ဧရာဝတီတိုင်းဒေသကြီးဟာ ဧရာ ၀တီမြစ်ဝကျွန်းပေါ်မှာ တည်ရှိပြီး ဆန်ရေစပါး ပေါများကြွယ်ဝလှ တာကြောင့် မြန်မာနိုင်ငံရဲ့ စပါး ကျီလို့ တင်စားခေါ်ဝေါ်ကြပါ တယ်။ နွေရာသီရောက်တဲ့အခါ မှာလည်း ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ် စတဲ့ ကိုင်းသီးနှံများ စိုက်ပျိုးထွက် ရှိတဲ့ အရပ်ဒေသဖြစ်ပါတယ်။ ဒါ့အပြင် ရှည်လျားတဲ့ ပင်လယ် ထွက်ပေါက်ကြီးရှိတဲ့အတွက် ရေ ထွက်ကုန်ပစ္စည်းတွေဟာလည်း နိုင်ငံခြားအထိ ခရီးဆန့်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ ဧရာ ၀တီမြစ်ဝကျွန်းပေါ်မှာ တည်ရှိပြီး ဆန်ရေစပါး ပေါများကြွယ်ဝလှ တာကြောင့် မြန်မာနိုင်ငံရဲ့ စပါး ကျီလို့ တင်စားခေါ်ဝေါ်ကြပါ တယ်။ နွေရာသီရောက်တဲ့အခါ မှာလည်း ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ် စတဲ့ ကိုင်းသီးနှံများ စိုက်ပျိုးထွက် ရှိတဲ့ အရပ်ဒေသဖြစ်ပါတယ်။ ဒါ့အပြင် ရှည်လျားတဲ့ ပင်လယ် ထွက်ပေါက်ကြီးရှိတဲ့အတွက် ရေ ထွက်ကုန်ပစ္စည်းတွေဟာလည်း နိုင်ငံခြားအထိ ခရီးဆန့်နေပါတယ်။ ဒီလိုဒေသထွက်ကုန်တွေ ပေါများတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးမှု ကောင်းမွန်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများခဲ့ပါတယ်။

စာရေးသူဟာ ဧရာဝတီ တိုင်းသားတစ်ယောက်ဖြစ်ပြီး ဇာ တိမြို့က ဟင်္သာတပါ။ ဟင်္သာတ ဟာကိုလိုနီခေတ်က အရေးပိုင်ရုံး စိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ဧရာဝ တီမြစ်၊ င၀န်မြစ်တို့ရဲ့ ပန်းတာ များကို ကိုလိုနီခေတ်က အင်္ဂလိပ် အင်ဂျင်နီယာတွေ တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ ရေစီးရေလာ၊ မြေအနိမ့်အမြင့်၊ ရေဝေရေလဲ တွေကို တွက်ချက်ပြီး တာတမံ များတည်ဆောက်ခဲ့တဲ့အတွက် နှစ်ပေါင်းများစွာ ကြာသည့်တိုင် မပျက်စီးသေးဘဲ ဒီတာတမံတွေ အတွင်းမှာ ပြည်သူပြည်သားတွေ စိုက်နိုင်၊ ပျိုးနိုင်ကြတာဖြစ်ပါတယ်။  ရှေးနှစ်ပေါင်းများစွာက ယခုလို မိုးတွင်းရောက်ရင် ရေနက်ကွင်း ကြီးလို ဖြစ်နေတဲ့ မြစ်ဝကျွန်းပေါ် ဒေသကို သီးနှံတွေစိုက်နိုင်ပျိုးနိုင် အောင် တီထွင်ကြံဆခဲ့ကြတဲ့ အင်္ဂလိပ်ကျေးဇူးကိုလည်း အသိအမှတ်ပြုရပါမယ်။

စာရေးသူတို့ ငယ်စဉ်က ဟင်္သာတက ရန်ကုန်သွားမယ်ဆို ရင် ဧရာဝတီမြစ်ကို ဇက်၊ မော် တော်၊ သမ္ဗန်များဖြင့် ဖြတ်ကူး ပြီး ပဲခူးတိုင်းအပိုင် လက်ပံတန်း မြို့နယ်ထဲက သရဝေါဘူတာက နေ ကြည့်မြင်တိုင်အထိ ရထား စီးမှ ရောက်ပါတယ်။ ဟင်္သာတ သားတွေ တင်မဟုတ်ပါဘူး။ ဇလွန်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကျုံ ပျော်၊ ရေကြည်၊ မြန်အောင်၊ ကြံ ခင်းက ခရီးသွားများပါ သာရဝေါ က ရန်ကုန်ကို ရထားစီးကြရပါ တယ်။ ဧရာဝတီမြစ်ဆိပ် ဟင်္သာ တစ်ဖက်ကမ်းဟာ တစ်ချိန်က ရေ  လယ်ကျွန်းကြီးပါ။ မြစ်ဆိပ်ကို ရောက်ဖို့ ကားနဲ့သွားရပါတယ်။ မြစ်ဆိပ်မှာ ရန်ကုန်ကိုတင်ပို့မယ် ဆန်တင်သင်္ဘောတွေ၊ ပဲ၊ ပြောင်း၊နှမ်း၊ ငရုတ်ဆေးရွက်ကြီးစတဲ့ ကုန်ပစ္စည်တွေတင်တဲ့ သင်္ဘော တွေ မြောက်မြားစွာပါပဲ။ ကြည့် မြင်တိုင်-သာရဝေါ အစုန်၊ အဆန်ရထားဟာ တစ်နေ့မှ တစ်ကြိမ် ထွက်တာကြောင့် ရထားလက် မှတ်ရဖို့ဟာ အင်မတန်ခက်ခဲပါ တယ်။

ဟင်္သာတလိုပဲ ပုသိမ်ဘက် ကနေ ရန်ကုန်သွားမယ်ဆိုလည်း အထူးသဖြင့် ရေလမ်းခရီးကိုသာ  အားကိုးခဲ့ရပါတယ်။ သင်္ဘောနဲ့ သွားရင်သွား၊ မသွားနိုင်ရင် ပုသိမ်က ဟင်္သာတအထိ ရထားစီးပြီးမှ  ဟင်္သာတကနေ ရန်ကုန်ကို ရထားစီးဖို့သာ ရှိပါတယ်။ ထိုအချိန်က ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ် -ဟင်္သာတ-ကြံခင်း ရထားလမ်း တစ်ခုတည်းသာ ရှိခဲ့ပါတယ်။ ထို ရထားလမ်းဟာလည်း အင်္ဂလိပ် ဖောက်ခဲ့တာ ဖြစ်ပါတယ်။

န၀တ အစိုးရလက်ထက် မှာတော့ ‘မြစ်ကိုမြင်လျှင် တံတား ဆင်ပြည်ခွင်သာဖို့ လမ်းဖောက် စို့’ဆိုပြီး တံတားတွေဆောက်၊ လမ်းတွေ ဖောက်ရာမှာ ရန်ကုန်- ဟင်္သာတ၊ ရန်ကုန်-ပုသိမ်ကား လမ်းလည်း ပါဝင်လာခဲ့ပါတယ်။ လမ်းဖောက်လုပ်ပြီးစမှာ ညောင် တုန်းမြို့နယ် စက္ကော့ရွာကနေ ဧရာဝတီမြစ်ကို ဇက်နဲ့ကူးရပါ တယ်။ နှစ်အနည်းငယ်အကြာမှာ တော့ ဗိုလ်မြတ်ထွန်းတံတားကြီး တည်ဆောက်ခဲ့ပြီး ကြိမ်ပင်ဆည် ရွာကနေ မြစ်ကိုတံတားဖြင့် ကူး နိုင်ခဲ့ပါတယ်။

ရာဇ၀င်တွေ များစွာရှိခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ လမ်း ပန်းဆက်သွယ်ရေး သမိုင်းကြောင်းမှာ သမိုင်းသစ်တစ်ခုရေးထိုးဖို့ကို ၂၀၀၈ မတိုင်မီမှာ စတင်နိုင်ခဲ့ပါ တယ်။ ဟင်္သာတမြို့က သာသနာ့ဗိမာန်တော်ကြီးမှာ နအဖ အစိုးရအကြီးအကဲများ၊ တိုင်းမှူးဝန်ကြီးများနဲ့ မြို့မိ မြို့ဖများ တွေ့ဆုံပွဲပြုလုပ်ပါတယ်။ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူများ ပြန်ပြောလို့သိရ တာဖြစ်ပါတယ်။ အခမ်းအနားမှာ အစိုးရအကြီးအကဲများက သြ၀ါဒစကား ပြောကြားပြီးတဲ့နောက် အကြီးအကဲထဲကတစ်ဦးက မြို့မိမြို့ဖများကို ‘ကဲ ဟင်္သာတအ တွက် ဘာလိုအပ်သလဲ’လို့ မေးပါသတဲ့။ ဒီအချိန်မှာ ဇာတ်တိုက်ထားသကဲ့သို့ တိုင်းအကြီးအကဲတစ်ဦး က မြို့မိမြို့ဖတစ်ဦးကို ပြောလိုက် လေလို့ ပြောရာမှာ မြို့မိမြို့ဖ တစ်ဦးက ကြောက်ကြောက်ရွံ့ရွံ့နဲ့ ‘ဟုတ်ကဲ့၊ ကျွန်တော်တို့ မြို့လမ်း ပန်းဆက်သွယ်ရေးမှာ ရန်ကုန်ကို ကားလမ်းတစ်ခုသာ အားကိုးနေ ရတဲ့အတွက် ရထားလမ်းတစ်စင်း  လောက် ဖောက်ပေးဖို့ တောင်းဆိုအပ်ပါတယ်’ လို့ ထပြောပါတယ်။

အစိုးရအကြီးအကဲက တစ် ချက်တွေဝေသွားပြီး ‘ရထားလမ်း ဆိုတာ မော်တော်ကားလမ်းနဲ့ မတူဘူး။ ကုန်ကျစရိတ် အရမ်း များတယ်။ တံတားတွေလည်း ဆောက်ရဦးမယ်။ ဒါပေမဲ့ ဟင်္သာ တသားတွေ လိုချင်တောင့်တနေတော့လည်းဖြစ်ပြီလို့သာ မှတ် လိုက်တော့’လို့ ပြောဆိုခဲ့ကြောင်း အခမ်းအနားတက်ရောက်သူများ ထံမှ တစ်ဆင့်စကားတစ်ဆင့် နား ဖြင့် ကြားခဲ့ရပါတယ်။ ထိုအချိန် ဟာ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပဖို့ နီးကပ်နေတဲ့အချိန် ဖြစ်ပါတယ်။

 ဘာပဲဖြစ်ဖြစ် ဟင်္သာတ သား၊ ပုသိမ်သားတွေဟာ မီးရ ထားကြီးစီးပြီး ရန်ကုန်လာရမယ် ဆိုတဲ့အတွက် ၀မ်းသာကြပါတယ်။ ဆန်တွေ၊ စပါးတွေ၊ ပဲအမျိုး မျိုးတွေ ရထားနဲ့ တင်ရင်စရိတ် ပိုသက်သာမယ်လို့ တွက်တဲ့စီးပွား ရေးသမားတွေလည်း ရှိတာပေါ့။ မီးရထားကူးဖို့ ဧရာဝတီမြစ်ပေါ် မှာ ယခင်မြစ်ကူးတံတားနဲ့ ယှဉ် ပြီး တံတားသစ်တစ်စင်း ဆောက် ပါတယ်။ ရထားလမ်းတစ်လျှောက် က စပါး၊ ပဲစိုက်ပျိုးမြေတွေ သိမ်း ပါတယ်။  ရထားလမ်းတစ် လျှောက်မြေသားလုပ်ငန်း၊ ကျောက်ခင်းလုပ်ငန်းတွေ ကန်ထရိုက်ရသူ ရပါတယ်။ စီးပွားဖြစ်ကြတာပေါ့။

၂၀၁၂ လောက်မှာ ရန်ကုန် လှိုင်သာယာဘူတာကနေ ရထား စတင်ပြေးဆွဲတယ်လို့ သိရပါ တယ်။ စမ်းသပ်ပြေးဆွဲစဉ်ကာလ ကတည်းက ရထားဟာ တွဲခဏ ခဏ ချော်တယ်လို့ကြားရပါတယ်။ ထိုနှစ်ပိုင်းလောက်မှာ ဟင်္သာတသို့ မော်တော်ကားဖြင့်ပြန်ရင်း ညောင်တုန်း ဆားမလောက်တာဆုံမှာ လူငယ်တစ်ဦး ကင်မရာကြီးလွယ်ပြီး ကားပေါ်တက်လာလို့ ကြည့်လိုက်ရာမှာ ဒီဗီဘီသတင်းထောက်အသိ ဖြစ်နေပါတယ်။ ဘယ်ကလာတာလဲ မေးတော့ ‘ရန်ကုန်-ဟင်္သာတ ရထားစီးခရီးသည်တွေကို အင်တာဗျူးဖို့ လှိုင်သာယာဘူတာက နေရထားစီးလာတာ ရထားပေါ်မှာ ကျွန်တော်နဲ့ အရူးမတစ်ယောက်၊ နှစ်ယောက်တည်းသာရှိတဲ့အတွက် ကြောက်လို့ ရထားပေါ်က ဆင်းလာတာ’ လို့ ဆိုပါတယ်။ ဒီကတည်းက စာရေးသူ တို့ မိသားစု ဟင်္သာတကို ရထား စီးပြီး အလည်သွားဖို့ အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။

ယခုအမျိုးသားလွှတ်တော် မှာ ကျပ်သန်းနှစ်သောင်းခြောက် ထောင်ကျော် အကုန်ကျခံဖောက် လုပ်ခဲ့တဲ့ လှိုင်သာယာ- ဟင်္သာ တရထားလမ်း ပြန်ဖွင့်ရန် ဧရာဝ တီတိုင်း အမျိုးသားလွှတ်တော်အ မတ်တစ်ဦးက အကြံပြုဆွေးနွေး ရာမှာ ၀န်ကြီးဌာနက တစ်ရက် လျှင် ခရီးသည်ရှစ်ဦးသာရှိ၍ ပြန် ဖွင့်မည်မဟုတ်ဟုဆိုတဲ့အတွက် ဟင်္သာတသားတွေ အိပ်မက်နိဂုံး ချုပ်ရန်သာ ရှိပါတော့တယ်။

ဝန်ကြီးဌာနက ပြောသလိုပါ ပဲ။ ရထားလမ်းဖောက်လုပ်ခြင်း မပြုမီက ဖြစ်နိုင်စွမ်း လေ့လာမှု မရှိသလို မြေနေရာ ရွေးချယ်ရာ မှာလည်း စနစ်တကျလေ့လာခြင်း မရှိတဲ့အတွက် မိုးတွင်းမှာ မြေနိမ့် ကျွံခြင်း၊ တာပေါင်မြေလျော့ကျ ခြင်းတွေ ဖြစ်ကာ ရထားခဏခဏ တွဲချော်ခြင်းတွေ ဖြစ်ခဲ့တာဖြစ်ပါ တယ်။ ရထားလမ်းမကောင်းတဲ့ အတွက် ခရီးသွားချိန် ကြာမြင့်မှု ကိုလည်း ခရီးသည်တွေက ခံနိုင် ရည်ရှိမှာမဟုတ်ဘဲ မိုင် ၉၀ ကျော် အကွာအဝေးကို ၃ နာရီခွဲလောက်သာကြာတဲ့ မော်တော်ကားနဲ့ပဲ သွားကြမှာ ဖြစ်ပါတယ်။

ယခုတော့ ကျပ်သန်းသောင်း ချီတဲ့ နိုင်ငံ့ ဘဏ္ဍာငွေတွေဟာ သဲထဲရေသွန်သလို ဖြစ်ခဲ့ရပါပြီ။ ရထားလမ်းအတွက် အသုံးပြုခဲ့ တဲ့ စိုက်ပျိုးမြေတွေလည်း ဆုံးရှုံး ခဲ့ရပါပြီ။ လယ်အသိမ်းခံရလို့ အလုပ်အကိုင်မရှိတဲ့ တောင်သူတချို့ လည်း ဆိုင်ကယ် ကယ်ရီဆွဲစားနေရတဲ့ ဘ၀ရောက်ပါပြီ။ မီးရထားသံလမ်းနဲ့ တံတားသံပေါင်အတွက် သုံးစွဲရတဲ့ နိုင်ငံခြားငွေများလည်း အလဟဿဖြစ်ရပါပြီ။ 

ဒီဖြစ်စဉ်တွေကို ပြန်ကြည့် ပြီး သတိရမိတာကတော့ ‘သူ တည်းတစ်ယောက် ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက် လင့်ကာသာ ဓမ္မတာတည်း’ ဆိုတဲ့ သံဝေဂအလင်္ကာလေး ဖြစ်ပါ တယ်။ အာဏာရှင်တစ်ယောက် တည်မြဲဖို့၊ အာဏာရှင်စနစ်တစ် ရပ် တည်မြဲဖို့ မလိုအပ်ဘဲ မင်းလို လိုက်မင်းကြိုက်ဆောင်ရတဲ့အခါ မှာ သူတည်းတစ်ယောက်ကောင်း ဖို့ ရောက်မှု သူအများပါ ပျက်စီး ရတဲ့ အခြေအနေဆိုးနဲ့ ကြုံတွေ့ ရပါတော့တယ်။

ထို့အတွက် လှိုင်သာယာ -ဟင်္သာတရထားလမ်းကို သံဝေ ဂယူကာ လာလတ္တံ့သော စီမံကိန်း များ ရေရှည်အကျိုးစီးပွားဖြစ် နိုင်ခြေများ၊ ပြည်သူလူထုအတွက် နစ်နာနိုင်ခြေများစတဲ့ အားနည်း ချက်၊ အားသာချက်များကို တွက်ချက်ကာ တိုင်းပြည်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတယ်။   ။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)