ဓာတ်ပုံ-ကျော်ဇင်သန်း

လက်ရှိ အိပ်မက်မှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ထက် အိမ်ခန်းတစ်ခန်းဝယ်ယူနိုင် ရေးသာဖြစ်သည်ဟု အဆိုတော် ရဲလေးက ပြောသည်။

‘‘ကျွန်တော် တစ်နေ့တော့ စီးပွားရေးလုပ်သွားဖို့ စိတ်ကူး ထားတာရှိတယ်။ ဒါပေမဲ့ အခု တော့ လောလောဆယ် အိမ်ဝယ် နိုင်ဖို့ ပိုက်ဆံစုနေရတယ်။ အခုက ကျွန်တော်က အိမ်ငှားနေနေတာ ပါ။ အမေတို့၊ ဂျိုကာတို့နေတဲ့အိမ် ကတော့ ကျွန်တော်ဝယ်ပေးထား တာ ဖြစ်ပေမယ့် ကျွန်တော့်ဘာ သာ အေးအေးချမ်းချမ်း ကျွန် တော့်ကမ္ဘာလေးကို တည်ထောင် ဖို့၊ အေးဆေးတစ်ယောက်တည်း နေဖို့အတွက်တော့ အိမ်ခန်းလေး တစ်ခန်း လိုချင်တယ်’’ဟု ရဲလေး က ပြောသည်။

၎င်းတစ်ဦးတည်း သီးသန့် နေထိုင်နိုင်ရန် အိမ်ကို ယခုနှစ်အ တွင်း ဝယ်ယူနိုင်ရေး ကြိုးစားရှာ ဖွေနေခြင်းဖြစ်ပြီး  အိမ်ခန်းဝယ် ယူပြီးမှသာ စီးပွားရေးဘက်သို့ ဦးတည်မည်ဟု ရဲလေးက ဆို သည်။

‘‘ဒီအချိန်မှာတော့ သီချင်း တွေနဲ့၊ အလုပ်တွေနဲ့၊ သူငယ် ချင်းတွေနဲ့၊ ကျွန်တော့် Fan တွေနဲ့ပျော်မယ်။ အာရုံနောက်မခံနိုင် တော့ဘူး။ ချစ်သူလည်း မထား ချင်သေးဘူး။ ရည်းစားလည်း မရှိဘူး။ လောလောဆယ် တစ် ယောက်တည်းပျော်တယ်။ ကိုယ် လည်း မချစ်နိုင်မယ့်အတူတူ ဘာလို့ ရည်းစားထားနေမှာလဲ။ တစ်ယောက်တည်းပဲ ကောင်းတယ်’’ ဟု ရဲလေးက ပြောကြားသည်။

လက်ရှိတွင် ရုပ်ရှင်ကားများ ပုံမှန်ရိုက်ကူးဖြစ်နေပြီး လာမည့် ဇန်နဝါရီ ၁၈ ရက်၌ ဒါရိုက်တာ ကျော်ဇောလင်းရိုက်ကူးမည့် ရုပ် ရှင်ကားကြီးတွင် လူမင်း၊ မင်း မော်ကွန်းတို့နှင့်အတူ ပါဝင်သရုပ် ဆောင်ရန် ရှိကြောင်းနှင့် ယခုနှစ် ထဲ၌ ၎င်းပါဝင်သရုပ်ဆောင်ထား သည့် ‘ဂယ်ပဲသရဲ’၊ ‘သူငယ်ရွာ’ နှင့် ‘တစ်ပွဲလုံးဆူလို့ညံလို့’ စသည့် ရုပ်ရှင်ကားများ ရုံတင်ရန်ရှိသည် ဟု ဆိုသည်။