သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်၍ ယခင်ကဝေဖန်မှု များ ကြုံတွေ့ခဲ့သော်လည်း   ‘တိမ်တိုက်တံတား’ ရုပ်ရှင်ဇာတ် ကားတွင် ပရိသတ်အားပေးမှုရရှိ ခဲ့၍ပျော်ရွှင်ရကြောင်း   ခင်ဝင့်ဝါ ကပြောသည်။ ယင်းဇာတ်ကားတွင် ခင်ဝင့် ၀ါက ကိုယ့်ဒေသကို ချစ်မြတ်နိုး  သည့် ဆရာဝန်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ၎င်းနှင့်အ တူနေတိုး၊ ထွန်း ထွန်းနှင့် ဗီယက် နမ်အလှမယ်ငုရင်ထရန်ဟုရန် မေတို့ ပါဝင်သရုပ်ဆောင်ထား သည်။

သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်၍ ယခင်ကဝေဖန်မှု များ ကြုံတွေ့ခဲ့သော်လည်း   ‘တိမ်တိုက်တံတား’ ရုပ်ရှင်ဇာတ် ကားတွင် ပရိသတ်အားပေးမှုရရှိ ခဲ့၍ပျော်ရွှင်ရကြောင်း   ခင်ဝင့်ဝါ ကပြောသည်။

ယင်းဇာတ်ကားတွင် ခင်ဝင့် ၀ါက ကိုယ့်ဒေသကို ချစ်မြတ်နိုး  သည့် ဆရာဝန်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ၎င်းနှင့်အ တူနေတိုး၊ ထွန်း ထွန်းနှင့် ဗီယက် နမ်အလှမယ်ငုရင်ထရန်ဟုရန် မေတို့ ပါဝင်သရုပ်ဆောင်ထား သည်။

‘‘ပရိသတ်တွေက ဒေါက် တာပန်းလှဖြူဆိုပြီးခေါ်နေကြ တာတွေ့ရတဲ့အတွက်ဒီကာရိုက် တာလေးက သူတို့ရင်ထဲမှာ ကျန် နေခဲ့တဲ့အတွက်လည်းဝမ်းသာ တယ်။ မှတ်တိုင်တစ်ခုလိုဖြစ်သွား တာပေါ့’’ ဟု ခင်ဝင့်ဝါကပြော သည်။ လက်တလောတွင် ရေဘေး အလှူများသွားရောက် ဖြစ်နေပြီး ပြီးခဲ့သည့်ရက်က ပဲခူးမြို့သို့ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘အဘွားတစ်ယောက်ဆိုရင် အိမ်အောက်မှာ ရေတွေပြည့်နေ တာတောင် ကိုယ့်ကိုလာနှုတ် ဆက်တယ်။ ရေကြီးနေတာ တောင် ကိုယ့်ကိုအားပေးတာ တွေ့ရတော့ပိုခံစားရတယ်။ သူ တို့အပူတွေခဏလေးလျော့သွား  ရင်ပျော်တယ်’’ ဟု ခင်ဝင့်ဝါက ပြောသည်။

ရေဘေးအတွက်လှူဒါန်း သည့်ရွာများသို့ရောက်ရှိရန် လှေ စီး၍ သွားရောက်ရပြီး ရေမ ကူးတတ်သော်လည်း လှူချင် သည့် စိတ်ကြောင့် အရောက်သွား ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ညီမကမြွေကြောက်တတ် တယ်။  သွားလှူတဲ့နေရာက မြွေ ပေါတယ်။ အရင်တုန်းက သွား  လှူရင်လှေက တစ်ခေါက် လောက်စီးရင်တန်းရောက်တယ်။  ဒီတစ်ခေါက်ပဲခူးက လှေစီးရ တယ်။ နောက်ပြီးသမ္ဗန်ထပ် ပြောင်းစီးရတယ်။ နောက်ပြီး လမ်းလျှောက်ရတယ်။ ထပ်ပြီး  လှေပြန်စီးရတယ်။  ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်ဆို တဲ့အတွေးနဲ့ ကြောက်တဲ့စိတ်ကို ဖျောက်လိုက်ရတယ်’’ ဟု ခင်ဝင့် ၀ါကပြောသည်။ ထို့အပြင်ဘား အံနှင့် သထုံကြားရှိ မြိုင်ကလေး သို့ ထပ်မံသွားရောက် လှူဒါန်းရန် စီစဉ်သော်လည်း နေမကောင်း သဖြင့်မလိုက်ပါနိုင်ခဲ့ဟု ၎င်းက ဆိုသည်။

‘‘ဒီလကုန်မှာ ကိုမြင့်မြတ် ရယ်၊မင်းသမီးက မသက်မွန်ဖြစ်ဖို့ များတယ်။ ညီမရယ် အပြိုင်ဇာတ် ရုပ်နဲ့ရိုက်ရမယ်’’ ဟု ခင်ဝင့်ဝါက  လတ်တလောအနုပညာလှုပ်ရှား  မှုကို ပြောသည်။