒန်းနှင့်အတူ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးနှင့် ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန့်တို့လည်း ပါဝင်လျက်ရှိသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းနည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာကို အစားဖြည့်ရန်အတွက် ဇီဒန်းကို ခေါ်ယူနိုင်ရန် ဆန္ဒရှိသော်လည်း ကာယကံရှင် ဇီဒန်းကမူ ၎င်း၏နည်းစနစ်များမှာ ပရီးမီးယားလိဂ်နှင့်ကိုက်ညီမည်မဟုတ်၍ အခြားသောလိဂ်များသို့သာ သွားရောက်တာဝန်ထမ်းဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။