ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍ လေးမှာတော့ ပရိသတ်တွေအ ပြောင်းအလဲလေး ဖြစ်သွား အောင်လို့ ဂျပန်ရုပ်သံဇာတ်လမ်း တွဲလေးဖော်ပြပေးလိုက်ပါတယ်။ Fuji TV ကနေသြဂုတ် ၄ ရက်က စလို့ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသနေတာ ဖြစ်ပါ တယ်။

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍ လေးမှာတော့ ပရိသတ်တွေအ ပြောင်းအလဲလေး ဖြစ်သွား အောင်လို့ ဂျပန်ရုပ်သံဇာတ်လမ်း တွဲလေးဖော်ပြပေးလိုက်ပါတယ်။  Fuji TV ကနေသြဂုတ် ၄ ရက်က စလို့ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသနေတာ ဖြစ်ပါ တယ်။ 


ဂီတအနုပညာရှင် တစ် ယောက်ဖြစ်ဖို့ဆိုတာ အသက် (၁၁)နှစ်အရွယ်မိန်းကလေး ဟိ ရာကိမိုရိမုရရဲ့ ရည်မှန်းချက်တစ် ခုပါ။ ဟိရာကိဟာ သူ့ရည်မှန်း ချက်တွေ ပြည့်မြောက်နိုင်ဖို့အ တွက် ဂီတအနုပညာရှင်အမျိုးသ မီးတစ်ယောက်ဆီကနေ ပညာ သင်ယူဖို့လုပ်ခဲ့ပေမယ့် တစ်ရက် မှာတော့ အဲဒီအမျိုးသမီးအသတ် ခံရပါတယ်။ 

ဟိရာကိရဲ့အစ်ကိုအကြီး ဆုံးကုနိဟိကိုက အဲဒီအမျိုးသမီး  နဲ့တွဲခုတ်နေသူမို့ လူသတ်မှုမှာပါ ၀င်ပတ်သက်တယ်ဆိုပြီး အဖမ်းခံ ခဲ့ရပါတယ်။ အဲဒါနဲပဲ ဟိရာကိ ဟာသူရဲ့မွေးရပ်မြေကို စွန့်ခွာခဲ့ သလိုမိုရိမုရဆိုတဲ့ မိသားစုအ မည်ကိုပါပြောင်းပစ်ခဲ့ပြီး ဇာတ် မြှုပ်နေခဲ့ရပါတယ်။ 

ဒီလိုနဲ့နေလာရင်း ဟိရာကိ ဟာ (၂၆) နှစ်အရွယ်ရောက်လာ ခဲ့ပြီး သူငယ်ငယ်လေးကတည်း ကရည်မှန်းချက်ကတော့ လုံးဝမ ပြောင်းလဲခဲ့ပါဘူး။ ဟိရာကိဟာ ဘားမှာ အလုပ်လုပ်ရင်းသူ့အမေ ကိုပြုစု စောင့်ရှောက်နေကာဘ၀ ကို ခက်ခက်ခဲခဲနဲ့ကြိုးစားရုန်းကန် ရင်းရှင်သန်နေရာတာမို့ သူ့ရည် မှန်းချက်အိပ်မက်နဲ့ကတော့ အ ဝေးကြီးဝေးနေခဲ့ပါတယ်။ 

တစ်ရက်မှာတော့သူရဲ့ အစ် ကိုကြီးကုနိဟိကို ထောင်ကလွတ် လာပြီဆိုတဲ့သတင်းကြားခဲ့တာမို့  သူ့ဘ၀နဲ့မိသားစုဘ၀ပျက်စေခဲ့ တဲ့အစ်ကိုကြီးကို နောက်ဆုံးအ ကြိမ်နှုတ်ဆက်ဖို့အတွက် သွား တွေ့ခဲ့ပါတယ်။ 

ဟိရာကိနဲ့သူ့အစ်ကိုကြီး တွေ့တဲ့အခါမှာတော့ သူ့အစ်ကို  ကသူဟာလူသတ်မှုနဲ့ဘာမှမပတ် သက်တဲ့ရိုးသားသူတစ်ယောက် ဖြစ်တဲ့အကြောင်း ပြောပြပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ 

လူသတ်မှုကို အမှန်တကယ်  ကျူးလွန်သူက ဘယ်သူဖြစ်မလဲ။  ဟိရာကိတစ်ယောက်ရိုးသားတဲ့ သူ့အစ်ကိုကြီး မတရားခံရမှုအ တွက် ဘာတွေဆက်လုပ်မလဲဆို တာတော့ ဆက်ကြည့်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။