ငဲငယ်လေးနှင့်အတူ ‘သံစဉ်များ နှင့် ခရီးသွားခြင်း’ဟု အမည်ရ သည့် ခရီးသွားပရိုဂရမ်တစ်ခု ရိုက်ကူးနေကြောင်း အဆိုတော် လမင်းခက ပြောသည်။

ငဲငယ်လေးနှင့်အတူ ‘သံစဉ်များ နှင့် ခရီးသွားခြင်း’ဟု အမည်ရ သည့် ခရီးသွားပရိုဂရမ်တစ်ခု ရိုက်ကူးနေကြောင်း အဆိုတော် လမင်းခက ပြောသည်။


‘‘အခုလောလောဆယ် နှစ် မြို့သွားထားတယ်။ ပထမက ဘားအံ၊ နောက် ကလောသွား ထားတယ်။ နောက်ထပ် မေမြို့ ဘက်ကို စီစဉ်ထားတယ်။ မသွား ရသေးဘူး။ နှစ်ယောက် Relati-onship က သူ (ငဲငယ်လေး)နဲ့ တစ်အားကို အဆင်ပြေတယ်။ အဆင် ပြေလွန်းလို့တောင် ခက်နေတယ်။ ငယ်ငယ်လေးကတည်းကလည်း  မိသားစုလိုကြီးလာတာဆိုတော့ အဆင်မပြေစရာအကြောင်းမရှိ ဘူး။ ပိုပြီးလည်းရင်းနှီးတယ်။ ပိုပြီးလည်း ချစ်သွားတယ်။ တခြားပျော်စရာအမှတ်တရတွေလည်း အများကြီးရှိတယ်’’ဟု ၎င်းက ပြော သည်။ အဆိုပါခရီးသွားအစီအစဉ် ကို 5Plus တွင် စနေနေ့တိုင်း ည ၇ နာရီ၌ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး အွန်လိုင်းက ကြည့်ရှုလိုသူများအနေဖြင့် Big 9 အွန်လိုင်းတီဗီမှ ကြည့်ရှုနိုင်မည် ဖြစ်သည်။

‘‘အမှတ်တရအနေနဲ့ဆိုရင် ပထမဆုံး ဘားအံသွားတုန်းက ဟိုတယ်မှာ ဖားတွေအများကြီးပဲ။ လမင်းက ဖားတအားကြောက် တယ်။ အမှန်တကယ်ဆို ငဲငယ် လေးနဲ့ ကိုယ်နဲ့က ငါးနှစ်၊ ခြောက် နှစ်လောက်ကွာတယ်။ သူက ငယ်တယ်။ အဲဒီတုန်းကဆို သူ့ကိုအား ကိုးပြီးသွားရတယ်’’ဟု လမင်းခက ပြောသည်။

လက်ရှိဂီတလှုပ်ရှားမှုအနေ ဖြင့် ဒုတိယအယ်လ်ဘမ်မစီစဉ် ဖြစ်သေးဘဲ Single တစ်ပုဒ်ချင်းစီ ကို အမ်တီဗီနှင့် တွဲဖက်ပြီး အွန် လိုင်းကတင်ပေးရန်စီစဉ်နေသည်။ယမန်နှစ်က ထွက်ရှိသည့် ‘ကူးကူ’တေးအယ်လ်ဘမ်ထဲမှ သီချင်းနှစ် ပုဒ်ကို MTV ရိုက်ကူးပြီး အွန်လိုင်းတင်ပေးရန်ရှိသည်ဟုဆိုသည်။