သြဂုတ် ၁၂ ရက်တွင် ကျရောက်မည့် မွေးနေ့အမှတ်တ ရအနေဖြင့် သီချင်းတစ်ပုဒ်ကို အွန်လိုင်းမှဖြန့်ချိရန် အစီအစဉ်ရှိ ကြောင်း စန္ဒီမြင့်လွင်ကပြော သည်။

သြဂုတ် ၁၂ ရက်တွင် ကျရောက်မည့် မွေးနေ့အမှတ်တ ရအနေဖြင့် သီချင်းတစ်ပုဒ်ကို အွန်လိုင်းမှဖြန့်ချိရန် အစီအစဉ်ရှိ ကြောင်း စန္ဒီမြင့်လွင်ကပြော သည်။ 


‘‘သီချင်းက အချစ်သီချင်း လေးပါပဲ။ သီချင်းနာမည်က Pepi တဲ့။ ရည်းစားကို Pepi လေး လုပ်နိုင်မလားပေါ့။ သီချင်းလေး ကအေးအေးလေးနဲ့ ဒီးဒီဆိုနေကျ  မဟုတ်တဲ့ ပုံစံလေးပါ’’ ဟု ၎င်းက ပြောသည်။ 

ယင်းသီချင်းကို ယခုရက် ပိုင်းတွင်အသံသွင်းနေပြီး ဖြန့်ချိ မည့်အွန်လိုင်းစတိုးကို ရွေးချယ် နေဆဲဖြစ်ကြောင်း၎င်းက ဆို သည်။ 

‘‘မွေးနေ့အမှတ်တရက မ နှစ်ကလည်းထုတ်တယ်။ မနှစ်က တော့ အင်္ဂလိပ်သီချင်းဆိုတော့  ပရိသတ်နဲ့သိပ်မရင်းနှီးသလိုဖြစ် သွားတယ်။ ဒီသီချင်းကတော့ နား စွဲလွယ်တယ်’’ ဟု စန္ဒီမြင့်လွင်က  ပြောသည်။ 

တစ်ကိုယ်တော်ခွေအဖြစ် ထုတ်မည်ဆိုပါက သီချင်းများအ ဆင်သင့်ရှိသော်လည်း  ဈေးကွက် အခြေအနေကြောင့် အချိန်စောင့် နေကြောင်း၎င်းကပြောသည်။ 

‘‘ဒီနှစ်မကုန်ခင်မှာတော့ ဒီးဒီ အလုပ်တစ်ခုလုပ်ဖို့ရှိတော့ အဲဒီ ဘက်ကို နည်းနည်းလုပ်နေတယ်။  တစ်ခါတလေကျတော့လည်း အယ်လ်ဘမ်ထုတ်တာထက်အခု လိုတစ်ပုဒ်ချင်းထုတ်တာကိုပိုပြီး Feel လာတယ်’’ဟု စန္ဒီမြင့်လွင် ကပြောသည်။ 

ဝမ်းကွဲညီအစ်မများဖြစ် သည့် စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် တို့နှင့် လူမှုကွန်ရက်စာမျက်နှာ တွင်ဓာတ်ပုံများ၊ Live ဗီဒီယိုများ  တင်ခြင်းနှင့် ပတ်သက်၍ ‘‘မကြီး  က အကြီးဆုံးဆိုတော့ နည်းနည်း ကြောက်ရတာ။ မဒါနဲ့ဆိုရင်အ သက်ကွာပေမယ့် အရမ်းရင်းနှီး တယ်။  ဇင်ဇင်နဲ့ဆိုရင်လည်း ငယ်ငယ်ကတည်းက ရင်းနှီးတယ်။အခုလို အွန်လိုင်းမီဒီယာတွေက သာမပြောဖြစ်တာ’’ ဟု ၎င်းကပြောသည်။  ထို့အပြင် ညီအစ်မများ ပေါင်း၍အလုပ်လုပ်ရန် စီစဉ်နေ ပြီးပရိသတ်များကို မကြာမီအသိ ပေးမည်ဟု​ ၎င်းကဆိုသည်။  လတ်တလောတွင် စီးပွားရေး ကိစ္စများကြောင့် လာမည့်နှစ်မှ သာရင်သွေးယူဖြစ်မည်ဟုစန္ဒီမြင့် လွင်က ပြောသည်။