မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တရုတ်နိုင်ငံမှာ လက်ဖက်ခြောက် တစ်မျိုး ရေပန်းစားလျက် ရှိပါတယ်။
မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တရုတ်နိုင်ငံမှာ လက်ဖက်ခြောက် တစ်မျိုး ရေပန်းစားလျက် ရှိပါတယ်။

ပုံမှန်သောက်ပေးရင် မီးခိုးမြူတွေ ဒဏ်ခံစားနေရတဲ့ အဆုတ်ကို သန့်ရှင်းပေးနိုင်တယ်လို့ ဆိုတဲ့ လက်ဖက်ခြောက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ဆေးဝါးပညာရှင်တွေကတော့ ယင်းလက်ဖက်ခြောက်ဟာ ယုံတမ်းစကားသာ ဖြစ်ပြီး တကယ်တမ်းမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိနိုင်ဘူးလို့ ဆိုထားပါတယ်။

မီးခိုမြူ ကာကွယ်ရေး လက်ဖက်ခြောက်တွေဟာ တရုတ်နိုင်ငံရဲ့ ဆေးဆိုင်တိုင်းပေါ် ရောက်ရှိလျက်ရှိပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပိုပိုဆိုးလာနေတဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ ယုံယုံကြည်ကြည်နဲ့ သောက်သုံးသူတွေလည်း အများအပြား ရှိနေပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ် ဆောင်းတွင်းဆိုရင် လေထုညစ်ညမ်းမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားရလေ့ရှိပြီး နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပိုပြီးဆိုးဆိုးရွားရွား ခံစားရလေ့ ရှိပါတယ်။

Ref : BBC