ဒါရိုက်တာနေပိုင်ရိုက် ကူးမည့် အထက်တန်းစားရုပ်ရှင် တွင် ကနားစီးနတ်ဆရာကာရိုက် တာကို ပါဝင်သရုပ်ဆောင်ရန်ရှိ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။
ဓာတ်ပုံ−နေတိုးဖေ့စ်ဘွတ်ခ်

ဒါရိုက်တာနေပိုင်ရိုက် ကူးမည့် အထက်တန်းစားရုပ်ရှင် တွင် ကနားစီးနတ်ဆရာကာရိုက် တာကို ပါဝင်သရုပ်ဆောင်ရန်ရှိ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။

‘‘ဒီဇာတ်ရုပ်က အရမ်းလှုပ် တဲ့ဇာတ်ရုပ်တော့မဟုတ်ဘူး။ တည်ငြိမ်မှုရှိတဲ့ ဇာတ်ကောင်၊ စိတ်ခံစားမှုအရ စိတ်ရဲ့အဆင့်အ တန်း၊ သူဖြတ်သန်းလာတဲ့ဘ၀ လေးတွေက နည်းနည်းလေးကြမ်း တမ်းတယ်။ စိတ်ထားဖြူစင် တယ်။ မွန်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့ ကာရိုက်တာပေါ့။ နောက်ပြီး တော့ ကျွန်တော်မလုပ်ဖူးတဲ့ က နားစီးနတ်ဆရာတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင် ရမယ်ဆိုတော့ ရင်ခုန်မှုလည်းရှိ တယ်။ အဲဒါကြောင့်မို့ ဒီဇာတ်ရုပ် အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း၊ ကိုယ့် အတွက်ရော၊ ပရိသတ်အတွက် ရော စိတ်ကျေနပ်မှုရှိအောင်ကြိုး စားမယ်လို့ သန္နိဋ္ဌာန်ချထားပါ တယ်’’ ဟု ၎င်းကပြောသည်။

ကနားစီးနတ်ဆရာကာရိုက် တာအတွက် လိုအပ်သည့်အ ကြောင်းအရာများ၊ နတ်ကနားပွဲ များ၊ လိုအပ်သည့်သီချင်းများကြို တင်ပြင်ဆင်ထားသည်ဟု ဆို သည်။

‘‘၀င်ပူးရမယ့် နတ်၊ ကိုကြီး ကျော်ပါတယ်၊ အမေဂျမ်းပါ တယ်။ နတ်ဝင်ပူးတဲ့ဇာတ်ကောင် အနေနဲ့လည်း နှစ်ဆင်းန်လောက် ပါတယ်။ အဲဒီအတွက်ကို လေ့ လာထားတယ်’’ ဟု နေတိုးက ပြောသည်။

ယင်းဇာတ်ကားတွင် ၎င်းအ ပါအ၀င် ညီထွဋ်ခေါင်၊ သူရိယ၊ ပိုးအိအိခန့်၊ မြတ်ကေသီအောင် နှင့် စိုးမိုးကြည်တို့အဓိကပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါဇာတ်ကားသည် ရိုး ရာနှင့် Life ရောစပ်ထားသည့် ဇာတ်ကားတစ်ကားဖြစ်ပြီး ယုံ ကြည်မှုအပေါ် အခြေခံကာအခွင့် ကောင်းယူသည့်ပုံစံမျိုး ရိုက်ပြ ထားသည်ဟုဆိုသည်။

အထက်တန်းကျတဲ့လူတွေ ရဲ့ စိတ်ခံစားမှုနဲ့စိတ်အဆင့်အ တန်းကို ရိုက်တယ်ဆိုပေမယ့် ဒီ ကားမှာက ကျွန်တော်တို့ပရိသတ် ကို ဖမ်းစားတာသည် ဇာတ်ရဲ့ Presentation (တင်ပြပုံ)ပေါ့။ တကယ့်ကို Life ဒရာမာလိုမျိုး အီအီကြီးနဲ့ ပျင်းစရာကောင်း အောင်မသွားထားဘူး’’ ဟု ၎င်း ကပြောသည်။

အထက်တန်းစားဇာတ်ကား ကို ဩဂုတ် ၁၀ ရက်ကစတင်ကာ ကျောက်ဆည်၊ မန္တလေးနှင့် စဥ့် ကိုင်တွင် ရိုက်ကူးမည်ဖြစ်သည်။