ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ သည်းထိတ်ရင်ဖို သိပ္ပံအက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ စာရေးဆရာ စတိဗ်အယ်လ်တန်ရဲ့ ၁၉၉၇ ခုနှစ်တုန်း ကထွက်ရှိခဲ့တဲ့ Meg: A Novel of Deep Terror စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ သည်းထိတ်ရင်ဖို သိပ္ပံအက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ စာရေးဆရာ စတိဗ်အယ်လ်တန်ရဲ့ ၁၉၉၇ ခုနှစ်တုန်း ကထွက်ရှိခဲ့တဲ့ Meg: A Novel of Deep Terror စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။


သိပ္ပံပညာရှင် ဒေါက်တာ ဟယ်လာနဲ့ တခြားရေငုပ်သမားတွေဟာ ရေသတ္တ၀ါကြီးတစ် ကောင်ရဲ့ ရန်ပြုခံရတာကြောင့် ကျွမ်းကျင်ရေငုပ်သမားတစ်ဦး ဖြစ်တဲ့ ဂျိုနက်စ်တေလာဟာ အ သည်းအသန်ကယ်ဆယ်ခဲ့ပေ မယ့် တချို့ကိုတော့ ဆုံးရှုံးခဲ့ရ ပါတယ်။

အဲဒီအဖြစ်အပျက်တွေပြီး လို့ ငါးနှစ်အကြာမှာ Mana Oneဆိုတဲ့ ပင်လယ်ရေအောက် သုတေသနစင်တာကို ဒေါက်တာကျန်မင်ဝေးနဲ့ သမီးကျန်ဆုရင်တို့ရောက်လာပါတယ်။ ဒေါက်တာမင်ဝေးနဲ့ တခြားသုတေသီတွေဟာ သမုဒ္ဒရာရေအောက် အနက်ဆုံးနေရာ တွေအထိဆင်းပြီး သုတေသန လုပ်နေတာဖြစ်ပြီး Mana One စင်တာနဲ့ ဆက်သွယ်ထားတဲ့ သင်္ဘောဟာ တစ်စုံတစ်ရာနဲ့တိုက် မိပြီးနောက်မှာတော့ Mana One ဟာ အပြင်လောကနဲ့ အဆက်အ သွယ်ပြတ်တောက်ခဲ့ပါတယ်။

အဲဒါနဲ့ မြေပြင်က သုတေသနဌာနချုပ်ဟာ Mana Oneက သုတေသီတွေ ကယ်တင်ဖို့ ရေငုပ်သမား တေလာကို စေလွှတ်ခဲ့ပါတယ်။ အဖြစ်အပျက် တွေအရ သင်္ဘောဟာ မီဂါလိုဒန်ဆိုတဲ့ ဧရာမငါးမန်းနဲ့တိုက်မိတာ လို့ တေလာက သံသယ၀င်ခဲ့ပါ တယ်။ 

အရှည် ၇၅ ပေရှိတဲ့သက် တမ်းရင့် ဧရာမငါးမန်းကြီးမီဂါ လိုဒန်ဟာ Mana One စင်တာကို ရောက်လာပြီး ရန်ပြုဖို့ ကြိုးပမ်းခဲ့ပါတယ်။ တကယ်တော့ မီဂါလိုဒန်ဟာ ဒေါက်တာဟယ် လာနဲ့အဖွဲ့ကိုရန်ပြုတဲ့ ငါးမန်းကြီး ဖြစ်ပြီး အခုအခါမှာလည်း သုတေသီတွေဟာ သူ့ကို အပြတ်ရှင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မီဂါလိုဒန်ကပဲ အသာစီးရပြီး တိုက်ခိုက်ပါတော့ တယ်။တေလာနဲ့ ရေငုပ်သမား အဖွဲ့တွေက မီဂါလိုဒန်ဟာ ManaOne ကိုသာမက ကမ်းခြေလာသူ တွေကိုပါ ရန်ပြုဖို့အနေအထားရှိတယ်ဆိုတာ ခန့်မှန်းမိတာကြောင့် မီဂါလိုဒန်ကို လူတွေနဲ့ဝေးရာကို လမ်းကြောင်းပြောင်းမျှားခေါ်ဖို့ အစီအစဉ်တွေဆွဲပါတယ်။

ဧရာမငါးမန်းကြီး မီဂါလိုဒန် ကို တေလာတို့အစီအစဉ်အတိုင်း လမ်းလွှဲနိုင်ပါ့မလား၊ တေလာတို့ နဲ့ မီဂါလိုဒန်ထိပ် တိုက်တွေ့ပြီး သူ သေ၊ ကိုယ်သေတိုက်ခိုက်ကြတဲ့ အခါမှာ ဘယ်လိုတွေ ဇာတ်သိမ်း မှာလဲဆိုတာတော့ အက်ရှင်အရ သာအပြည့်နဲ့ ဆက်ကြည့်လိုက်ဦး နော်။

သရုပ်ဆောင်တွေက အက်ရှင်မင်းသား ဂျေဆင်စတက်သမ် နဲ့အတူ လီပင်းပင်း၊ ရိန်းဝီလ် ဆင်၊ ရူဘီရို့စ်၊ ၀င်စတန် ချောင်၊ကလစ်ဖ်ကာတစ္စ၊ ပေ့ခ်ျကန်နေ ဒီ၊ ဂျက်ဆီကာမက်နာမီတို့ပဲ ဖြစ် ပါတယ်။