၂ဝ၁၇ ခုနှစ်ထဲမှာ ဟာသကားရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သရုပ်ဆောင်နန်းခင်ဇေယျာက အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ရမယ့် ကာရိုက်တာနဲ့ပတ်သက်ပြီးတော့ ''ကာရိုက...
Nan-Stop  တွင် နန်းခင်ဇေယျာ ခုတင်ပေါ် ရောက်သွားသည့် အကြောင်း ရှင်းလင်းပြောဆို

၂ဝ၁၇ ခုနှစ်ထဲမှာ ဟာသကားရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သရုပ်ဆောင်နန်းခင်ဇေယျာက အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ရမယ့် ကာရိုက်တာနဲ့ပတ်သက်ပြီးတော့ ''ကာရိုက်တာက ထူးထူးခြားခြားတော့မရှိပါဘူး။ သူရိယနဲ့ ဝေလျှံတို့က ညီမကို လာကြောင်ကြတယ်။ ကိုယ်တွေက ကိုခန့်စည်သူကို ပွင့်နဲ့ ပေးစားပြီး လှော်ကြတဲ့ ဟာသဆန်ဆန် ကာရိုက်တာမျိုးပါ''လို့ နန်းခင်ဇေယျာက ဆိုပါတယ်။


ဟာသကားရိုက်ရတာ သဘောကျပါတယ်ဆိုတဲ့ နန်းခင်ဇေယျာကတော့ ဟာသကားက လူ့စိတ်ကို ပျော်ရွှင်စေပြီး ကြည့်ရတဲ့ပရိသတ်ကိုပါ စိတ်ကြည်နူးမှုပေးတဲ့အတွက် ဟာသဇာတ်ကားတွေကို သဘောကျတယ်လို့ နန်းခင်ဇေယျာကဆိုပါတယ်။ အဆိုပိုင်းမှာလည်း ပရိသတ်နဲ့ အဆက်မပြတ်တဲ့ နန်းခင်ဇေယျာက Non-Stop ဆိုတဲ့ သီချင်းခွေလေးကို ပရိသတ်ဆီ အရောက်ပို့ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Non-Stop ဆိုတဲ့ သီချင်းခွေ ထဲက Sexy ဆန်ဆန်ရိုက်ကူးထားတဲ့ သီချင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးတော့လည်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူပြောများနေတာနဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက ''သီချင်းပုံစံအတိုင်း ကာရိုက်တာကို ပုံဖော်ထား တာ ဆိုတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။


အရမ်းကြီးလဲမရိုင်းပါဘူး။ မင်းသား မင်းသမီး အင်္ကျီတွေ ချွတ်ကြတာမျိုးလဲ မဟုတ်ဘူးလေ။ လိုက်တင်ကလဲ အရမ်းကောင်းပြီး ဒါရိုက်တာ ရိုက်တာကလဲ အရမ်းလှတဲ့အတွက်ကြောင့် ဒါက ထူးဆန်းသွားတာ။ နန်း ခင်ကို ခုတင်ပေါ် ပစ်ချလိုက်တာပဲရှိတယ်။ နန်းခင်ကလဲ ခုတင်ပေါ် ရောက်သွားတာပဲ ရှိတယ်။ ဘာမှ သူနဲ့လဲနမ်းတာမျိုးလဲ မပါဘူးလေ။ ဒါရိုက်တာရဲ့ လှည့်ကွက်တွေကြောင့်ပေါ့နော်။ အဲဒီတော့ နန်းခင် ဝမ်းသာ တယ်။ နန်းခင်ကအဲလိုပုံစံမျိုးကို မရိုက်ဖူးတဲ့အတွက် ပရိသတ်တွေ ဟာခနဲဟင်ခနဲ ဖြစ်သွားတာမျိုးပါ။ သီချင်းလေးက အရမ်းပေါက်ပါတယ်။ ပရိသတ်တွေ ကြိုက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်''လို့ နန်းခင်ဇေယျာ ဆိုပါတယ်။

သုသော်ဒီ

#theyangontimes