နာမည်ကျော် တောင်ကို ရီးယားမင်းသား ဂိုဆူးသည် BH Entertainment ကုမ္ပဏီနှင့် တရားဝင် လက်တွဲဆောင်ရွက် မည်ဖြစ်သည်။

ဇန်နဝါရီ ၁၁ ရက်တွင် BH Entertainment က ‘မင်းသား ဂိုဆူးနဲ့ စာချုပ်ချုပ်လက်မှတ်ရေး ထိုးပြီးပါပြီ’ဟု ထုတ်ဖော်ပြော ကြားလိုက်သည်။

အသက် (၃၈)နှစ်အရွယ် ဂိုဆူးသည် 'The Flower in Prison' ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုအတွက် အားပေး မှုအများအပြား ရရှိထားသည်။

လီဗြောင်ဟွန်း၊ ဟန်ဟိုဂျိုး၊ ဟန်ဂျီမင်၊ ဟန်ဂါအင်၊ ဘီဆိုဘင်၊လီဂျီအာနှင့် အခြား နာမည်ကျော် အနုပညာရှင်များသည်  BH Entertainment ကုမ္ပဏီနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည်။

၁၉၉၈ ကတည်းက အနု ပညာလုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ပြီး သရုပ်ဆောင်ဆုများစွာ ချီးမြှင့်ခံခဲ့ရသော ဂိုဆူးသည် လက်ရှိတွင် ရုပ်ရှင်ကားသစ်တစ် ကား ရိုက်ကူးနေပြီး ၂၀၁၇ ပထမနှစ်ဝက်အတွင်း Lucid Dreamနှင့် Teeth and Nail ဇာတ်ကား များမှတစ်ဆင့် ပရိသတ်များနှင့် မိတ်ဆက်ရန် စီစဉ်ထားသည်။

—Ref: allkpop