ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်အရှေ့ပိုင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က အပေါ့စားလေယာဉ်ငယ်တစင်း ပျက်ကျခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ဗြိတိန်အမျိုးသမီးတဦး သေဆုံးသွားပါတယ်။

လေယာဉ်ပေါ်မှာ လူ ၃ ဦး လိုက်ပါခဲ့ကြပြီး လေယာဉ်မှူးနဲ့ အသက် ၂၁ နှစ် အရွယ် အိုင်ယာလန်အမျိုးသမီးတဦးတို့ ဆေးရုံမှာ အသက်အန္တရာယ် စိုးရိမ်နေရဆဲလို့ အရေးပေါ် ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ကမ္ဘာ့လှည့်ခရီးသည်တင်လေယာဉ်ငယ် ၂ စီး ကွင်းစ်လန်းပြည်နယ် အရှေ့ဘက်ကမ်းတလျှောက် လှည့်လည်ပျံသန်းနေချိန် တစီးက မစ်ဒယ်လ် (Middle) ကျွန်း သောင်ခြေပေါ်မှာ ပျက်ကျသွားတာပါ။

လေယာဉ်ပျက်ကျခဲ့တဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။