ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို။ (ဓာတ်ပုံ - Getty) ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို။ (ဓာတ်ပုံ - Getty)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းအထိ ပါဝင်ဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ၃၂ သင်းအစား ၄၈ သင်းအထိ တိုးချဲ့လက်ခံမှာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ကို ဖီဖာရဲ့ အုပ်ချုပ်မှုအဖွဲ့က ဇန်နဝါရီ ၁၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ချမှတ်လိုက်တာပါ။

အုပ်စု ၁၆ ခု ခွဲပြီး တအုပ်စုမှာ ၃ သင်းစီ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အရေအတွက်ဟာ ၆၄ ပွဲကနေ ပွဲပေါင်း ၈၀ အထိ ဖြစ်လာမှာပါ။

ဖီဖာကနေ ပြိုင်ပွဲဝင်နိုင်ငံအသင်း အရေအတွက်ကို ၁၉၉၈ ခုနှစ်မှာ ၃၂ အသင်း ပါဝင်ဖို့  ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။