မြန်မာနိုင်ငံမှ ဆန်ကွဲတန်ချိန် တစ်သိန်းကို တရားဝင်ဝယ်ယူရန်အတွက်တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုလာရောက်ကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဩဂုတ် ၈

မြန်မာနိုင်ငံမှ ဆန်ကွဲတန်ချိန် တစ်သိန်းကို တရားဝင်ဝယ်ယူရန်အတွက်တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုလာရောက်ကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဆန်ကွဲတန်ချိန်တစ်သိန်းကို တရားဝင်ဝယ်ယူရန်အတွက် ဇူလိုင်လတတိယ အပတ်အတွင်းက တရုတ်ကုမ္ပဏီ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး တရားဝင်ရောင်းချနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို တရုတ်နိုင်ငံဘက်က အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

“MoU ထိုးဖို့က သူတို့ဘက်မှာ လုပ်ငန်းစဉ်တွေပြီးလို့ တရားဝင်အကြောင်းပြန်မှ သိရမှာပါ” ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်း၊ လယ်ယာထွက်ကုန်၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံဘက်မှ စိုက်ပျိုးရေး၊ လျှပ်စစ်၊ သံနှင့် သတ္တုပစ္စည်းများကို ပြန်လည်တင်သွင်းမည့် နားလည်မှုစာချွန်လွှာကိုလည်း ဇွန်လအတွင်းက ရေးထိုးရန်စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံ ဗဟိုအစိုးရထံ ပြန်လည်တင်ပြရမည်ဖြစ်သောကြောင့် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ MoU ရေးထိုးပြီးပါက တရုတ်နိုင်ငံသို့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသမှ ဆန်တရားဝင်တင်ပို့နိုင်မည်ဖြစ်ပြီး MoU လက်မှတ်ပြန်လည်ရေးထိုးရန် ဇွန်လအတွင်းက တစ်လခန့်ရွှေ့ဆိုင်းခဲ့ကာ လက်ရှိအချိန်အထိ မရေးထိုးနိုင်သေးခြင်းဖြစ်သည်။

J-11