စစ်ပြီးခေတ်တွင် တိုကျိုသည် စစ်လျော်ကြေးနှင့် စီးပွားရေးဈေးကွက်ချဲ့ထွင်နိုင်ရေးကို ဗျူဟာ မြောက်ပေါင်းစပ်ဖော်ဆောင်နိုင် ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် စစ် လျော်ကြေးလက်ခံနိုင်ငံများသည် ဂျပန်နိုင်ငံ၏ဖောက်သည်များဖြစ် လာခဲ့သည်။ တိုကျိုသည် ဝါရှင် တန်၏ အကြံပြုတိုက်တွန်းချက် နှင့်အတူ နိုင်ငံပြန်လည်တည် ဆောက်ရေးနှင့် စစ်လျော်ကြေး ကိစ္စတို့ကို ထိထိရောက်ရောက် ပေါင်းစပ်ပုံဖော်နိုင်ခဲ့သည်။ ပထမ

စစ်ပြီးခေတ်တွင် တိုကျိုသည် စစ်လျော်ကြေးနှင့် စီးပွားရေးဈေးကွက်ချဲ့ထွင်နိုင်ရေးကို ဗျူဟာ မြောက်ပေါင်းစပ်ဖော်ဆောင်နိုင် ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် စစ် လျော်ကြေးလက်ခံနိုင်ငံများသည် ဂျပန်နိုင်ငံ၏ဖောက်သည်များဖြစ် လာခဲ့သည်။ တိုကျိုသည် ဝါရှင် တန်၏ အကြံပြုတိုက်တွန်းချက် နှင့်အတူ နိုင်ငံပြန်လည်တည် ဆောက်ရေးနှင့် စစ်လျော်ကြေး ကိစ္စတို့ကို ထိထိရောက်ရောက် ပေါင်းစပ်ပုံဖော်နိုင်ခဲ့သည်။ ပထမ ဆုံးစစ်လျော်ကြေးစာချုပ်ချုပ်နိုင် ခဲ့သည့် မြန်မာနိုင်ငံနှင့် စစ်လျော်ကြေးလက်ခံနိုင်ငံများသည် အကယ်စင်စစ် စစ်ရှုံးဂျပန်နိုင်ငံကို စီးပွားရေး ခေါင်းပြန်ထောင်ထလာနိုင်ဖို့ ကျားကန်ပေးခဲ့ကြသည်။

ဂျပန်နိုင်ငံသည် စစ်ပြီးခေတ် တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးထူ ထောင်ခဲ့သည်။ ဝါရှင်တန်က တိုကျိုကို တရုတ်နိုင်ငံ ဈေးကွက် မှ ဖယ်ခွာ၍ အရှေ့တောင်အာရှ ဈေးကွက်နှင့် ဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်ဖို့ တိုက်တွန်းခဲ့သည့် အချက်ကလည်း သော့ချက်ကျခဲ့သည်။ ၁၉၇၀ ဆယ်စုနှစ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ၏အရှေ့တောင်အာရှ နိုင်ငံများနှင့် သံခင်းတမန်ခင်း၌ ဖူကူဒါမူဝါဒသည် ရှေ့တန်းရောက်လာခဲ့သည်။


၁၉၇၇ ခုနှစ် အရှေ့တောင် အာရှခရီးစဉ်အတွင်း ဂျပန်ဝန်ကြီး ချုပ် တာကီအိုဖူကူဒါက ဂျပန်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်အလျောက် စစ်အင်အားကြီးနိုင်ငံ ဖြစ်လာရန် အကြောင်းမရှိကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့်အပြန်အလှန် ယုံကြည်မှုတည်ဆောက်၍ နယ်ပယ်ပေါင်းစုံတွင် တန်းတူရည်တူပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း ဖူကူဒါမူဝါဒအဖြစ် သတင်းကြီး လူသိများလာခဲ့ပြီး ဂျပန်နိုင်ငံ၏ အာရှသံခင်းတမန်ခင်းတွင် လက်ကိုင်မူဝါဒတစ်ရပ် ဖြစ်လာခဲ့သည်။ ဖူကူဒါမူဝါဒသည် စစ်အေးခေတ်အလွန် ဘေဂျင်းအားကောင်းမောင်းသန်လာပြီးနောက် ပိုင်းထင်သလောက် အသုံးမတည့် တော့ဟု သုံးသပ်မှုများလည်းရှိ နေသည်။

ဂျပန်ဝန်ကြီးချုပ်တာကီအိုဖူ ကူဒါသည် ၁၉၇၇ ခုနှစ် သြဂုတ်လ တွင်  မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးအလည်အပတ်လာ ရောက်ခဲ့သည်။ ဖူကူဒါသည် ၁၉၇၇ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၅ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပ ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်မြို့သို့ လာရောက်ခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဖူကူဒါနှင့် မြန်မာဝန်ကြီးချုပ် ဦးမောင်မောင်ခတို့သည် ပူးတွဲ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ချမ်းသာ၊ ငြိမ်းချမ်းသော အာရှ တိုက်တည်ဆောက်နိုင်ရေးအ တွက် အာရှနိုင်ငံများအားလုံး ပြိုင် တူတွန်းသင့်ကြောင်း တိုက်တွန်း ခဲ့သည်။ ဖူကူဒါသည် မြန်မာသမ္မ တဦးနေဝင်းနှင့်တွေ့ဆုံ၍ အာဆီ ယံခေါင်းဆောင်များနှင့် ဆွေးနွေး မှုများကို ရှင်းလင်းအသိပေးခဲ့ သည်။

ဂျပန်အနေဖြင့် အာရှတိုက် ပထမသံခင်းတမန်ခင်းကို ဖော် ဆောင်ရာတွင် စစ်လျော်ကြေး ကိစ္စဖြေရှင်းရေးသည် ကနဦးစိန် ခေါ်ချက်ဖြစ်ခဲ့သည်။ စစ်လျော် ကြေးကိစ္စ ဖြေရှင်းနိုင်ရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်းအ ကြား ဂျပန်နိုင်ငံ၏ဂုဏ်သိက္ခာ၊ သိမ်းပိုက်ခံ နိုင်ငံများ အပါအဝင် အခြားနိုင်ငံများ၏ ဂျပန်နိုင်ငံအ ပေါ် လေးစားမှုတို့နှင့် ဗျူဟာ မြောက် ဆက်စပ်နေသည့် ပြဿ နာကြီးဖြစ်ခဲ့သည်။ စစ်ပြီးခေတ် တွင် ဂျပန်နှင့် စစ်လျော်ကြေးဆိုင် ရာ သဘောတူညီချက်ကို ပထမ ဆုံးရရှိခဲ့သည့် နိုင်ငံမှာ ပြည် ထောင်စုမြန်မာနိုင်ငံဖြစ်သည်။ တိုကျိုသည် ရန်ကုန်နှင့် စစ်လျော် ကြေးသဘောတူညီချက်ရရှိပြီး နောက်ပိုင်း အခြားအရှေ့တောင် အာရှနိုင်ငံများနှင့်စစ်လျော်ကြေး ပြဿနာအဖြေရှာရေးသည် ပိုမို အဆင်ပြေလမ်းပွင့်သွားခဲ့သည်။

စစ်ပြီးစ ဂျပန်အစိုးရအဖို့ အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်လျော်ကြေး သဘောတူညီ ချက်ရရှိရေးသည် ထိပ်တန်းဦးစား ပေးဖြစ်ခဲ့သည်။ အရင်းအမြစ် နည်းပါးသော ဂျပန်အတွက် အ ခြေခံသွင်းကုန်၊ ထုတ်ကုန်ဈေး ကွက်အဖြစ် တရုတ်နိုင်ငံနေရာ တွင် အရှေ့တောင်အာရှနိုင်ငံများ ကို အစားထိုးရန် အမေရိကန်က ဂျပန်အစိုးရကို အကြံပြုခဲ့သည်။ ဂျပန်အစိုးရ၏စစ်လျော်ကြေးမူဝါ ဒသည် ၁၉၅၁ ခုနှစ် ဆန်ဖရန်စစ္စ ကိုငြိမ်းချမ်းရေးစာချုပ်ပါ အမေရိ ကန်၏မူဝါဒများနှင့်ဆက်စပ်နေ သည်။ စစ်လျော်ကြေးကိစ္စ မပြီး မပြတ်သရွေ့ တိုကျိုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးသာမက ကုန်သွယ် ရေးပါ အလုပ်ဖြစ်နိုင်ခြေနည်းပါး သဖြင့် စစ်လျော်ကြေးပြဿနာ ကို ဦးစားပေးကိုင်တွယ်ခဲ့ရသည်။

 ကနဦးဆွေးနွေးမှုများက အဆင်ပြေလွန်းသည်ဟု မဆိုနိုင် ပေ။ ၁၉၅၁ ခုနှစ် ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးကွန်ဖရင့်ကို တက် ရောက်ရန် မြန်မာနိုင်ငံအား ဖိတ်ကြားခဲ့သော်လည်း စစ်လျော်ကြေးကိစ္စများကိုင်တွယ်ပုံကို စိတ်တိုင်းမကျသဖြင့် တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။ ဆန်ဖရန်စစ္စကိုငြိမ်းချမ်း ရေးစာချုပ်အဖွဲ့ဝင်နိုင်ငံ အများအပြားက စစ်လျော်ကြေး ကိစ္စကို လျှော်ပစ်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပေးအပ်ရန် တာဝန်ရှိသည့် စစ်လျော်ကြေးကိစ္စမပါရှိ သည့် မည်သည့်ငြိမ်းချမ်းရေးစာ ချုပ်မျှ အသိအမှတ်ပြုမည် မဟုတ် ကြောင်း မြန်မာက ပွင့်ပွင့်လင်း လင်း ထုတ်ဖော်ပြောကြားခဲ့ သည်။

ဂျပန်သည် စစ်လျော်ကြေး ပေးရန် ဆုံးဖြတ်ပြီးနောက် ဂျပန် ဝန်ကြီးချုပ် ရိုရှီဒါရှီဂျီယူက ဂျပန် က ပေးသည့် စစ်လျော်ကြေးသည် ဂျပန်နိုင်ငံကို အကျိုးပြုနိုင်မည့် သဘောတူညီချက်အပေါ် အခြေ ခံရမည်ဖြစ်ပြီး စစ်လျော်ကြေး ပမာဏသည် ခြေနိုင်လက်နိုင်အ နေအထားဖြစ်ဖို့ အရေးကြီးသည် ဟု မှတ်ချက်ပြုခဲ့သည်။ ဂျပန်အ နေဖြင့် စစ်လျော်ကြေးပေးရသည် မှာ မှန်းချက်နှင့် နှမ်းထွက်ကိုက်နိုင်  ပြီး စစ်လျော်ကြေးပေးခဲ့သည့်နိုင် ငံများသည် တိုကျို၏ကုန်သွယ် ဖက်နိုင်ငံများ ဖြစ်လာနိုင်သည် ဟူသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် ၏အမြင်သဘောထားကို ဝန်ကြီး ချုပ်ရိုရှီဒါက လက်ခံသဘောတူခဲ့ သည်။

၁၉၅၃ ခုနှစ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုကာဇာကီကပ် ဆူအိုသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတို့ကို ချစ်ကြည် ရေးအလည်အပတ်ခရီး လာ ရောက်ခဲ့ပြီး စစ်လျော်ကြေးကိစ္စ ကို ဆွေးနွေးခဲ့သည်။ စစ်ပြီးခေတ် တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်ဖြစ်  သည်။ ဂျကာတာ၊ မနီလာတို့နှင့် ဆွေးနွေးမှုများထင်သလောက် ခရီးမပေါက်ခဲ့လင့်ကစား တိုကျို နှင့် ရန်ကုန်အကြား စစ်လျော် ကြေးကိစ္စ ဆွေးနွေးမှုများသည် ရှေ့ဆက်နိုင်ခဲ့ပြီး အဆင်ပြေချော မွေ့ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန် မာနိုင်ငံ၏စီးပွားရေးနှင့် ငွေရေး ကြေးရေးအခြေအနေကို ကြိုတင် ဆန်းစစ်ထားခဲ့သဖြင့် ညှိနှိုင်းမှုများ သည် ပိုမိုခရီးပေါက်ခဲ့သည်။

ထိပ်တန်းဂျပန်ဘောဂဗေဒ ပညာရှင် အိုကီအာဆာဘူရိုသည်  ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အ လည်အပတ်လာရောက်ခဲ့ပြီး မြန် မာနိုင်ငံ၏စီးပွားရေးအခြေအနေ ကို ဆန်းစစ်လေ့လာခဲ့သည်။ မြန် မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် သေရေးရှင် ရေးတမျှ လိုအပ်နေသည့် ငွေ ကြေးအရင်းအနှီးကို ဆန်စပါးနှင့် ကျွန်းသစ်တင်ပို့ရောင်းချခြင်းဖြင့် သာ ရရှိနိုင်သည့် စီးပွားရေးအ ကျပ်ဆိုက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး ဝန်ကြီးချုပ် ဦးနုအစိုးရ ၏ပြည်တော်သာစီမံကိန်းကြောင့်  လည်း ငွေကြေးလိုအပ်လျက်ရှိနေ သည်ဟု အိုကီအာဆာဘူရိုက သုံး သပ်ခဲ့သည်။ သို့ဖြစ်၍ တိုကျို သည် ရန်ကုန်၏ပျော့ကွက်၊ အား နည်းချက်ကို သုံးသပ်ဆင်ခြင်ကာ စစ်လျော်ကြေးကိစ္စကို နှာတစ် ဖျား၊ ခြေတစ်လှမ်းအသာဖြင့် ညှိ  နှိုင်းဆွေးနွေးနိုင်ခဲ့သည်။

စက်မှုဝန်ကြီးနှင့် နိုင်ငံခြား ရေးဝန်ကြီး ဦးကျော်ငြိမ်းခေါင်း ဆောင်သော မြန်မာအစိုးရကိုယ် စားလှယ်အဖွဲ့သည် ၁၉၅၄ ခုနှစ် တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တစ်လကြာ စစ်လျော်ကြေးကိစ္စ နှင့် စပ်လျဉ်း၍ အမြင်ဖလှယ်၊ ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးချုပ် ဆိုနိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင်မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ စစ်လျော်ကြေးပထမဆုံးရရှိသည့်  အရှေ့တောင်အာရှနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၅၄ ခုနှစ် နှစ်နိုင်ငံသဘော တူစာချုပ်အရ ၁၉၅၅ ခုနှစ် ဧပြီလ၁၆ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ နှုန်းဖြင့် ၁၀ နှစ်သက်တမ်း တွင်  အမေရိကန်ဒေါ်လာသန်း ၂၀၀ ကို စစ်လျော်ကြေးအဖြစ် မြန်မာနိုင်ငံသို့ ပေးအပ်ရန် သဘောတူခဲ့သည်။ နှစ်နိုင်ငံပူးတွဲစီမံကိန်း များတွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ ငါးသန်းနှင့်ညီမျှသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု များကို ၁၀ နှစ်သက်တမ်းအတော အတွင်း နှစ်စဉ်အထောက်အပံ့ ပေးရန်ကိုလည်း တိုကျိုက သဘောတူခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် ကနဦးအဆိုပြုတောင်း ဆိုခဲ့သည့် စစ်လျော်ကြေးအမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံနှင့် နှိုင်း ယှဉ်မည်ဆိုလျှင် ရရှိခဲ့သော စစ် လျော်ကြေးပမာဏသည် အလွန် နည်းပါးလွန်းသည်ဟု ဆိုနိုင် သည်။

 အရှေ့တောင်အာရှနိုင်ငံ များ၏စစ်လျော်ကြေးရရှိမှုအနေ အထားကို ကြည့်မည်ဆိုလျှင် ဖိလစ်ပိုင်သည် အမေရိကန်ဒေါ် လာ ရှစ်ဘီလီယံအဆိုပြုတောင်း ဆိုခဲ့ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၅၀ နှင့် ပုဂ္ဂလိကချေးငွေ နှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိ ကန်ဒေါ်လာသန်း ၂၅၀ ရရှိခဲ့သည့် သဘောတူညီချက်ကို ၁၉၅၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ အင်ဒိုနီး ရှားနိုင်ငံသည် အမေရိကန်ဒေါ် လာ ၁၇ ဒသမ ၂ ဘီလီယံအဆိုပြုတောင်းဆိုခဲ့ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအဖြစ် အမေရိကန်ဒေါ်လာ ၂၂၃ သန်း၊ ပုဂ္ဂလိကချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန် ဒေါ်လာသန်း ၄၀၀ ရရှိခဲ့သည့် သဘောတူညီချက်ကို ၁၉၅၈ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ သည်။

၁၉၅၉ ခုနှစ် ဧပြီလတွင် မြန်မာအစိုးရသည် စစ်လျော်ကြေး ပြန်သုံးသပ်ရန်နှင့် အမေရိကန်ဒေါ်လာသန်း ၁၅၀ ထပ်တိုးပေးရန် ဂျပန်အစိုးရကို တောင်းဆိုခဲ့သည်။ ဂျပန်နိုင်ငံက အခြားနိုင်ငံများကလည်း အလားတူပြန်သုံး သပ်ရန် တောင်းဆိုလာနိုင်သဖြင့် စစ်လျော်ကြေးတိုးပေးရန် တောင်းဆိုမှုကို သဘောမတူနိုင်ကြောင်း နှင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၅၀ လက်ဆောင်ပဏ္ဏာအဖြစ် ပေး အပ်လိုကြောင်း အဆိုပြုခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာအစိုးရ၏ အဆိုပြုမှုကို မလိုက်လျောသဖြင့် ၁၉၅၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရသည် စစ်လျော်ကြေးဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ဂျပန်ကုန်ပစ္စည်းများကို သပိတ်မှောက်ခဲ့သည်။ သို့သော် နှစ်နိုင်ငံအကြား စစ်လျော်ကြေးကိစ္စ ဆွေးနွေးမှုများကို ကာလတိုအတော အတွင်း ပြန်လည်စတင်ခဲ့သည်။ ၁၉၆၃ ခုနှစ် မတ်လတွင် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးသဘော တူညီချက်သစ်ကို လက်မှတ်ရေး ထိုးချုပ်ဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်အရ မြန်မာနိုင်ငံသည် ၁၉၆၅ ခုနှစ်မှစ၍ ၁၂ နှစ်တာကာလအတောအတွင်း ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုများအ ဖြစ် အမေရိကန်ဒေါ်လာသန်း ၁၄၀ နှင့် ကုန်သွယ်ချေးငွေအမေရိကန်ဒေါ် လာသန်း ၃၀ ကို ရရှိမည်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် စစ်လျော်ကြေး ထပ်မံတောင်းဆိုခြင်းမပြု ရန် သဘောတူခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် စစ် ပြီးခေတ်ဂျပန်နိုင်ငံသည် အမေရိ ကန်ပြည်ထောင်စုနှင့် ပူးပေါင်း လျက် စစ်လျော်ကြေးကိစ္စနှင့် ဆက်စပ်၍ အရှေ့တောင်အာရှ ဒေသ ဈေးကွက်ချဲ့ထွင်ရေး၊ ဖောက်သည်နိုင်ငံများ တည် ဆောက်ရေး၊ ဝယ်လိုအားချဲ့ထွင် ရေး၊ ယုံကြည်မှုတည်ဆောက် ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ဗျူဟာမြောက်ခြေလှမ်း များကို ကျယ်ကျယ်ပြန့်ပြန့်လေ့ လာသုံးသပ်၊ ညှိနှိုင်းဆွေးနွေး၊ စီမံချက်ချမှတ်ကာ လှမ်းနိုင်ခဲ့ပြီး ပေးခဲ့သည့် စစ်လျော်ကြေးပမာ ဏထက် များစွာ သာလွန်သည့် စီးပွားရေးအကျိုးအမြတ်များအား ယနေ့ထက်တိုင် ရရှိနေဆဲဖြစ် သည့် အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ဖြတ်သန်းမှုများကို မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများအနေဖြင့် လေ့လာဆန်းစစ်ရင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုး ရှေးရှုရင်း ဗျူဟာမြောက်လမ်းသစ်များ ဖောက်နိုင် ရေး မျက်ခြည်မပြတ် သင့်ပါ ကြောင်း တိုက်တွန်းဆော်သြ လိုက်ရပါသည်။

Reference: Burma's Foreign Relations: Neutralism in Theory and Practice by Chishad Liang Japan and the Myanmar Conundrum by Bert Edstrom (2009).

(ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းသည် နိုင်ငံရေးသုံးသပ်ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)