အမေရိကန်ကောလိပ်ကျောင်းသူတစ်ဦးဟာ ကျောင်းပြီးအမှတ်တရဓာတ်ပုံကို သူ့သူငယ်ချင်းတွေနဲ့ရိုက်ခဲ့တာ အင်တာနက်မှာ နာမည်ကြီးနေပါတယ်

အမေရိကန်ကောလိပ်ကျောင်းသူတစ်ဦးဟာ ကျောင်းပြီးအမှတ်တရဓာတ်ပုံကို သူ့သူငယ်ချင်းတွေနဲ့ရိုက်ခဲ့တာ အင်တာနက်မှာ နာမည်ကြီးနေပါတယ်။ သူ့သူငယ်ချင်းတွေက မိကျောင်းကြီးတွေဖြစ်လို့ပါ။ ဘွဲ့ယူဝတ်စုံနဲ့ အတူတွဲရိုက်ထားတဲ့ မိကျောင်းကြီးကတော့ ၁၄ ပေရှည်ပါတယ်။ မက်ကင်ဇီနိုလန်ဆိုတဲ့ မိန်းကလေးဟာ တက္ကဆက် A & M တက္ကသိုလ်ကကျောင်းသူဖြစ်ခဲ့ပြီးတော့ သူကျောင်းပြီးတဲ့ဘာသာရပ်က သားရိုင်းနဲ့ငါးဆိုင်ရာ သိပ္ပံဘာသာရပ်ဖြစ်ပါတယ်။ ကျောင်းတက်နေတုန်းက အလုပ်သင်အဖြစ် သင်တန်းတက်ခဲ့တာတော့ မိကျောင်းနဲ့ အခြားတွားသွားသတ္တဝါတွေကို စောင့်ရှောက်ပေးထားတဲ့ ဗျူးမွန့် ကယ်ဆယ်ရေး စင်တာမှာဖြစ်ပါတယ်။ စင်တာမှာလေ့လာရေးဆင်းနေရင်း Bit Tex လို့အမည်ရတဲ့ မိကျောင်းခေါင်းတိုကြီးနဲ့ မက်ကင်ဇီတို့ဟာ ခင်မင်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမိကျောင်းခေါင်းတိုကြီးရဲ့ အိုင်ထဲကို ကောင်မလေးက ဆင်းလို့ရပြီး အစာလည်း သူပဲ ပုံမှန်ကျွေးခဲ့တာဖြစ်ပါသတဲ့။

F-02