ထိုင်း-မြန်မာနယ်စပ် ရှမ်းအရှေ့ပိုင်း တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနီးရှိ တောင်စောင်းတွင် အောက်တိုဘာ ၉ ရက် ည ၁၀ နာရီခန့်က Vigo ယာဉ်ပေါ်မှ ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ဖမ်းမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကျိုင်းတုံ၊ အောက်တိုဘာ ၁၀

“ဂေါက်ကွင်းလမ်းဆုံမှာ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးနေချိန်မှာ ကားကမရပ်ဘဲ မောင်းပြေးသွားတယ်။ လိုက်လံဖမ်းဆီးတော့ ကားပေါ်ကနေ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ကားကိုထားပြီး ထွက်ပြေးသွားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် Vigo ယာဉ်ပေါ်မှ ကျပ်သိန်း ၂၄၂၀ တန်​ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၂၀၀၀ ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့၍ ထွက်ပြေးလွတ်မြောက်သွားသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16