ဟာသသရုပ်ဆောင် လူရွှင်တော်မေတ္တာက အကြံပေး သောကြောင့် မြန်မာအိုင်ဒေါ ပြိုင်ပွဲတွင်ပြောနေကျ Good Night နေရာတွင် Good Luck  ဟု ပြောင်းလဲပြောခဲ့ခြင်းဖြစ် ကြောင်း ကျော်ထက်အောင်က ပြောသည်။

 ဟာသသရုပ်ဆောင် လူရွှင်တော်မေတ္တာက အကြံပေး သောကြောင့် မြန်မာအိုင်ဒေါ ပြိုင်ပွဲတွင်ပြောနေကျ Good Night နေရာတွင် Good Luck  ဟု ပြောင်းလဲပြောခဲ့ခြင်းဖြစ် ကြောင်း ကျော်ထက်အောင်က ပြောသည်။

‘‘Good Night ဆိုတဲ့သဘော က မှောင်မိုက်ခြင်းသဘောပေါ့။ ဒါကတော့ ဘာသာစကားအယူအ ဆတွေနဲ့ငြိတွယ်တာပေါ့။ ကျွန် တော်တို့နိုင်ငံကလည်း Develo-ping  ဖြစ်နေတဲ့ကာလမှာ ဆုတ် ယုတ်တာတွေလည်း များလာ  တယ်။ တိုးတက်လာတာနဲ့အမျှ  ဆုတ်ယုတ်လာတာတွေက ညီမျှ  ခြင်းရှိနေမှာပဲဆိုတော့ ကံကောင်း စေချင်တဲ့ ဆန္ဒနဲ့ဆုတောင်ပေးတဲ့ သဘောပါ’’ ဟု မြန်မာအိုင်ဒေါ  Season 3 ပြိုင်ပွဲတွင် Good Luck ဟု ပြောင်းလဲပြောကြား ဖြစ်သည့် အကြောင်း ၎င်းကပြော သည်။

မြန်မာနိုင်ငံတွင်  မြန်မာအိုင် ဒေါပြိုင်ပွဲစတင်ကျင်းပသည့် အ ချိန်ကတည်းက ကျော်ထက် အောင်က Host (တင်ဆက်သူ) အဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်အား ပေးမှုရရှိသလို   အချို့ကလည်း Result ကြေညာခါနီးချိန်တွင် အစီအစဉ်တင်ဆက်ပုံအရ အချိန် ဆွဲသည့် အပေါ်ဝေဖန်မှုများရှိ သည်။

ကျော်ထက်အောင်သည်အ ဆိုပါ အစီအစဉ်တွင် ပါဝင်ပြီး နောက်ပိုင်း သရုပ်ဆောင်အ ဖြစ်ပါလုပ်ကိုင်လာပြီး လတ် တလောရုံတင်နေသည့် ကာဗွန် ဒိုင်အောက်ဆိုဒ်ဇာတ်ကားတွင် လည်း ၎င်း၏သရုပ်ဆောင်မှု များနှင့် ပတ်သက်၍ ပရိသတ် များက ချီးကျူးထားသည်။

‘‘ချီးကျူးစကားတွေကြားရ လို့ဝမ်းသာပါတယ်။ ကျွန်တော် တို့လုပ်ရကျိုးနပ်တာပေါ့။ အဲဒီ လိုချီးကျူးစကားသံတွေကြားရင် ကိုဝိုင်းကို ကျေးဇူးတင်မိပါတယ်။ ကိုဝိုင်းရဲ့သင်ကြားပြသမှုကြောင့် လည်းပါပါတယ်’’ ဟု ပြောသည်။

ယင်းဇာတ်ကားတွင်ကျော် ထက်အောင်က အုပ်ထိန်းသူမိဘ များမရှိသောကြောင့် ညီမဖြစ်သူ ကို သံယောဇဉ်ကြီးသည့် အစ်ကို တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင် ထားပြီး ပြင်ပမှကာရိုက်တာနှင့်  ကွာခြားမှုမရှိသောကြောင့် သရုပ် ဆောင်ပိုင်းတွင် အခက်အခဲအ များကြီးမရှိခဲ့ကြောင်း ၎င်းကဆို သည်။  ထို့အပြင် စက်တင်ဘာလ ဆန်းတွင် ရုံတင်မည့် ချူဆီဇာတ် ကား၌ ၎င်းတို့ယခင်  မြင်နေကျ ပုံစံနှင့် မတူညီသည့် ကာရိုက် တာနှင့်တွေ့မြင်ရမည်ဟု ကျော်ထက်အောင်က ပြောသည်။

‘‘သူငယ်ကားနဲ့တော့တော် တော်ကွာပါတယ်။ ချူဆီမှာကျ တော့ ယောက်ျားပြည့်တန်ဆာ  တောင်ဖြစ်ခဲ့ဖူးတဲ့ ကောင်လေးက  ကေတီဗီမှာရှိတဲ့ ပြဿနာတွေ ကြားထဲဘယ်လိုနေရလဲဆိုတဲ့ပုံ စံမျိုးပေါ့’’ ဟု မကြာမီရုံတင်ပြသ မည့်ချူဆီဇာတ်ကားနှင့် ပတ် သက်၍ ၎င်းကပြောသည်။