လော့အိန်ဂျလိစ်မှာ အရင်က ပုဆိန်ပစ်အားကစားကို လူသိမများခဲ့ပေမယ့် ခုတော့ ကစားတဲ့သူတွေ အများကြီးရှိလာပြီး ထင်ရှားလာနေပါတယ်

လော့အိန်ဂျလိစ်မှာ အရင်က ပုဆိန်ပစ်အားကစားကို လူသိမများခဲ့ပေမယ့် ခုတော့ ကစားတဲ့သူတွေ အများကြီးရှိလာပြီး ထင်ရှားလာနေပါတယ်။ ရာသီဥတုသာယာတဲ့နေ့တွေမှာ မြောက်ပိုင်းဟောလိဝုဒ်က LA Ax အသင်းသားတွေ စုပြီး ပုဆိန်ပစ်အားကစားကို လေ့ကျင့်ကြပါတယ်။ တစ်ပေါင်ခွဲအလေးချိန်ရှိတဲ့  ပုဆိန်ကို ပစ်မှတ်မှာသွားစိုက်ဖို့အတွက် ပစ်ခတ်ရတာ မလွယ်လှတဲ့အလုပ်ဖြစ်ပါတယ်။ စစချင်း ကစားတဲ့သူတွေအတွက်တော့ အခက်အခဲဖြစ်ရပါတယ်။ ပစ်မှတ်ကို မထိပေမယ့်လည်း ဘေးနံရံသစ်သားပေါ်မှာ စိုက်သွားတာနဲ့တင် အချို့သော ပုဆိန်ပစ်အားကစားသမားအသစ်တွေက ပျော်ရွှင်ကြပါသတဲ့။ ပုဆိန်ပစ်အားကစားသမားတစ်ဦးက နည်းပညာလူ့အဖွဲ့အစည်းမှာ ပုဆိန်ပစ်ကစားနည်းဟာ နည်းပညာအမြင့်တွေ မလိုတဲ့ကစားနည်း ဖြစ်ပါတယ်။ ပုဆိန်ပစ်ခြင်းဟာ လူတွေ သူတို့ဖုန်းကို ဘေးခဏချထားဖို့ကောင်းတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်”လို့ ပုဆိန်ကလပ်က မန်နေဂျာတစ်ဦးဖြစ်သူ ကာလီချာလုန်က ပြောကြားပါတယ်။

F-02