လာဘ်ထိုးမှုဖြင့် တရားရုံးတင်ခံရသည့် ဘန်ကီမွန်း၏ တူ။ (ဓာတ်ပုံ - LARRY NEUMEISTER) လာဘ်ထိုးမှုဖြင့် တရားရုံးတင်ခံရသည့် ဘန်ကီမွန်း၏ တူ။ (ဓာတ်ပုံ - LARRY NEUMEISTER)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ ဆွေမျိုး ၂ ဦးကို လာဘ်ထိုးမှုနဲ့ အစိုးရရှေ့နေတွေက ဆိုးလ်မြို့တော်မှာ ရုံးတင်လိုက်ပါတယ်။

ဘန်ကီမွန်းရဲ့ညီတဦးနဲ့ တူတော်စပ်သူတဦးတို့ဟာ ဆောက်လုပ်ရေးစီမံကိန်းတခုကို ဝယ်ယူဖို့ အစိုးရဘဏ္ဍာငွေ သုံးခွင့်ရရေး အရှေ့အလယ်ပိုင်း အစိုးရတခုရဲ့ အရာရှိတဦးကို လာဘ်ထိုးခဲ့တာလို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက စွပ်စွဲကြပါတယ်။

ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၆ အထိ ထမ်းဆောင်ခဲ့ပြီး အခုတော့ တောင်ကိုရီးယားသမ္မတတာဝန်ကို ဆက်ယူမယ့် အရိပ်အယောင်လည်း ရှိနေပါတယ်။

ဘန်ကီမွန်းကတော့ သူ့ညီဖြစ်သူနဲ့ တူဖြစ်သူတဦးတို့ အခုလို ရုံးတင်အရေးယူခံရတဲ့ကိစ္စ မသိရှိဘူးလို့ သူ့ရဲ့ ပြောခွင့်ရအရာရှိက ပြောဆိုပါတယ်။