ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၆ခုနှစ်အတွက် အကောင်းဆုံး ဆုပေးပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြိ...
၂ဝ၁၆ ခုနှစ်ရဲ့  အကောင်းဆုံးဆုများ သိမ်းပိုက်ခဲ့သည့် စီရော်နယ်ဒို၊ ဖီဖာ The Best   ဆုပေးပွဲ အခမ်းအနားမြင်ကွင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၆ခုနှစ်အတွက် အကောင်းဆုံး ဆုပေးပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်သွားခဲ့သည်။ ပေးအပ်ချီးမြှင့်သည့် ဆုများနှင့် ဆုရရှိသူများကိုဖော်ပြရ မည်ဆိုလျှင်...


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသား)

မြို့ခံပြိုင်ဘက် အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်း၊ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းမှ မက်ဆီတို့ကိုကျော်ဖြတ်ကာ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတိုက် စစ်မှူးစီရော်နယ်ဒိုက ဖီဖာကမ္ဘာ့အကောင်းဆုံး ဆုကို ရယူသွားနိုင်ခဲ့၍ ၂ဝ၁၆ ခုနှစ်မှာ စီရော်နယ်ဒိုအတွက် အောင်မြင်မှုများသိမ်း ပိုက်နိုင်ခဲ့သည့်နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂ဝ၁၆ ချန်ပီယံဆု၊ ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သူ စီရော်နယ်ဒိုသည် ၄၄ ပွဲတွင် ၄၂ ဂိုးသွင်းယူခဲ့ကာ ၁၄ ကြိမ်ပံ့ပိုးပေး နိုင်ခဲ့သည်။ ၎င်းမှာ ဥရောပထိပ်တန်းလိဂ်များ၌ ၈၃ ဒသမ ၆၈ မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်သူလည်းဖြစ်သည်။


ကမ္ဘာ့အကောင်းဆုံးနည်းပြဆု (အမျိုးသား)

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို လက်စတာအသင်းနည်းပြ ရာနီရေးရီကရရှိခဲ့သည်။ ချန်ပီယံဖြစ်ရန် ၅ဝဝဝလေး ၁လေးမှ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူ ရာနီရေးရီသည် ပေါ်တူဂီကို ဖလားရယူပေးသည့် ဆန်းတို့စ်၊ ချန်ပီယံလိဂ် ဖလားရယူပေးသည့် ဇီဒန်းတို့ကိုကျော်ဖြတ် ကာရယူပေးခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင် ပွဲ၌ ၁၆ သင်းအဆင့်ရောက်ရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့၍ အကောင်းဆုံး ဆုရရှိ ခဲ့ ခြင်းဖြစ်သည်။


ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)

အမေရိကန်အသင်းမှာ အိုလံပစ်ပြိုင် ပွဲနှင့်ပထမဆုံးအကြိမ်လွဲချော်ခဲ့သော်လည်း ကလပ်အသင်းဟူစတန်ဒက်ခ်ျနှင့် နိုင်ငံအသင်းအတွက် ခြေစွမ်းပြခဲ့သူ ကာလီလွိုက်မှာ မဲပေးမှု ၂ဝဒသမ၆၈ရာခိုင်နှုန်းဖြင့် အ ကောင်း ဆုံး အမျိုးသမီး ကစားသမားဆုကို ရရှိခဲ့သည်။ ဂျာမနီအိုလံပစ်ရွှေတံဆိပ်ဆု ရှင်ဘီရင်ဂါနှင့် ဘရာဇီးဘောလုံးသမား မာတာတို့ကိုကျော်ဖြတ်နိုင်ခဲ့သည်။


ကမ္ဘာ့အကောင်းဆုံးနည်းပြဆု (အမျိုးသမီး)

ဂျာမနီအသင်းကို ၁၁နှစ်ကြာကိုင်တွယ်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူပေး နိုင်ခဲ့သူ ဆီဗီယာနိဒ်သည် အကောင်းဆုံး အမျိုးသမီးနည်းပြဆုကိုရရှိခဲ့သည်။ သူမသည် ၁၁နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားတစ် ကြိမ်၊ ဥရောပချန်ပီယံရှစ် နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။


အကောင်းဆုံးသွင်းဂိုးဆု

မလေးရှား လက်ရွေးစင် ဆူဘရီသည် မလေးရှား စူပါလိဂ်ပြိုင်ပွဲ၌ အလွတ်တည်ကန် ဘောသွင်းဂိုးကို အလှပဆုံးသွင်းယူနိုင်ခဲ့ ခြင်းကြောင့် အကောင်းဆုံး သွင်းဂိုးဆုကို ရရှိခဲ့သည်။ ကမ္ဘာ့အဆင့်တွင် ဆုရရှိသည့် ပထမဆုံး အာဆီယံ ကစားသမားလည်းဖြစ်လာခဲ့သည်။ ၃၅ ကိုက်အကွာမှာ ကန်သွင်း လိုက်သည့်ဂိုးမှာ ဂိုးဘယ်ထောင့်သို့ လာမည်ဟုမျှော်လင့်နေချိန်တွင် ညာဘက်သို့ကွေ့ ဝိုက်ဝင်ခဲ့၍ အလှဆုံးဂိုးဖြစ်ခဲ့သည်။


အသန့်ရှင်းဆုံးဆု

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသည့် ချာပီကွန်ဆီအသင်းကို ဆက်ကိုပါ အမေရိကဖလားပေးခဲ့သည့် နေစီယွန်နယ် အသင်းအားအသန့်ရှင်းဆုံးဆုကိုပေးအပ်ခဲ့သည်။ ပြိုင်ဘက်အသင်း ယှဉ်ပြိုင်ခြင်းမရှိ၍ ချန်ပီယံဆုရမည်ဖြစ်သော်လည်း စာနာစိတ်ဖြင့် ချန်ပီယံပေးခဲ့သည့် အသင်းလည်း ဖြစ်သည်။


အကောင်းဆုံးပရိသတ်ဆု

ဧပြီလက ကစားခဲ့သည့်ယူရိုပါလိဂ်ကွာ တားဖိုင်နယ်ပွဲစဉ်တွင် လီဗာပူးသီချင်းကို အတူတကွသီဆိုပြီး ဟေးဘရော့ဖြစ်ရပ်ဆိုးကို ဂုဏ်ပြုခဲ့ကြသည့် ဒေါ့မွန်ပရိသတ်နှင့် လီဗာပူးပရိသတ်တို့မှာ အကောင်းဆုံးပရိသတ် ဆုကိုရရှိခဲ့သည်။ ယူရိုပြိုင်ပွဲ၌ အကောင်းဆုံးအားပေးခဲ့သည့် အိုက်စလန်ပရိသတ်ကို ကျော်ဖြတ်ရရှိခဲ့ခြင်းဖြစ်သည်။


သီးခြားဂုဏ်ပြုဆု

ဘရာဇီးလက်ရွေးစင်ဖူလ်ဆယ်အသင်း၌ ၁၈နှစ်ကြာပါဝင်ကစားခဲ့သည့်တိုက်စစ်မှူး ဖယ်လ်ကာအိုကို သီးခြားဂုဏ်ပြုဆုအ ဖြစ်ချီးမြှင့်ခဲ့သည်။


ကမ္ဘာ့အကောင်းဆုံးအသင်း

ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ဂိုး- နျူအာ၊ နောက်-အဲလ်ဗက်စ်၊ ပီကေး၊ ရာမို့စ်၊ မာဆယ်လို၊ လယ်-မိုဒရစ်၊ တိုနီခရူးစ်၊ အင် နီယေစတာ၊ ရှေ့-မက်ဆီ၊ ဆွာရက်ဇ်၊ စီရော်နယ်ဒို တို့ရွေးချယ်ခံရပြီး ၄-၃-၃ ကစား ကွက်ကို အထိုင်ချထားခဲ့သည်။

AST

#democracytoday