၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းအချိန်က ပညာရေးလောကမှ နာမည်ရှိသူအချို့ထံဆက်သွယ်ပြီး ၂ဝ၁၆ ခုနှစ်၏ ပညာရေးကဏ္ဍလားရာကို မျှော်တွေးသုံးသပ်ပေးကြပါရန် တောင်းဆိုခဲ့ရာ အများစုက ....

edu

၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းအချိန်က ပညာရေးလောကမှ နာမည်ရှိသူအချို့ထံဆက်သွယ်ပြီး ၂ဝ၁၆ ခုနှစ်၏ ပညာရေးကဏ္ဍလားရာကို မျှော်တွေးသုံးသပ်ပေးကြပါရန် တောင်းဆိုခဲ့ရာ အများစုက ကြီးကြီးမားမားပြောင်းလဲလိမ့်မည်ဟု ဆိုခဲ့ကြသည်။ ထိုသူတို့က ယင်းရက်မတိုင်ခင် ကျင်းပပြီးစီးခဲ့သည့် နိုဝင်ဘာ လ ၇ ရက်နေ့ အထွေထွေရွေး ကောက်ပွဲရလဒ်ကို အဓိကထား အခြေပြုပြီး ထိုစကားကိုဆိုခဲ့ကြ ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က ဆရာ၊ ကျောင်းသား၊ ပညာရေးတက်ြ<ွကသူတို့၏ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြမှုကို အစွမ်းကုန် မလိုက်လျောဘဲ အဆုံးသတ်၌ ဖြို ခွင်းခဲ့သည်။ နောင်လာမည့်အစိုးရသစ်က မူ ထိုသို့လုပ်မည်မဟုတ်။ ယခင် အစိုးရဟောင်းနှင့်မတူ ပြင်ဆင် ပေးရန်တောင်းဆိုသူတို့ကို ရွှေ လက်နှင့်ကမ်းကာ မြန်မာ့ပညာရေးကို ပင်မြင့်ထက်သို့ တင်ပေးလိမ့်မည်ဟုလည်း ၎င်းတို့က ယုံကြည်ခဲ့ကြသေးသည်။ထို့ကြောင့် ပညာရေးပြုပြင် ပြောင်းလဲပေးရန် ၎င်းတို့၏ အစဉ်တစိုက်တောင်းဆိုခဲ့မှု ၂ဝ၁၆ ခု နှစ် နှစ်ဆန်းပိုင်းတွင် ယာယီရပ်နားလိုက်ပြီးစောင့်ဆိုင်းရင်း ရလဒ် ကောင်းကို စောင့်နေကြသည်ကို တွေ့ရသည်။ ဤသည်ကား ၂ဝ၁၆ခုနှစ် ပညာရေး၏ အဖွင့်စာမျက်နှာပေတည်း။

ပညာရေးဝန်ကြီးအသစ်က

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်စိုးမိုးသော ပြည်ထောင်စုလွှတ် တော်က နိုင်ငံတော်သမ္မတအသစ် ကိုတင်မြှောက်ပြီးနောက်ပိုင်း သမ္မ တက အစိုးရအဖွဲ့ဝင် ဝန်ကြီးအ သစ်စာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ပညာရေးဝန်ကြီးဌာနကို ဒေါ် အောင်ဆန်းစုကြည်က အခြား သော ဝန်ကြီးဌာနအချို့နှင့်အတူ ကိုင်တွယ်တာဝန်ယူသွားမည့် အကြောင်း နိုင်ငံကို ကြေညာခဲ့သည်။

ပညာရေး လောကသားများသာမက ပညာရေးအသိုင်းအဝိုင်း၊ ကလေးမိဘများနှင့် ပြည်ပရောက် မြန်မာအများစုကပါ မြန်မာပညာ ရေး၏ရှေ့ရေးကို ကြိုတွေးဝမ်းသာ ခဲ့ကြသည်။ ဝမ်းသာခဲ့မှုက သိပ် မကြာလိုက်။ သမ္မတက ရက်ပိုင်း အနည်းငယ်အကြာ ၂ဝ၁၆ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အစိုးရအဖွဲ့ ဖြည့်စွက် ပြင်ဆင်ဖွဲ့စည်းသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေ ရာ၌ ဒေါက်တာမျိုးသိမ်းကြီးကို အ စားထိုးခန့်အပ်လိုက်သည်။ ပညာ ရေးလောကသားတို့ ‘ဟာ၊ ဟင်’ ဖြစ်ကုန်ကြသည်။ တာဝန်များပြား သည့်အတွက် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ပညာရေးဝန်ကြီး အဖြစ် တာဝန်မယူနိုင်ဘူးဆိုလျှင် တောင် သူမဟုတ်သည့် အခြားသူ တစ်ဦးဦးမရှိဘူးလားဆိုသည့် မေးခွန်းထုတ်သူတို့ပင် ထိုစဉ်က ရှိခဲ့သည်။

ပညာရေးဝန်ကြီး အသစ်သည် ပညာရေးဝန်ကြီးဌာနတွင် ညွှန် ကြားရေးမှူးချုပ်၊ ပညာရပ်ပိုင်းဆိုင် ရာတက္ကသိုလ်တွင်လည်း ပါမောက္ခ ချုပ် စသည်ဖြင့် တာဝန်ထမ်းဆောင် ခဲ့သူ၊ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်၍ အတွေ့အကြုံအရ ကောင်းမွန်သည်ဟု ဆို၍ရနိုင်သော် လည်း ¤င်းသည် အမျိုးသားပညာ ရေးဥပဒေပြင်ဆင်ရေးအတွက် အ ဖွဲ့စုံ ဆွေးနွေးလိုက်တိုင်း မပြင်ဆင် ပေးလိုသည့်ဘက်တွင် အမြဲတမ်းရှိ သူ၊ သဘောထားတင်းမာသူဖြစ်၍ အားလုံးက သူ့ကို သဘောမတွေ့ လှ။ လူသိထင်ရှား ထဝေဖန်သူ၊ ကန့်ကွက်သူတို့ပင် ရှိခဲ့သည်။ သို့ သော်လည်း ဧပြီလ ၈ ရက်နေ့တွင် အစိုးရသစ်က အထူးသဖြင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥပ ဒေကြောင်းနှင့် ကြိုးစားပြီး ကျော် ကိုကို၊ ဇေယျာလွင်၊ ပိုင်ရဲသူ၊ ဖိုး သား၊ ပိုင်ဖြိုးမင်း (ခ) ဒီရေ၊ မင်းသု ကျော်၊ ကိုဝင်းကျော့မှူး အစရှိသည့် ကျောင်းသူ၊ ကျောင်းသားများ သာ ယာဝတီထောင်မှ သပိတ်မှောက် ကျောင်းသားနှင့် ဝန်းရံသူ ပြည်သူ ၇၂ ဦး၊ ရန်ကုန် အင်းစိန် ထောင်မှ ကျောင်းသား ၈ ဦး စုစုပေါင်း ၈ဝ ဦးစလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

နောက်ဆက်တွဲ ရလဒ်အနေ ဖြင့် ပညာရေးဝန်ကြီးအသစ်အ ပေါ်ဝေဖန်သံက တစ်ပါတည်း ငြိမ်သက်သွားသည်။ ဝန်ကြီးအသစ်က လည်း နိုင်ငံရေးနှင့်စီမံခန့်ခွဲမှုကို နားလည်စွာဖြင့် ကျောင်းသားသမဂ္ဂ အဖွဲ့အချို့နှင့်တွေ့ဆုံခြင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့များ ဖွဲ့စည်းခြင်း နှင့်လှုပ်ရှားမှုကို ယခင်ကလောက် မကန့်သတ်တော့ခြင်း၊ ပညာရေး ဆိုင်ရာပြောင်းလဲမှုအချို့ကို ပြုလုပ် ခြင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်း ဝင်းအတွင်း ကျောင်းသားသမဂ္ဂ တည်ဆောက်ရေးတွင် တက်ြ<ွကစွာ ပါဝင်ခြင်း စသည့်လုပ်ရပ်များလုပ် ပြခဲ့သည်။

ပညာရေးရက် ၁ဝဝ စီမံကိန်း အတွင်း ကျောင်းအဆင့်တိုးမြှင့်ရေး မူဝါဒများကို ဖြေလျှော့ပေးပြီး အမ က၊ မူလွန်၊ အလက (ခွဲ)၊ အလက၊ အထက(ခွဲ)၊ အထက စသည့် အခြေခံပညာကျောင်းပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းဖွင့်အမီ တိုး မြှင့်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေး ခဲ့သည်ကို တွေ့ရသည်။နိုင်ငံအတွင်း ကျောင်းဝင် ရောက်မှု မရှိသူများနှင့် ကျောင်း ထွက်စောကြသူတို့ကို အထောက် အကူ ဖြစ်စေမည့် အသက်မွေးဝမ်း ကျောင်း သင်တန်းအချို့ဖွင့်လှစ် ခြင်း၊ ကျောင်းပြင်ပ ပညာရေးဦးစီး ဌာန အသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်လိုက်ခြင်းနှင့် အသက် ၁၅ နှစ်နှင့် အထက် သက်ကြီး စာမတတ်သူ ၃ ဒသမ ၅ သန်းအတွက် ကနဦး ခြေလှမ်းတစ်ရပ်အနေဖြင့် ကယား ပြည်နယ်လုံးကျွတ် စာတတ်မြောက် ရေးလှုပ်ရှားမှု စသည်တို့ကို အ ချိန်တိုအတွင်း လုပ်နိုင်ခဲ့သည့်အ တွက် ဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးသည် နာမည်ကောင်းရလာသည်။

ယင်းအပြင် ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် တစ်ဦး ကို ရာထူးရွှေ့လိုက်နိုင်ခြင်း၊ ဆရာ၊ ဆရာမများ လစာအပြည့်ရစေရန် ဘဏ်နှင့်ချိတ်ဆက်ပြီး လစာပေးမှု အချို့လုပ်ခြင်း၊ ဝါရင့် ကထိကဆရာ၊ ဆရာမများ ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေး၊ ပါရဂူဘွဲ့ မရသေးသောကထိကမှ တွဲဖက် ပါမောက္ခ၊ ပါရဂူဘွဲ့ မရသေးသော တွဲဖက် ပါမောက္ခမှ ပါမောက္ခသို့ ရာထူးတိုးမှု ဖြေလျှော့ရေး စသည် တို့ လုပ်ဆောင်ခဲ့မှုကြောင့်လည်း ¤င်းအနေဖြင့် အမှတ်တက်ခဲ့သည်။

”အရင်တုန်းကတော့ သူ့ကို မပြတ်သားဘူး၊ တွေဝေတတ်သူ လို့ ထင်ခဲ့သူတွေရှိတယ်။ ခုတော့ သံသယတွေကို လုပ်ရပ်နဲ့ သူ ဖြေ ဖျောက်နိုင်ခဲ့တယ်”ဟု အမည် မဖော်လိုသူ ပညာရေးအရာထမ်းတစ်ဦးက ပြောသည်။ သို့သော်လည်း များမကြာမီ ကာလက သူ့ကို တက္ကသိုလ်ဆရာ၊ ဆရာမအချို့ အထူးသဖြင့် ဆရာ၊ ဆရာမ အဖွဲ့ချုပ်ဝင်များက သူ ဆောင်ရွက်ခဲ့သည့် တက္ကသိုလ် ရာထူးအပြောင်းအရွှေ့ကို မမျှတ၊ စည်းမျဉ်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဝေဖန်ခဲ့ကြသည်။ယင်းကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှုသည် ဝန်ကြီးအတွက် ၉ လတာကာလအတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး၊ ထိုကာလ မတိုင် ခင်က အခြေခံပညာကဏ္ဍအတွင်း ကန်ထရိုက်စနစ်နှင့် အထက်တန်း ပြဆရာ၊ ဆရာမများ ခန့်အပ်မည် ဟု ပြောဆိုခဲ့စဉ် အချိန်တုန်းက ပထမဦးဆုံးအကြိမ်အဖြစ် ပြင်း ပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသေးသည်။ ဃသညအမခေအွှနခေ့နမ ဟု ခေါ်သည့် ကန်ထရိုက်စနစ် ဆရာငှားစနစ် သည် ဆရာလုံလောက်မှု မရှိသည့် နိုင်ငံတိုင်းဖြေရှင်းလေ့ရှိသည့် နည်း လမ်းဖြစ်သော်လည်း ဝန်ကြီးဌာန က ဆရာအင်အားလိုအပ်နေမှု ပြဿနာ၊ ဆရာ၊ ဆရာမအဖြစ် အသက်မွေးချင်သူများ နည်းလာရ သည့် အကြောင်းအရင်း၊ ဆရာ၊ ဆရာမများ အလုပ်ထွက်ကြရပုံ စသည်တို့ကို အဖြေရှာပြီး ရေတို ရေရှည်နည်းလမ်းနှင့် မသွားသည့် အပေါ် ဆရာအများစုက ထောက် ပြဝေဖန်ခဲ့ကြသည်။

ဗကသကို လူသစ်တွေနဲ့ အစားထိုး

လွတ်ငြိမ်းဖြင့် လွတ်လာလာ ချင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး တောင်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသား သမဂ္ဂခေါင်းဆောင်အချို့ ပြော ကြားသည့် ဆက်လက်တိုက်ပွဲဝင် မယ် ဆိုသည့် စကားသံကို လူထု က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ သည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို စော်ကားသည်။ ထိပါး သည်ဟုဆိုပြီး သူတို့အဝေဖန်ခံခဲ့ ရသည်။ ကျောင်းသားသမဂ္ဂများ အပေါ်လူထု၏ထောက်ခံမှုက တော် တော်လေး လျော့ကျသွားသည်။ သူတို့က လူထုကို သမဂ္ဂ၏ တာဝန်များအား ရှင်းပြခဲ့ကြပြီး၊ သူတို့၏ ပုံမှန်အလုပ်ကို လုပ်ခဲ့ သည်။ သို့သော်လည်း အမျိုးသား ပညာရေးဥပဒေထဲ ထည့်သွင်းလိုသည့်အချက် ၁၁ ချက်အပေါ် တောင်းဆိုသံက တိတ်ဆိတ်နေ သည်။

မည်မျှအထိ တိတ်ဆိတ်နေ သနည်းဆိုလျှင် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အသစ်ကို ယခင်ဦးဆောင် ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၊ မင်းသွေးသစ်၊ ဖြိုး ဖြိုးအောင် အစရှိသည့် ကျောင်း သားခေါင်းဆောင်များ မပါတော့ သည့် မျိုးဆက်သစ် ကျောင်းသား များနှင့် ပြန်ဖွဲ့စည်းလိုက်သည့် နောက်ပိုင်းအချိန်အထိ ဖြစ်သည်။ ဗကသအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးက ”တောင်းဆိုချက်များ အပြည့်အဝ ရ/မရ၊ ဖော်ဆောင် ပေး/မပေး စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။ ပညာရေး ဝန်ကြီးအသစ်နှင့် တွေ့ဆုံခဲ့သည့်အဖွဲ့များထဲ ပါဝင် ခဲ့သူတစ်ဦးဖြစ်သည့် နိုင်ငံလုံးဆိုင် ရာ ကျောင်းသား သမဂ္ဂအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကိုဇေယျာလွင်က ”အရင် တောင်းဆိုခဲ့တဲ့ ၁၁ ချက် ဒါကို ခုချိန်မှာ ပြန်လည် ဆန်းစစ်ဖို့လိုပြီ။ အချက် ၁၁ ချက် ထဲက အချို့က ချက်ချင်းလုပ်လို့ မရတဲ့ဟာတွေ ရှိတယ်။ ရေရှည် လုပ်ရမှာတွေ ရှိနေပါတယ်၊ ကျွန် တော့်အမြင်မှာတော့ ပညာရေးဟာ ပြောင်းလဲမှုတွေရှိနေပြီ။ ပြောင်းလဲ ဖို့ကြိုးစား နေပြီလို့ မြင်ရလို့ပါ” ဟု ပြောသည်။ အခြေခံမှာရော အဆင့်မြင့် ဘက်မှာရောဟု သူကပြောသည်။

ထူးမခြားနား တက္ကသိုလ်ဝင်ခွင့်နှင့် အကျအရှုံး များသည့်
တက္ကသိုလ်ဝင် စာမေးပွဲ

၈ နှစ်တာ ကာလအတွင်း ၂ဝ၁၆ ခုနှစ်အောင်စာရင်းသည် အောင်မြင်သူ အနည်းဆုံးနှစ်အဖြစ် စာရင်းဝင်သွားသည်။ ဇွန်လ ၁၁ ရက်နေ့က ထုတ် ပြန်လိုက်သော ၂ဝ၁၆ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲ အောင်စာရင်း တွင် ကျရှုံးသူ ၄ သိန်းခွဲကျော် ရှိခဲ့ သည်။ ဖြေဆိုသူ ၆ သိန်း ၃ သောင်း ကျော်တွင် အောင်မြင်သူ အရေအ တွက်က ၁ သိန်း ၉ သောင်းကျော် လေးသာ ရှိသည်။ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အား လုံး အောင်ချက်ရာခိုင်နှုန်းကျခဲ့ပြီး၊ အောင်ချက်ရာခိုင်နှုန်း အဆိုးရွားကျဆင်းသွားသည့်တိုင်းမှာ ဧရာဝ တီတိုင်းဖြစ်သည်။ ဖြေဆိုသူ ၆ သောင်းကျော်တွင် ၁ဝဝဝဝ ကျော် သာ အောင်မြင်ခဲ့သည်။ သည် ကြားထဲ အဆိုးထဲက အကောင်း ဆိုသလို အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ဂုဏ်ထူးရအကျဉ်း သားများ ထွက်ပေါ်ခဲ့သည်။ အင်း စိန် အကျဉ်းထောင် စာစစ်ဌာနမှ နေ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ဖြေသူ ၁၉ ယောက်ရှိခဲ့ရာ ၁၁ ယောက် အောင်မြင်ခဲ့ပြီး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂ ယောက် ထွက်ခဲ့သည်ဟု အင်းစိန်အကျဉ်း ထောင် ဒုတိယတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဌေးက ပြောသည်။ အောင်စာရင်းထွက်ပြီးနောက် တက္ကသိုလ်ဝင်ခွင့် ခေါ်ချိန်မှာလည်း ယခင်နှစ်များကအတိုင်း ပြောင်းလဲ မှု ကြီးကြီးမားမားမရှိခဲ့ဘဲ ဆေး တက္ကသိုလ်က အယောက် ၁ဝဝ ပို ခေါ်ခြင်း၊ ဝေးလံဒေသမှ ကျောင်း သားတို့ကို ဆေးတက္ကသိုလ် ပို တက်ခွင့်ပေးခြင်း စသည့် ပြောင်းလဲမှု အချို့သာရှိခဲ့သည်။ အချို့ သော တက္ကသိုလ်တို့၏ဝင်ခွင့် ခေါ် ယူမှုသည် ယခင်နှစ်ထက်ပင် နည်း ခဲ့သည်ကိုလည်း တွေ့ရသည်။ သို့သော် တက္ကသိုလ် ကောလိပ်လုံးဝမရှိခဲ့သည့် ချင်းပြည်နယ် ဟားခါး၌ ကောလိပ်တစ်ခု ဖွင့် ပေးခဲ့သည့် ထူးခြားဖြစ်စဉ်တော့ ရှိခဲ့သည်။

အခြေခံပညာကဏ္ဍတွင်း KG တန်း ထပ်တိုးမှုနှင့်ရပ်နားခဲ့သည့် ကျောင်း သားအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပ တော့မည့် ၂ဝ၁၆

မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုးညွှန်းတမ်းသစ်ကို ယခုနှစ် ပညာသင်စနစ်ဖြစ်သော၂ဝ၁၆- ၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင် ကြားခဲ့သည်။ အခြား သင်ရိုး ညွှန်းတမ်းသစ်များကိုလည်း ပညာ သင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင် တစ်တန်းစီ ပြောင်း လဲ သင်ကြားပေးသွားမည့် အစီ အစဉ်ကိုလည်း ပညာရေးဝန်ကြီး ဌာနက ယခုနှစ်တွင် စတင်လိုက်သည်။

ယခုနှစ်ဇွန်လမှစကာ စတင် ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်နှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ယင်းအပြင် သုံးနှစ်နီးပါး ရပ်နားထားသည့် ကျောင်းသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့်အနေဖြင့် ပြန်လည်ပြုလုပ်ပေးသွားမည်ဟု ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြော ခဲ့သည်။ လက်ရှိ ပညာသင်နှစ်တွင် သက်တမ်းအလိုက် ဘောလုံး ပြိုင်ပွဲများကို ပုံစံအမျိုးမျိုးနှင့် ကျင်းပပေးနေပြီး အားကစားပြိုင် ပွဲ အမျိုးအစားတိုးချဲ့ကာ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေများနှင့် ကျင်းပသွားမည်ဟု သိရ သည်။

အဖြေလွှာအချို့ မီးရှို့ခံခဲ့ရသည့်နှစ်

လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ်က ဖြစ်ခဲ့သည့် ကလေးနည်းပညာ တက္ကသိုလ်၌ အဖြေလွှာများ ခိုးယူခံရကာ စွန့်ပစ်ခဲ့မှု ဖြစ်စဉ်နှင့် ဆင်တူသည့် ဖြစ်စဉ်တစ်ခု ယခု နှစ်တွင်ဖြစ်ခဲ့သည်။ ကျောက် ဆည် နည်းပညာတက္ကသိုလ်တွင် ဖြစ် သည်။ ကျောင်းသားတစ်ဦးက အဖြေလွှာတို့ကို မီးရှို့ခဲ့သည်။ကလေးတက္ကသိုလ် ဖြစ်စဉ်ကဲ့သို့ ပြုလုပ်သူကို ဖမ်းမမိခဲ့ခြင်းတော့ မရှိ။ ဖမ်းမိခဲ့သည်။ အဆိုပါအမှု နှင့်ပတ်သက်၍ ကျောက်ဆည် နည်းပညာတက္ကသိုလ် ဒုတိယနှစ် Mechanical ကျောင်းသားကို ကျောက်ဆည်မြို့မ ရဲစခန်းမှ (ပ)၆၃၇/၂ဝ၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၃၆ (မီးရှို့မှု) ဖြင့် ဖမ်းဆီး စစ်ဆေးနေသည်။

၂ဝ၁၆ တစ်နှစ်လုံးကို
ခြုံငုံသုံးသပ် ကြည့်လျှင်

၂ဝ၁၆ ခုနှစ်အတွင်း ကြီးကျယ်သည့် ပြောင်းလဲမှုများ မ ဖြစ်ခဲ့ဟု တက္ကသိုလ်ဆရာများ ဖြစ်ကြသည့် ဒေါက်တာစိုင်းခိုင် မျိုးထွန်း၊ ဦးသန်းထိုက်အောင် တို့က သုံးသပ်ကြသည်။ တောင်း ဆိုထားကြသည့် မူဝါဒပြောင်းလဲ ရေး၊ တက္ကသိုလ်များကို လွတ် လပ်ခွင့်ပေးရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ဆိုသည်ကလည်း ဝေးကွာနေသည်ဟု သူတို့ကပြော ကြသည်။ အချို့သော ပြည်ပပညာတော် သင်ထွက်မည့်ကိစ္စဆိုလျှင် ယခင် ကထက်ပင် ပိုကျပ်သွား သည်ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆို သည်။ ဦးသန်းထိုက်အောင်က ”ယခင်အစိုးရက လူတွေ တစ်ပုံ ကြီး ရှိနေကြသေးတယ်။ သူတို့က ပြောင်းလဲဖို့အတွက် အတားအ ဆီးပဲ” ဟု မှတ်ချက်ပြုသည်။

၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂၈ရက်နေ့ က ဖွဲ့စည်းလိုက်သော အမျိုးသားပညာရေး မူဝါဒကော် မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူသူ ကလည်း ယခင်ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာညီလှငယ်တို့ကလည်း ယခင် လူဟောင်းများ ဖြစ်၍ ပြောင်းလဲမှုက သိပ်မျှော်လင့်လို့ မရဟု သူကဆက်ပြောသည်။ ထို့ကြောင့် လာမည့် ၂ဝ၁၇ တွင် ဗဟိုချုပ်ကိုင်မှု ရှိ/မရှိ၊ တက္ကသိုလ်များ လွတ်လပ်ခွင့်ရ/ မရ၊ သမဂ္ဂအဖွဲ့များ၏ စွမ်း ဆောင်ရည်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်၊ တက္ကသိုလ်ဝင်ခွင့် အမှတ်နှင့် ခွဲခြားမှု ဆက်ရှိ/မရှိ၊ စာသင်ခန်းအတွင်း အရည်အ သွေး၊ ကင်းထောက်များ၏ အ ရည်အသွေး၊ သက်မွေးပညာ သင်တန်းကျောင်းများ တိုးတက် လာမှု အခြေအနေ စသည်တို့က စောင့်ကြည့်ရမည့် ကဏ္ဍတို့ဖြစ် သွားသည်။ အစိုးရသစ်၏ ပညာရေး မူ ဝါဒကို အောင်မြင်အောင် အ ကောင်အထည်ဖော်ပေးရမည့် သူတို့သည် ပညာရေးဝန်ကြီးနှင့် အမျိုးသားပညာရေး မူဝါဒကော် မရှင်တို့သာဖြစ်သည်။ သူတို့က သာ ၂ဝ၁၇ပညာရေး၏ ကောင်း ခြင်း၊ ဆိုးခြင်းကို ပုံဖော်ကြမည် ဖြစ်ရာ သူတို့၏ စွမ်းဆောင်ရည် ကို ဝေဖန်၊ စောင့်ကြည့်၊ ထောက် ပြရုံမှ လွဲ၍ တခြားမရှိတော့ပြီ။

မင်းသုအောင်