၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် ခြင်းမရှိခဲ့သည့် ဘာစီလိုနာ ကစားသ...
ဆုပေးပွဲသို့ ဘာစီလိုနာ ကစားသမားများ မတက်ရောက်ခြင်းအတွက် စိတ်မကောင်း ဖြစ်မိကြောင်း စီရော်နယ်ဒို ဖွင့်ဟ

၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် ခြင်းမရှိခဲ့သည့် ဘာစီလိုနာ ကစားသမားများကြောင့် စိတ်မကောင်း ဖြစ် မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တစ်နှစ်တာအတွင်း ပြီးပြည့်စုံသည့်အောင်မြင်မှုများအတွက် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ဆုပေးပွဲအခမ်းနားတွင် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့သည့် ဘာစီလိုနာ ကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ပီကေးလ်၊ ဆွာရက်ဇ်တို့ အနေဖြင့်  ကိုပါ ဒယ်ရေးလ်ဖလား ပွဲစဉ်ရှိနေသည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဘာစီလိုနာအသင်းမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းကြောင့် စီရော်နယ်ဒိုက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့သည်။ ''အကောင်းဆုံး ကစားသမားဆုဆိုတာ တကယ်ကို အံအားသင့်စရာဖြစ်သလို မယုံနိုင်စရာရရှိခဲ့မှုပါပဲ။ အသင်းဖော်တွေရဲ့ အကူအညီ တွေကြောင့် အောင်မြင်မှုရရှိခဲ့တာ ဖြစ်လို့ ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက် အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ပြီး ဆုပေးပွဲကိုမတက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာကစားသမားတွေ အတွက်တော့ စိတ်မကောင်းပါဘူး။ ကစားသမားဘဝရဲ့ အမြင့်ဆုံးဆုပေးပွဲကိုမတက် ရောက်ခဲ့တဲ့လုပ်ရပ်ကို လည်းနား မလည်နိုင်ခဲ့ဘူး''ဟု စီရော်နယ်ဒိုက မှတ်ချက်ပြုပြောကြားခဲ့သည်။


ဆန်ကာတင် အကောင်း ဆုံးကစားသမားများ စာရင်းတွင်ပါဝင်ခဲ့သည့် ဘာစီလိုနာကစား သမားများတွင် နေမာတစ်ဦးတည်းသာ ဆုနှင့်လွဲချော်ခဲ့ပြီး မက်ဆီက အကောင်းဆုံးက စားသမားဆုရရှိခဲ့ကာ အင်နီယေစ တာ၊ ပီကေးလ်၊ ဆွာရက်ဇ်တို့မှာမူ တစ်နှစ်တာအကောင်းဆုံး ၁၁ ဦးစာရင်းအတွင်း ရွေးချယ်ခံခဲ့ရသည်။ ဆုပေးပွဲအခမ်းအနားတက် ရောက်ခဲ့ခြင်းမရှိသည့်အပေါ် ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာ က တောင်းပန်မှုများပြုလုပ်ခဲ့ပြီး အသင်းအတွက် အရေးကြီးပွဲစဉ်ရှိနေသည့် အတွက်ဆုပေး ပွဲမတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။ ''ပွဲတက်ဖို့ရွေးချယ်ခံခဲ့ရပေမယ့် မတက်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ပါဘူး။ ဆုပေးပွဲအခမ်းအနားထက် ဘီလ်ဘာအိုနဲ့ကစားရမယ့် ပွဲစဉ်ရှိ နေတာကြောင့် ဆုပေးပွဲကိုမတက် နိုင်ခဲ့တာပါ''ဟု အင်နီယေစတာက တောင်းပန်မှုများ ပြုလုပ်ခဲ့သည်။


WKM

#democracytoday