တရားဥပဒေစိုးမိုးမှု၊တရားမျှတမှု၊ တရားစီရင်မှုအပေါ် မေးခွန်းထုတ်ရမယ့်ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့လ ဇူလိုင် ၂၅ ရက်တုန်းက ထွက်ပေါ်ခဲ့ပါတယ်။ သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုက သံသယရှိသူသုံးဦးကို တရားရုံးက အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးမှု၊တရားမျှတမှု၊ တရားစီရင်မှုအပေါ် မေးခွန်းထုတ်ရမယ့်ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့လ ဇူလိုင် ၂၅ ရက်တုန်းက ထွက်ပေါ်ခဲ့ပါတယ်။ သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုက သံသယရှိသူသုံးဦးကို တရားရုံးက အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

ဒီသတင်းကိုကြားသိရချိန် မှာပဲ အံ့သြမှင်တက်မိခဲ့ပါတယ်။ လူတစ်ယောက်ကို အသက်သေ ဆုံးစေတဲ့အထိ ပြုမူခဲ့တဲ့ဖြစ်စဉ် ဟာ ကွင်းလုံးကျွတ်လွတ်သွား စရာအကြောင်းရှိရဲ့လား၊ အဲဒီလို လွှတ်ပေးဖို့ကော သင့်တဲ့အမှုလား ဆိုတဲ့ အတွေးတွေလည်း ဖြစ်ခဲ့ရ ပါတယ်။ ဒီသတင်းထွက်ပေါ်လာ ပြီး မရှေးမနှောင်းမှာပဲ လူမှုကွန် ရက်ပေါ်ကနေတစ်ဆင့် ပြည်သူ လူထုရဲ့ ဝေဖန်မှုတွေလည်း ပြင်း ပြင်းထန်ထန်ထွက်ပေါ်ခဲ့ပါတယ်။

‘‘အဂတိတရားအခြေမခံဘဲနဲ့တော့ ဒီအမှုက ဒီလိုမဖြစ်လာနိုင် ပါဘူး’’

အမှုရုပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဦး တင်ထွေးက ဖြေဆိုထားတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမေးမြန်းခန်းမှာ ပဲ NLD ပါတီဝင်အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင် သိန်းကလည်း ‘‘စွဲချက်မတင်ဘဲ လွှတ်ပစ်တယ်ဆိုတာ ဒါဥပဒေကို လက်တစ်လုံးခြား၊ လွယ်လင့်တ ကူလုပ်ပစ်တယ်လို့ ကျွန်တော့် ဘက်က မြင်တယ်။ တရားဥပဒေ စိုးမိုးရေးအတွက် အများကြီးထိ ခိုက်စေတဲ့အကြောင်းခြင်းရာ ဖြစ် တယ်’’လို့ ဆိုထားပါတယ်။

တရားရေးမဏ္ဍိုင်ယိမ်းယိုင် နေမှု၊ တရားဥပဒေစိုးမိုးရေးအ ပိုင်းမှာ အားနည်းမှုတွေနဲ့ ပတ် သက်ပြီး ဥပဒေပြုရေးအပိုင်းမှာ ပါဝင်နေသူတို့ရဲ့ ထောက်ပြထား ချက်များလည်း ဖြစ်ပါတယ်။

တရားရုံးအမိန့်ချခဲ့ပြီး ငါး ရက်အကြာ ဇူလိုင် ၃၀ ရက်မှာ တော့ သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ‘သရုပ်ဆောင် အောင်ရဲထွေးအမှုအား ရုပ်သိမ်းခဲ့ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအသိပေးထုတ်ပြန်ချက် ထဲမှာ ဒီလိုအမှုရုပ်သိမ်းမိန့်ချမှတ် ခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကပါ စိစစ်မေးမြန်းမှု တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပြီး စိစစ်မေးမြန်းရာကနေ သိရှိခဲ့ရ တာတွေကို ဖော်ပြထားသလို ဒီလို အမှုရုပ်သိမ်းခဲ့တာကြောင့် မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်း လွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ် လောင်လောင်ဖြစ်ပေါ်နေတဲ့အ တွက်ဆိုပြီး ဆက်လက်ဆောင် ရွက်မယ့် အချက်သုံးချက်ကို ထုတ် ပြန်အသိပေးခဲ့ပါတယ်။

အဲဒီထဲမှာ အရှေ့ပိုင်းခရိုင် တရားရုံးက စွဲချက်မတင်မီ လွှတ် တဲ့အမိန့်ချမှတ်ထားတာဖြစ်တဲ့အ တွက် အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့အတွက် တိုင်းဒေသကြီးတရားလွှတ်တော် ကို တင်ပြဖို့ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက တိုင်းဒေသကြီးဥပဒေ ချုပ်ထံ ညွှန်ကြားထားတဲ့အ ကြောင်း၊ တိုင်းဒေသကြီးတရား လွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင်း အမှု ကို ဆက်လက်စစ်ဆေးရမှာဖြစ် ကြောင်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီအချက်တွေအပြင် အခု လွှတ်ပေးလိုက်သူတွေဟာ ပြည်ပကိုရောက်ရှိနေတယ်လို့ သတင်း ထွက်ပေါ်နေတာတွေနဲ့ ပတ်သက် ပြီးတော့လည်း အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေက တစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ တဲ့ သာဓကတွေရှိတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက် တစ်နေ့မှာတော့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီး ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်းရဲ့ နောက်ခံအ ကြောင်းရင်း၊ အခြားဆက်နွှယ် ပတ်သက်မှုများနဲ့ စပ်လျဉ်းပြီး တိတိကျကျစိစစ်ကာ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန်ဆောင်ရွက် ရေးလမ်းညွှန်မှာကြားခဲ့တယ်ဆို တာကိုလည်း ဦးဇော်ဌေးက လူမှု ကွန်ရက်မှာ ဖော်ပြခဲ့ပြန်ပါတယ်။

အဲဒီမတိုင်မီရှေ့ရက်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်ကတော့ သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ၊ တရားလွှတ်တော်ချုပ်၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအ တွင်းတွေ့ဆုံချိန် ပြည်သူအချင်း ချင်းဖြစ်ပွားတဲ့ သေမှုသေခင်းကို ကျေအေးရုပ်သိမ်းခွင့်မရှိကြောင်း၊ လူသေဆုံးမှုမှာ တရားလိုက နိုင်ငံ တော်ဖြစ်ကြောင်း၊ လူသတ်မှုကို ကျေအေးပေးလိုက်တဲ့ကိစ္စပြန်ပြီး သုံးသပ်ဖို့ ထုတ်ဖော်ပြောဆိုခဲ့ တယ်လို့လည်း ကြားသိရပါတယ်။ဒါဟာ သရုပ်ဆောင် အောင် ရဲထွေးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲခံထားရသူသုံး ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမှုရုပ်သိမ်းလွှတ် ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြည် သူလူထုကြား ဝေဖန်သံတွေ ပြင်း ထန်လာချိန်မှာ အစိုးရပိုင်းက ပြန်လည်စိစစ်ဖို့ စီမံဆောင်ရွက်လာ တာဖြစ်ပါတယ်။ ပြည်သူ့အသံ အစိုးရအဖွဲ့ထံ ရောက်ရှိခဲ့တယ် လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

အမှုရုပ်သိမ်းပေးလိုက်ပြီး နောက်ရက်ပိုင်းအတွင်းမှာပဲ တရားစွဲဆိုခံရသူ သုံးဦး ပြည်ပ ထွက်ခွာသွားတယ်ဆိုတဲ့ သတင်း စကားတွေရှိခဲ့သလို အဲဒီထဲက တစ်ဦးဖြစ်သူက သူ့ရဲ့လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ပြက်ရယ် ပြုနေတဲ့ ဓာတ်ပုံတင်ခဲ့ခြင်း၊ တိုက်ဆိုင်စွာပဲ သူတို့ကို လွှတ်ပေးလိုက် ပြီး နောက်တစ်ရက်ကျော်ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်မှာပဲ နိုင်ငံပိုင် သတင်းစာတွေမှာ ဥပဒေဆိုင်ရာ ဆောင်းပါးနှစ်ပုဒ်ဖော်ပြလာခြင်း က ပြည်သူလူထုကြားမှာ ဝေဖန် ထောက်ပြမှုတွေ ထပ်ဆင့်ပေါ် ထွက်ခဲ့ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးတို့နဲ့ ပတ်သက်ပြီး အားနည်းချက်၊ ယိုယွင်းယိမ်းယိုင်ချက်တွေကို ဒီ ဖြစ်စဉ်က ကွင်းကွင်းကွက်ကွက် ပြဆိုသွားခဲ့တာဖြစ်ပြီး အဲဒီကနေ သက်ရောက်လာတဲ့ ပြည်သူလူထု ထံက ဝေဖန်ထောက်ပြချက်တွေ ဟာလည်း တရားရေးမဏ္ဍိုင်ယိမ်း ယိုင်နေမှု၊ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုတို့ကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

  ဒီဖြစ်စဉ်တွေရဲ့ နောက် ဆက်တွဲ လက်ရှိအခြေအနေက တော့ လွတ်မြောက်ခဲ့သူသုံးဦးကို တရားရုံးက ပြန်လည်ဆင့်ခေါ်ခဲ့ သလို တရားစွဲဆိုခံရသူတွေကို လွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက် အပေါ် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ကျော်စော သတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တရားမျှတမှု ရှိစေဖို့ ဧရာဝတီတိုင်းမဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကြည်ဝင်း ကလည်း လွှတ်တော်မှာ မေးခွန်း တင်သွင်းထားတယ်လို့ သိရပါ တယ်။

‘‘ယိမ်းယိုင်နေတဲ့ တရားစီ ရင်ရေးကို တည့်မတ်ရပါလိမ့် မယ်’’

သမ္မတဦးဝင်းမြင့်က ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုပွဲအ ခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ ပြီး အဲဒီမိန့်ခွန်းမှာ အစိုးရရဲ့ ဦး စားပေးရည်မှန်းချက်ပန်းတိုင်ဆို ပြီး အချက်သုံးချက်ကို ပြောကြား ခဲ့ပါတယ်။ အဲဒီအချက်သုံးချက် ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက်ဟာ ထိပ်ဆုံးကပါဝင်နေခဲ့ ပြီး အထက်ပါစကားကိုလည်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါ တယ်။

ဧပြီ ၁၇ ရက်က ပြောခဲ့တဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား မှာလည်း သမ္မတက ယိမ်းယိုင်နေ တဲ့ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်ပြီး ထည့် သွင်းပြောဆိုခဲ့ပါသေးတယ်။ အဲဒီ နှုတ်ခွန်းဆက်စကားမှာ သမ္မတက ‘‘ယိမ်းယိုင်နေတဲ့ တရားစီရင်ရေး ကိုတည့်မတ်ဖို့ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူ ကြီးများနှင့် တွေ့ဆုံပြီး တရားရုံး အသီးသီးအား တရားသူကြီးအ ဆင့်ဆင့်က တာဝန်ယူမှု၊ တာဝန် ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြ ရန် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ပြည် ထောင်စုဥပဒေဆိုင်ရာအ ထောက်အကူပေးရေးအဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေးစင်တာတွေဟာ တက် တက်ကြွကြွပူးပေါင်းဆောင်ရွက် ကြရန် ဖြစ်ပါတယ်။ ဘက်မလိုက် တဲ့၊ လွတ်လပ်တဲ့၊ တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာ ထိန်းညှိနိုင်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းရပါ လိမ့်မယ်။ ဥပဒေ၏ ရှေ့မှောက် တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါမယ်’’လို့ ဆိုခဲ့ ပါတယ်။

မြန်မာ့တရားဥပဒေစိုးမိုးရေးနယ်မြေကနေ ထွက်ပြေးလွတ် မြောက်နေသူတွေရှိပါတယ်။ လက်တစ်လုံးခြားနေသူတွေရှိပါတယ်။ ပြက်ရယ်ပြုနေသူတွေရှိပါတယ်။ မထီမဲ့မြင်ပြုနေသူတွေရှိပါတယ်။ နားရွက်တံတွေးဆွတ်နေသူတွေရှိ ပါတယ်။ ဒါတွေကို ‘ရာဇ၀တ်ဘေးပြေးမလွတ်’ဆိုတဲ့ စကားနဲ့ညီစေ ရေး ကြပ်မတ်စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။

 ဒီလိုတရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ တရားရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းဟာ ပြည်သူလူထု အတွက် မလုံခြုံမှု၊ ခြိမ်းခြောက်မှု၊ စိုးကြောက်မှုမျိုးစုံကို ရင်ဆိုင်ကြုံ တွေ့ရစေပါတယ်။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဒီလိုဆက် လက်ဖြစ်တည်နေခြင်းကလည်း အရုပ်ဆိုး အကျည်းတန်လှပါ တယ်။

ခေတ်အဆက်ဆက်ယိုယွင်း ပျက်စီးယိမ်းယိုင် လာနေခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ တရားစီ ရင်ရေးတို့ ဖြောင့်မှန်တည့်မတ် ကောင်းမွန်လာဖို့အရေး ဒီမိုကရေစီအစိုးရလက်ထက်မှာ အရှိန်အဟုန်မြှင့်ဖော်ဆောင်သွားနိုင်ဖို့လိုမှာ ဖြစ်ကြောင်းပါ။    ။

(ဆောင်းပါးရှင် ဂျေငြိမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများရေးသားနေသူ ဖြစ်သည်)