သြစတြေးလျနိုင်ငံမှ အမျိုးသားတဦးဟာ မှိန်းထိုးငါးဖမ်းချိန်မှာ ငါးမန်းတကောင်ရဲ့ တိုက်ခိုက်မှုကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် ကယ်ရီဒန်နီယယ်လ်ဟာ ကွင်းစ်လန်မြောက်ပိုင်း ကမ်းရိုးတန်းတခုမှာ သူငယ်ချင်းတွေနဲ့အတူ ရေအောက်ထဲ မှိန်းထိုးငါးဖမ်းခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့ရတာလို့ စီစီတီဗွီသတင်းတပုဒ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

သူ့ကိုတိုက်ခိုက်ခဲ့တဲ့ ငါးမန်းကို ကျွဲငါးမန်းလို့ လူသိများပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး မျိုးစိတ်တခု ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ငါးမန်းကြီးဟာ သူ့ဆီကို ဦးတည်ပြီး ပါးစပ်ကြီးကို ဟကာ ဒေါသတကြီး ချဉ်းကပ်လာခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ သူဟာ ရှောင်တိမ်းလိုက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ ငါးမန်းရဲ့ပါးစပ်ထဲကို မှိန်းနဲ့ ထိုးချပြီး လွတ်မြောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။