လူမှုကွန်ရက်စာမျက်နှာတွင် ငဒူ နှင့် ဇာတိမြေစသည့် နာမည် ရ ရုံတင်ဇာတ်ကားများ တစ်ကား လုံးစာအပြည့် ပျံ့နှံ့နေရှိရာ ထုတ်လုပ်ရေးလောက စိုးရိမ်မှု များ မြင့်တက်နေချိန်တွင် သွင်ရုပ် ရှင်ရုံ၌ ရုံတင်မြန်မာကားသစ် ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ပြသနေ စဉ် ဇာတ်ကားကို ဖုန်းကင်မရာ ဖြင့် ရိုက်ကူးနေသူအား အမှုဖွင့် အရေးယူသည့် ဖြစ်စဉ်ပေါ်ပေါက်လာသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ငဒူ နှင့် ဇာတိမြေစသည့် နာမည် ရ ရုံတင်ဇာတ်ကားများ တစ်ကား လုံးစာအပြည့် ပျံ့နှံ့နေရှိရာ ထုတ်လုပ်ရေးလောက စိုးရိမ်မှု များ မြင့်တက်နေချိန်တွင် သွင်ရုပ် ရှင်ရုံ၌ ရုံတင်မြန်မာကားသစ် ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ပြသနေ စဉ် ဇာတ်ကားကို ဖုန်းကင်မရာ ဖြင့် ရိုက်ကူးနေသူအား အမှုဖွင့် အရေးယူသည့် ဖြစ်စဉ်ပေါ်ပေါက်လာသည်။ 


သွင်ရုပ်ရှင်ရုံတွင် ဇူလိုင် ၃၀ ရက် ညနေက ကာဗွန်ဒိုင်အောက် ဆိုဒ်ဇာတ်ကား ၅ နာရီခွဲ ပွဲစဉ်ပြ သနေစဉ် ဖုန်းဖြင့် ခိုးယူရိုက်ကူးနေ သော ရုပ်ရှင်ကြည့်ပရိသတ်အ မျိုးသမီးအား လုံခြုံရေးများက တားမြစ်သော်လည်း ဆက်လက် ရိုက်ကူးနေသောကြောင့် ထုတ် လုပ်သူကို အကြောင်းကြားကာ ကျောက်တံတားမြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့သဖြင့် ဖမ်းဆီးခံနေရ သည်။

ရုပ်ရှင်ရုံ၌ ပြသနေစဉ်တွင် ခိုးယူရိုက်ကူးသူများ ယခင်ကရှိခဲ့ သော်လည်း ယခုကဲ့သို့ ရုံလုံခြုံရေး များက မိသွားပြီး အမှုဖွင့်အရေး ယူဆောင်ရွက်ခြင်းသည် ပထမဆုံး ဖြစ်သည်။

‘‘ဇာတ်ကားရဲ့ ကြာမြင့်ချိန် က နှစ်နာရီနဲ့ ခြောက်မိနစ် ရှိတယ်။သူရိုက်ထားတာက တစ်နာရီနဲ့ ရှစ်မိနစ် ရှိတယ်။ အဲဒါလုံခြုံရေး က တားလို့နော်။ ဆုံးရှုံးနစ်နာမှု က စဉ်းစားလို့ ရပါတယ်’’ဟု ယင်း ဇာတ်ကား ရိုက်ကူးထုတ်လုပ် သော ထားဝယ်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖုန်းဖြင့် ရိုက်ကူးသူသည် နယ်မှရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက်(၂၂)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မြန်မာဇာတ်ကားများကြိုက်နှစ်သက်သည့် ပရိသတ်ဖြစ်သော ကြောင့် သိမ်းထားရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးကြောင်း ၎င်း၏အလုပ်ရှင် ဖြိုးဝေခန့်က ဖေ့စ် ဘွတ်ခ်တွင် ရေးသားထားသည်။ 

သို့သော် ၎င်း၏လုပ်ရပ်သည် ဥပဒေကို နားမလည်သောကြောင့် ဟုဆိုကာ ခြွင်းချက်ထား၍ ခွင့် လွှတ်ရန် မသင့်ဟု ဝေဖန်မှတ်ချက် ပြုမှုများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။ အလားတူပင် မသိနားမလည်၍ တစ်ကြိမ်တစ်ခါ မှားယွင်းမှုကို ခွင့်လွှတ်ပေးသင့်ကြောင်း မှတ်ချက်ပြုမှုများလည်း ရှိသည်။ မူပိုင်ခွင့်နှင့်ပတ်သက်၍ ခိုင်မာသော ဥပဒေတစ် ရပ်မရှိသေးမီ ယခုဖြစ်ရပ်က လူတစ်ဦးချင်း၏ သူတစ်ပါး ဖန်တီးမှုအပေါ် တန်ဖိုးထားမှု၊ မူပိုင်ခွင့်အပေါ် လေးစားမှုနှင့် ဥပဒေစည်းမျဉ်း စည်းကမ်းများ လိုက်နာမှုတို့ကို မီး မောင်းထိုးပြခြင်း ဖြစ်သည်။ 

‘‘ရုံထဲမှာ ရိုက်တာကတော့ နိုင်ငံတကာမှာလည်း ခွင့်မပြုဘူး။ ဒီ နိုင်ငံမှ မဟုတ်ဘူး။ အဲဒီတော့ ရုပ် ရှင်ကြည့်နေရင်းနဲ့ ရုံမှာဗီဒီယိုတွေ ဘာတွေ မရိုက်စေချင်ဘူး။ မရိုက်လည်း မရိုက်သင့်ဘူးလို့ ထင်တယ်။ ရုပ်ရှင်ကား ပြခါနီးဆိုရင်လည်း ကြေညာထားတယ်။ ဒါက မြန်မာနိုင်ငံတစ်ခုတည်း လိုက်နာရတာမဟုတ်ဘူး။  တစ်ကမ္ဘာလုံးက လူတွေလိုက်နာရမယ့် စည်းကမ်းလေ။ ကိုယ်လိုက်နာ လိုက်လို့ ကိုယ့်အတွက် ဘာမှဆုံးရှုံးနစ်နာသွားတာ မရှိဘူး။ ဒါပေမဲ့ ကိုယ်ရိုက်လိုက်တဲ့အတွက် တစ်ဖက်သားမှာ ဆုံးရှုံးနစ်နာစရာတွေ ရှိတဲ့အတွက် တစ်ဦးတစ်ယောက် ချင်းစီက ဒီစည်းကမ်းလေးတွေ လိုက်နာရင်တော့ အကောင်းဆုံး ပေါ့’’ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကေ ပြာသည်။

မြန်မာဇာတ်ကားများကို အားပေးသည့် ပရိသတ်များတွင် လွန်ကဲစွာ   ကြိုက်နှစ်သက်မှုကြောင့် ဇာတ်ဝင်ခန်းအချို့ကို အမှတ်တရအနေဖြင့် ရိုက်ကူးကာ သိမ်းထားတတ်သူများရှိသော် လည်း အချို့ကမူ ၎င်းတို့အသုံးပြု သည့် ဖေ့စ်ဘွတ်ခ်အကောင့်တွင် Like နှင့်  Share  များရလိုမှုဖြင့် မြန်မာရုပ်ရှင်ရုံတင်ကားများ အွန်လိုင်းပေါ်တင်ကာ သူတစ်ပါး အကျိုးစီးပွားပျက်အောင် ဖျက်ဆီး နေသူလည်း ရှိသည်။

တစ်နာရီကျော်ကြာ တစ် ကားလုံးနီးပါး ရိုက်ကူးခြင်းသည် ခိုးယူမှုမြောက်ပြီး ရည်ရွယ်ချက်ရှိ ရှိနှင့် တစ်စုံတစ်ရာ လုပ်လိုသော ကြောင့် ခိုးယူရိုက်ကူးသည်ဟုမြင် ကြောင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ ရတနာဗိုက ပြောသည်။

‘‘အဓိကပြောချင်တာက တော့ ခိုးတယ်ဆိုတာက ဘယ်အ ရာမဆို မကောင်းဘူးပေါ့။ သူတို့ ကတော့ ဘယ်လိုစိတ်ကူး၊ ဘယ် လိုအတွေးအခေါ်နဲ့ လုပ်လဲမသိ ဘူး။ လုပ်တဲ့သူတွေက ကလေး တွေ၊ လူငယ်ပိုင်းတွေ များပါတယ်။သူတို့မတွေးခေါ်ဘဲ လုပ်လိုက်တဲ့အရာတစ်ခုက တစ်ဖက်မှာ ဆုံးရုံးနစ်နာမှုက အရမ်း များသွားတဲ့အတွက် အဓိကက ကိုယ်ရုပ်ရှင်လာကြည့်တယ်။ ကြည့်တဲ့ ရုပ်ရှင်က ဘယ်လိုကောင်းတဲ့ အရာလေးတွေရလဲ။ ဘာပညာတွေရလဲ။ ဖျော်ဖြေရေးသက်သက်လား။ ကောင်းတဲ့ မက်ဆေ့ခ်ျလေးတွေပဲ ယူစေချင်ပါတယ်။ ခိုးရိုက်တာမျိုး ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ညီမကတော့ ရှုတ်ချပါတယ်’’ဟု ၎င်းကပြောသည်။ ကာဗွန်ဒိုင်အာက်ဆိုဒ်ဇာတ် ကားသည် လက်ရှိအခြေအနေ တွင် ပရိသတ်စိတ်ဝင်စားမှုနှင့် အားပေးမှု မြင့်တက်နေပြီး ပြသ နေသည့် ရုပ်ရှင်ရုံများတွင် ရုံးပိတ် ရက်မဟုတ်သည့် ကြားရက်များ ၌ပင် လက်မှတ်ကို တိုးကြိတ်ဝယ်ယူနေရဆဲ ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားကို ထုတ်လုပ်သူ ထား ၀ယ်ရုပ်ရှင်ထုတ်လုပ်ရေးသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ရုံတင်ပြ သသည့် ‘ကျွန်မက နှင်းဆီပါမောင်’ဇာတ်ကား ထုတ်လုပ်သူလည်းဖြစ် ပြီး အဆိုပါ ဇာတ်ကားရုံတင်ပြီး နှစ်ရက်အကြာတွင် အွန်လိုင်း၌ ဇာတ်ကားတစ်ကားလုံး ပျံ့နှံ့ခဲ့ခြင်းကြောင့် ကြည့်ရှုမှုနည်းပါး သည့် အခြေအနေနှင့် ရင်ဆိုင်ရ သည်။

ယင်းဇာတ်ကားပျံ့နှံ့မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပညာ ရှင်များ၏ အကူအညီယူ၍ စတင်ဖြန့်သူကို ရှာဖွေသော်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် အရေးယူမှု မပြုလုပ် နိုင်ခဲ့ပေ။

‘‘အစမကောင်းခဲ့လို့ ဖြစ်ခဲ့ တာလို့ ယူဆတယ်။ နဂိုကတည်း က ဖိဖိစီးစီး လုပ်ခဲ့ရင် ရုပ်ရှင်အ စည်းအရုံး၊ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေ ထိထိရောက်ရောက် အရေးယူ သင့်တဲ့အချိန်ရောက်ပြီလို့ ထင် တယ်။ အခုဆို ငဒူ၊ ဇာတိမြေတစ် ကားလုံး အွန်လိုင်းမှာရောက်ပြီ။ သူများတွေက ကွန်မန့်မှာဝင်ရေး ကြတယ်။ ထုတ်လုပ်သူပိုင်း ပေါ့ ဆလို့တဲ့။ ထုတ်လုပ်သူပိုင်း ပေါ့ ပေါ့၊ မပေါ့ပေါ့ ဘယ်သူ့ကြောင့် ပဲ ဒီဇာတ်ကားတွေ အွန်လိုင်းပေါ် ရောက်ရောက် ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေ ပါ။ သူတို့ကိုစော်ကားတာ မဟုတ် ဘူး။ ဒါပေမဲ့ သူများရဲ့ စီးပွားကို ဖျက်လို့ ဖျက်ဆီးလုပ်တာက တော်တော်လေးကိုဆိုးတဲ့ကိစ္စ။ ဒါကအရှေ့မှာ မှတ်လောက်သားလောက် အောင် မလုပ်ခဲ့လို့ အစမကောင်းခဲ့လို့ ဖြစ်တဲ့ကိစ္စ။ အဲဒါကြောင့် ထိထိရောက်ရောက် အရေးယူသင့်ပြီလို့ ထင်တယ်။ အဓိကကရုပ်ရှင် အစည်းအရုံး၊ ပြန်ကြားရေးဝန် ကြီးဌာနနဲ့  ပြည်ထဲရေးဝန်ကြီး ဌာနတွေ ပေါင်းပြီးလုပ်ဖို့ လိုတယ်လို့ထင်တယ်’’ဟု ဒါ ရိုက်တာညွန့်မြန်မာညီညီအောင်က ပြောသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားပြသနေစဉ် မူရင်းနိုင်ငံခြားဇာတ်ကားကိုပြန်လည် ရိုက်ကူးထားသည်ဟု ဖေ့စ်ဘွတ်ခ်တွင် ပရိသတ်အချို့က ဝေဖန်ကြသော်လည်း အဆိုပါ ဇာတ်ကား အား တရားဝင်ဝယ်ယူကာ ရိုက်ကူးပုံဖော်ထားကြောင်း ဇာတ်ကားအထူးပွဲ၌ပင် ပြောထားခဲ့သည်ဟု ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက ပြောသည်။

‘‘ဖုန်းနဲ့ ဘယ်လောက်ပဲ ရိုက် ရိုက် နည်းနည်းလေးတွေစုပြီး လေးငါးခြောက်ယောက်ဖြစ်သွား ရင် ပေါင်းပြီးခိုးဖို့ စောင့်နေတဲ့သူ က စုလိုက်တော့ တစ်ကားလုံး ပြည့်သွားတာပေါ့။ ရိုက်တဲ့သူက တော့ ကိုယ်ကြည့်မယ်ဆိုပြီး ရိုက် တာပဲ။ ဒါပေမဲ့ မသမာသူတွေက စောင့်ပြီး လျှောက်တင်တဲ့အခါ ထုတ်လုပ်သူတွေဘက်မှာ သိန်း ပေါင်းများစွာ နစ်နာတာပေါ့။ အဲ ဒါကိုကြည့်တဲ့ ပရိသတ်တွေကနား လည်ဖို့ လိုမယ်။ သိဖို့လိုမယ်’’ဟု မျက်ခြယ်ထုတ်လုပ်ရေးမှ ဦးဝင်း နိုင်က ပြောသည်။

ထုတ်လုပ်သူများအနေနှင့် ခိုးယူရိုက်ကူးသူ အမျိုးသမီးကို ပြစ်ဒဏ်ကျခံရပါစေဟု စိတ်ကူး မရှိသော်လည်း ရုပ်ရှင်ရုံထဲ၌ တားမြစ်ထားသည့် စည်းကမ်းကို ဖောက်ဖျက်သောကြောင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု ဆိုသည်။

‘‘ကိုယ့်တိုက်က ဇာတ်ကား တွေ အပြင်မရောက်အောင် အခု နောက်ပိုင်း တေးဂီတပိုင်းနဲ့ပဲ ဖြစ်ဖြစ်၊ Editing ပိုင်းပဲဖြစ်ဖြစ် စိတ်အချရဆုံး လူတွေနဲ့ပဲ လုပ်ရ မယ်။ တစ်ခါတလေမှ လုပ်ရတဲ့ သူတွေဆိုရင် စာချုပ်ချုပ်ပြီးလုပ် ဖို့တွေ စီစဉ်ရပါမယ်’’ ဟု ဦးဝင်း နိုင်က ပြောသည်။

ဒါရိုက်တာတစ်ဦးအနေဖြင့် မိမိကိုယ်တိုင်ရိုက်ကူးထားသည့် ဇာတ်ကားများ ပရိသတ်ကြားတွင် ပျံ့နှံ့မှုများပြီး ပရိသတ်များစွာ ကြည့်ရှုခြင်းကို ကြိုက်နှစ်သက် သော်လည်း ထုတ်လုပ်သူများအ နေဖြင့် များစွာဆုံးရှုံးကြောင်း ဒါ ရိုက်တာအာကာက ပြောသည်။

‘‘ဒီလိုမျိုး ခိုးရိုက်တာက ထုတ်လုပ်သူအတွက် အရမ်းဆုံး ရှုံးမှုကြီးတယ်။ ခဏခဏ ဖြစ်လာ ရင်သူတို့လည်း ဆက်ရိုက်မှာမ ဟုတ်တော့ဘူး။ အဲဒီလိုဆို မြန်မာ ကားတွေ ဆက်ထွက်လာတော့မှာ မဟုတ်ဘူး။ သူတို့ဆက်မရိုက်ရင် အားလုံးအလုပ်လက်မဲ့တွေ ဖြစ် သွားနိုင်တယ်’’ဟု ၎င်းကပြော သည်။

ဇာတ်ကား မပြမီသက်ဆိုင် ရာ ရုပ်ရှင်ရုံများ၌ ဖုန်း၊ ကင်မရာများဖြင့် ရိုက်ကူးခွင့်မရှိဟု တားမြစ်ကာ စည်းကမ်းချက်ထုတ် ထားခြင်းကို သဘောတူသော ကြောင့် ရုံတွင်လာရောက် ကြည့်ရှုခြင်းဖြစ်သဖြင့် စည်းကမ်းဖောက်ဖျက်လျှင် သတ်မှတ်ထားသည့် ပြစ်ဒဏ်ကျခံရမည်ဟု ဒါရိုက်တာ အာကာက ပြောသည်။

လက်ရှိ အွန်လိုင်းတွင် ဇာတ် ကားတစ်ကားစာ ပျံ့နှံ့နေသည် ဇာတိမြေနှင့် ငဒူဇာတ်ကားများ သည် ရုပ်ရှင်ရုံ၌ အစအဆုံး ရိုက် ကူးထားပြီး ပေါက်ခြင်းမဟုတ်ဘဲ Editing အခန်းများက ပေါက်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အရေးကြီးတဲ့ Data ကို ပေး တဲ့သူရော၊ ယူတဲ့သူရော လက် မှတ်ထိုးပြီး လုပ်သင့်တယ်လို့ ထင် တယ်။ အခုနောက်ပိုင်းလက်မှတ် ထိုးတဲ့ အဆင့်လုပ်မယ်။ အကယ် ၍ပေါက်ခဲ့ရင် ပေးတဲ့သူရော၊ ယူ တဲ့သူရော၊ ပေါက်တဲ့သူရဲ့ နာ မည်နဲ့ တစ်ခုခု စည်းကမ်းထပ် ထုတ်ရင်တော့ ကောင်းတာပေါ့။ လူက အယောက်ကို ရာနဲ့ချီပြီး သွားတော့ ဘယ်နေရာက ပေါက် မှန်းသေချာမသိဘူး။ ရုပ်ရှင်ရုံမှာ အသံဖမ်းသွားတယ်ဆိုရင်တော့ ရုံရှင်နဲ့  ထုတ်လုပ်သူနှစ်ဖက်စလုံး ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်။ အခု ဆို လုံခြုံရေးတွေ ပိုတင်းကျပ်လာ မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ရုံမတင်ခင် ကိုယ့်ကားကို အပြင်ထွက်မသွားအောင် ထိန်း သိမ်းရမှာပေါ့’’ ဟု ဒါရိုက်တာအာ ကာက ပြောသည်။

ရုပ်ရှင်ရုံ၌ ဇာတ်ကားမပြသ မီ တားမြစ်ထားသည့် အရာများ ကို မြန်မာ့ရုပ်ရှင်ပရိသတ်များအ နေဖြင့် စည်းကမ်းတကျ လိုက်နာ သင့်ကြောင်း မြန်မာဇာတ်ကား များအား အခိုင်အမာအားပေး သည့် ပရိသတ် မ၀င်းနီအောင်က ပြောသည်။ 

‘‘ဒီကောင်မလေးကိစ္စရပ်မှာ အခုလို ထိထိရောက်ရောက် အ ရေးယူတာ မှန်ကန်ပါတယ်။ စည်း ကမ်းဆိုတာ အလကားချမှတ်ထား တာ မဟုတ်ပါဘူး။ လိုက်နာဖို့၊ အ လေးထားဖို့ ချမှတ်ထားတာပါ။ ဒါ မှနောက်အခုလို ကိစ္စဆောင်ရွက် မယ်လို့ ကြံရွယ်ထားသူတွေ ဒီအ ဖြစ်ကိုကြည့်ပြီး မလုပ်ရဲတော့မှာ ပါ။ မြန်မာ့ရုပ်ရှင်ကို ကြိုက်တယ်၊ အားပေးတယ်ဆိုရင် အမှန်အကန် နည်းလမ်းမှန်ကနေ အားပေးဖို့အ တွက်ကိုပဲ ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။   ။