၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်။ ပြာသိုလပြည့်နေ့။ ဒီနေ့ဟာ ‘အမေများနေ့’ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတို့အတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

‘အမေများနေ့’ကို သတ်မှတ် ကြတဲ့အခါမှာ တစ်နိုင်ငံနဲ့ တစ် နိုင်ငံ သတ်မှတ်ရက်တွေမတူတာ မျိုးရှိသလို နိုင်ငံတကာနေ့အဖြစ် သတ်မှတ်တဲ့ နေ့တစ်နေ့လည်း ရှိနေပါသေးတယ်။ ‘အပြည်ပြည် ဆိုင်ရာ မိခင်များနေ့ (Interna-tional Mother's Day)’ ဖြစ်ပါ တယ်။ အဲဒီနေ့ကိုတော့ နှစ်စဉ် မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ ကို သတ်မှတ်ပါတယ်။ မြန်မာတို့အတွက် အမေများနေ့ကတော့ အထက်မှာဆိုခဲ့သလို ပြာသိုလ ပြည့်နေ့ဖြစ်ပါတယ်။

ဒီနေ့ကို ဘဘဦးသုခရဲ့ လမ်းညွှန်ချက်နဲ့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီလိုနေ့ရောက်တိုင်း မိခင်တွေကို အောက်မေ့သတိရခြင်းအခမ်းအ နားတွေ၊ စာပေဟောပြောပွဲတွေ ကျင်းပလေ့ရှိသလို ဒီကနေ့ ခေတ် စားနေတဲ့ လူမှုကွန်ရက်ပေါ်မှာ လည်း ခံစားမှုစာစုတွေ၊ အောက် မေ့သတိရမှုတွေ ပျံ့နှံ့လာလေ့ရှိ ပါတယ်။

အခု ၂၀၁၇ ခုနှစ်ရဲ့ ‘အမေ များနေ့’ကို ရောက်ရှိခဲ့ပြန်ပါပြီ။ ဒီနေ့မှာလည်း အမေတွေအတွက် ဂုဏ်ပြုအခမ်းအနားတွေ၊ သတိရ အောက်မေ့မှုတွေရှိလာဦးမှာ ဖြစ် ပါတယ်။ အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ တစ်ဦးချင်းအလိုက်ဖြစ် စေ မိမိတို့ရဲ့ မွေးသမိခင်ကျေးဇူး ရှင် မိခင်များကို အောက်မေ့သတိ ရတာတွေကို ဖော်ညွှန်းလာကြဦး မှာ ဖြစ်ပါတယ်။ အခု ဒီဆောင်း ပါးဟာလည်း ‘အမေများနေ့’အ တွက် ရည်ရွယ်ရေးသားခြင်းဖြစ် ပါတယ်။


စာရေးသူအနေနဲ့ ပြီးခဲ့တဲ့နှစ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ မှာ ကျရောက်တဲ့ ‘အပြည်ပြည် ဆိုင်ရာ မိခင်များနေ့’မှာတုန်းက လည်း ဆောင်းပါးတစ်ပုဒ်ရေးဖြစ် ခဲ့ပါတယ်။ ‘အမေ့အတွက် ထမင်း တစ်နပ်’ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါ တယ်။ အဲဒီဆောင်းပါးကတော့ ဘဘဦးသုခရဲ့ ဟောပြောချက်ထဲ မှာ ပါဝင်တဲ့ ‘အမေစားသော ထမင်းတစ်နပ်’အကြောင်းကို အ  ခြေခံခဲ့ပါတယ်။ အဲဒီဟောပြော ချက်ဟာ မြန်မာနိုင်ငံသားတွေ ကြားမှာ ထင်ရှားကျော်ကြားခဲ့ပါ တယ်။

‘အမေက အရုပ်ဆိုးတယ်။ ဆိုးဆိုး.. အမေပဲ။ အမေက အ ကျည်းတန်တယ်။ တန်ပေ့စေ။ ပညာမတတ်ဘူး။ မတတ်တာ၊ တတ်တာ ဘာမှမဆိုင်ဘူး။ အမျိုး က ညံ့တယ်။ ငါ့အဖေက အမျိုး ကြီးတယ်။ မဟုတ်ဘူး။ ငါတို့အ ပေါ်မှာ ဝတ္တရားကျေတယ်၊ မကျေတယ်မဆိုင်ဘူး။ အမေဟာ အမေ ပဲ’’ဆိုတဲ့ စကားဟာလည်း နားထဲ စွဲထင်နေစေတဲ့ စကားလုံးများ ဖြစ်ပါတယ်။

အမေများနေ့အတွက် အမေ တွေအကြောင်းကို ရေးမယ်လို့ စီစဉ်နေတုန်းမှာပဲ သတင်းတစ် ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ‘သုံး နာရီလျှင် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးနှုန်း သေဆုံးနေဆဲ’ဆိုတဲ့ ဆဲဗင်းဒေးက ဖော်ပြလာတဲ့ သတင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ဝန် ဆောင်မိခင်သေဆုံးမှုဟာ သုံး နာရီမှာ တစ်ဦးနှုန်း (တစ်ရက်ကို ရှစ်ဦးခန့်)သေဆုံးနေဆဲဖြစ်တယ် လို့ ဧရာဝတီတိုင်း ပန်းတနော်မြို့ နယ်က ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမျိုးထွန်းက ဝန်ကြီး ဌာနရဲ့ စာရင်းဇယားတွေကို ကိုး ကားပြောဆိုထားတယ်လို့ ဖော်ပြ ထားပါတယ်။

ကြိုတင်စီမံထားမှုမရှိတာ၊ ဆေးရုံ၊ ဆေးခန်းသွားဖို့ ယာဉ် ယန္တရားအချိန်မီမရတာ၊ ကုသ ပေးမှုမှာ နှောင့်နှေးစေတာ အဲဒီ အချက်သုံးချက်ကြောင့်လို့လည်း ဒေါက်တာက ဆိုထားပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး သေဆုံးရ ခြင်းများလည်းရှိပြီး ကလေးမွေး ပြီး သွေးလွန်တာ၊ ကိုယ်ဝန်ဆိပ် တက်တာကြောင့် သတိလစ်တာ၊ မွေးလမ်းကြောင်းကြား အချင်းခံ နေတာတို့ကြောင့် သွေးလွန်တာ၊ အချင်းကြိုးကွာပြီး သွေးလွန်တာ တွေကြောင့် သေဆုံးရခြင်းများရှိ တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ပါဝင်နေတဲ့တစ်ချက်ကတော့ ခြွင်းချက်အဖြစ် သတ်မှတ်ရပါ လိမ့်မယ်။ ကိုယ်ဝန်ဖျက်ချခြင်း ကြောင့် ပိုးဝင်သေဆုံးတာဖြစ်ပါ တယ်။ သို့တိုင်အောင် တချို့သော မိခင်များဟာ သားသမီးကို လိုချင်၊မွေးချင်၊ ပြုစုချင်ပေမယ့် အ ကြောင်းကြောင်းများစွာကြောင့် ဖျက်ချလိုက်ရတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။

ဘယ်လိုအကြောင်းနဲ့ပဲဖြစ် ဖြစ် မိခင်များဟာ သားသမီးရတ နာများနဲ့ပတ်သက်ပြီး အသက်ကို ပေးနေရတယ်ဆိုတာပဲ ဖြစ်ပါ တယ်။ ‘ယောက်ျားဖောင်စီး၊ မိန်းမမီးနေ’ဆိုတဲ့ မြန်မာစကားပုံလည်း ရှိပါတယ်။ မိမိရဲ့ ရင်သွေးအတွက် အသက်ကိုတောင်မငဲ့ ပေးအပ်နိုင်တဲ့အထိ ရဲရင့်ခဲ့ကြသူများဖြစ်ပါ တယ်။ တုနှိုင်းမဲ့မေတ္တာဖြစ်ပါ တယ်။ မိခင်တစ်ယောက်၊ အမေ တစ်ယောက်ရဲ့ကျေးဇူးဟာ အ လွန်တရာကြီးမားတယ်ဆိုတာ အဲဒီနေရာမှာတင် အထင်းသား တွေ့မြင်နိုင်ပါတယ်။

ဒီသတင်းနဲ့အတူ တစ်ရက် တည်းမှာပဲ ဖတ်ခွင့်ရလိုက်တဲ့ မိခင်တစ်ယောက်အကြောင်းလည်း ရှိနေပြန်ပါတယ်။ အဲဒါကတော့ နာ မည်ကျော်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ သက်မွန်မြင့်ရဲ့ လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်ပေါ်က စတေး တပ်တစ်ခု ဖြစ်ပါတယ်။

‘‘ကလေးနှစ်ယောက်အမေ ဘဝ၊ နှစ်ယောက်စလုံး တစ်ပြိုင် တည်းနိုးလာသောအခါ အိပ်ရေး မဝလို့ အမေကိုပြန်သိပ်စေချင် သော သားနဲ့ နို့ဆာနေသော သမီး ကြားက ပရိသတ်တို့ချစ်သော ရွှေ မင်းသမီးရဲ့ ဘဝ။ နို့ပေးမတိုက်ဘဲ အမေပေါ် အတင်းကုပ်တက်နေ သော သားတော်မောင် ဓာတ်ပုံ ရိုက်မယ်ဆိုတော့ ငြိမ်သွားတုန်း အိပ်ရာပေါ်တင် (ပိုးကမသေး ဘူး.. သူငြိမ်အောင် ဒါလေးအသုံး ချရတာ) မီးတွင်း ၄၅ ရက်ကို အ လေးအပင်မမရဘူးတဲ့လေ။ သား တော်မောင်က အဖေမရှိချိန်ဆို အမေကို တွယ်ကပ်ကုပ်တက်နေ လေတော့ ဖြစ်ချင်တာဖြစ်ခါမှဖြစ် ရော သူစိတ်ချမ်းသာဖို့ အရေးကြီး တယ်လေနော (မဆူကြနဲ့နော်)။ အဖေကလည်း အလုပ်မသွားလို့ မှမရတာ။ အလုပ်လုပ်တဲ့အချိန် မှာ ဇာတ်ကောင်အတိုင်း ပီပြင် အောင် ကြိုးစားရသလို မိခင်ဘဝ မှာလည်း မိခင်ကောင်းပီသ အောင် အကောင်းဆုံး ကိုယ့်ဘက် က ကြိုးစားရမှာပဲလေနော်။ ဒီလို အချိန်ကြည်နူးရတာ ဘာနဲ့မှ လည်း မတူပါဘူး’’ဆိုပြီး ရေးသား ထားချက်ဖြစ်ပါတယ်။ ကလေး နှစ်ဦးကို ချီပိုးထားတဲ့ ဓာတ်ပုံနှစ် ပုံနဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။

မိခင်တစ်ယောက်ရဲ့ သား သမီးအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာတွေကို တွေ့မြင်နိုင်ပါ တယ်။ မိမိအရေးကို အမှုမထား ဘဲ သားသမီးရဲ့အလိုကို လိုက် လျောပေး၊ သည်းခံပေး၊ အနစ်နာ ခံပေးတာတွေကို ပေါ်လွင်စေပါ တယ်။

 မိခင်တွေအကြောင်းကို ပြောကြ၊ ရေးကြမယ်ဆိုရင်တော့ အယောက်စီတိုင်း၊ အယောက်စီ တိုင်းမှာ အမှတ်တရများစွာ၊ သတိရမှုများစွာ၊ အောက်မေ့မှုများစွာ၊ လွမ်းဆွတ်ရမှု၊ တမ်းတရမှုများ စွာ ရှိနေမှာ အသေအချာပဲဖြစ်ပါ တယ်။ ဒီလိုပဲ မိခင်တွေထံမှာ လည်း သားသမီးတွေနဲ့ပတ်သက် ပြီး သတိရမှု၊ အောက်မေ့မှု၊ လွမ်း ဆွတ်တမ်းတရမှု၊ ကြည်နူးရမှု၊ ကြေကွဲရမှုများစွာ ရှိနေမှာ ဖြစ်ပါ တယ်။

ဒီကနေ့ကာလမှာ အတိတ် ကဖြတ်သန်းခဲ့ရတဲ့ ဘဝနေ့ရက် တွေကို ပြန်တွေးကြည့်မိပါတယ်။ ကျွန်တော်တို့ မိသားစုရဲ့ အတိတ် ဘဝမှာ ရှိတာလေးနဲ့ ခြိုးခြံပြီးနေ ခဲ့ရတဲ့ ဘဝတွေကို ပိုင်ဆိုင်ခဲ့ဖူးပါ တယ်။ အဲဒီအချိန်တုန်းက ကျွန် တော်တို့ ညီအစ်ကိုမောင်နှမလေး ယောက်စလုံးက ကျောင်းသား တွေ။ အဖေ့ဝင်ငွေတစ်ခုနဲ့သာ ရပ်တည်ရတယ်။ ကျောင်းကနေ မုန့်စားဆင်း (ထမင်းစားဆင်း) အိမ်ပြန်ထမင်းစားကြတဲ့အခါမှာ အမေဟာ တတ်နိုင်သလောက် သားသမီးတွေကို ဖြည့်ဆည်းပေး ခဲ့တယ်။ သားသမီးတွေ ထမင်း စားတဲ့အချိန်မှာ အမေဝင်မစားခဲ့ ဘူး။ အားလုံးစားသောက်ပြီးခါမှ အမေစားတယ်။ အမေစားတယ် ဆိုတာမှာတောင် ကျွန်တော်တို့ မတွေ့၊ မမြင်ခဲ့ရတဲ့ရက်များစွာရှိ တယ်။ ထမင်းကို အမေ ဘာဟင်း နဲ့စားသလဲ၊ ဘယ်လိုပုံစံစားသလဲ ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ကျွန်တော်ထင်တယ်။ ခြိုးခြံနေရ တဲ့ဘဝမှာ အမေ့အတွက် ဟင်းဆို တာ အဲဒီအချိန်တုန်းက မည်မည် ရရရှိခဲ့မယ်မထင်ဘူး။ ဖြစ်သလိုနဲ့ နှစ်များစွာကို ဖြတ်သန်းခဲ့ရလိမ့် မယ်။ တခြားသော အခက်အခဲ၊ အကျပ်အတည်းများစွာကိုလည်း အမေတစ်ယောက်တည်း ကြိတ် ပြီး ရင်ဆိုင်ခဲ့ရပါလိမ့်မယ်။

ကျွန်တော်ဟာ ငယ်စဉ် ကလေးဘဝက မိခင်အပေါ် ဆိုးခဲ့ တဲ့ သားတစ်ယောက်အဖြစ် မှတ် တမ်းဝင်နေနိုင်ပါတယ်။ ကိုယ်လို ချင်တာဆို မရမကပူဆာတယ်။ အနိုင်ကျင့်လို့ရတဲ့အမေ့ကို အမြဲ လိုလို အနိုင်ကျင့်တယ်။ အဖေ့ ကွယ်ရာမှာဆို အမေ့ကို အတိုးချ ဆိုးတယ်။ တခြားသော အကျင့် ဆိုးများစွာလည်း ရှိခဲ့တဲ့ သားဆိုး တစ်ယောက်ပါပဲ။

 ဒီကနေ့ကာလမှာတော့ အမေ့အနားမှာ အရင်လို ကပ်ပြီး ဆိုးလို့မရတော့ဘူး။ ရေကြည်ရာ မြက်နု ကိုယ့်ဝမ်းရေးနဲ့ကိုယ် ဘဝ ခရီးဆက်နေခဲ့ရတယ်။ ညီဖြစ်သူ က သူနဲ့ ဖုန်းပြောဖြစ်တိုင်း မိဘ တွေဆီကို ဖုန်းဆက်လိုက်ဦးဆိုတဲ့ စကား အမြဲလိုလိုထည့်ပြောတတ် တယ်။ သူက အမေ့အပေါ်မှာ ငယ် ငယ်တည်းက နားလည်ခဲ့တဲ့သူ။ အမေ့ရဲ့ အရိပ်အခြည်ကို သိခဲ့သူ တစ်ယောက်။ သူအဲဒီလိုပြော တိုင်းလည်း ကျွန်တော်က ‘‘အမေ နဲ့ အဖေသတိရရင် ဆက်လိမ့် မပေါ့။ ဖုန်းရှိနေတာပဲ’’ဆိုပြီး စနောက်ပြီး ပြောလေ့ရှိတယ်။

အမေနဲ့ ဖုန်းပြောဖြစ်တိုင်း အမေ အမြဲမှာတတ်တဲ့ စကားတွေရှိတယ်။ ကျန်းမာရေးဂရုစိုက်ဖို့၊ ဥပဒေနဲ့ မလွတ်ကင်းတာ မလုပ် ဖို့၊ သတင်းအလုပ်မှာ ဆင်ခြင်တုံ တရားနဲ့လုပ်ဖို့၊ ညဥ့်နက်တဲ့အထိ စာမရေးဖို့ဆိုပြီး အမြဲမှာကြား တတ်တယ်။ အဲဒီလိုမှာရင်း ပြော တတ်တာက ‘‘ငါမကြိုက်တာတွေ မလုပ်နဲ့နော်’’ ဆိုတဲ့စကားပဲ။ တကယ်တမ်း အဲဒီစကားက အမေမကြိုက်လို့မဟုတ်ဘူး။ သူ့ရဲ့သား တစ်ခုခုဖြစ်မှာ၊ ကျန်းမာရေးထိ ခိုက်မှာကို မကြိုက်တာသာဖြစ် တယ်ဆိုတာလည်း ကျွန်တော်သိ နေခဲ့တယ်။

သတင်းတွေကို အမေနား ထောင်တယ်။ ဖတ်တယ်။ သတင်းစကားတွေကို နားစွင့်တယ်။ သတင်းလောကမှာ တစ်ခုခုဆို တာနဲ့ ဖုန်းဆက်ပြီး လှမ်းမှာတယ်။ ဟိုနေရာမှာတော့ ဒါဖြစ်နေတယ်။အဲဒီနေရာကို မသွားနဲ့။ ညဥ့်နက် တဲ့အထိ အပြင်မှာမနေနဲ့။ လုပ် ငန်းခွင်ကကော လုံခြုံမှုရှိရဲ့လား။ သတင်းသမားဖြစ်နေတာမို့ သတိ ထားပါ၊ စတဲ့စကားတွေကိုလည်း အဝေးကနေ လှမ်းပြီးမှာကြား စိုးရိမ်ပေးတတ်တယ်။

အမေနဲ့ပတ်သက်ရင် ကျွန် တော် သတိတရရှိမိတဲ့ သီချင်း တစ်ပုဒ်ရှိပါတယ်။ မုန့်ဝယ်ဖို့ မိခင်ထံကနေ ပိုက်ဆံကို အလွယ် တောင်းတာ၊ ကိုယ်တိုင်ပိုက်ဆံ ရှာတော့ မလွယ်ကူတာ၊ ကြီးလာ လေ မိဘအချစ်တရားပိုသိလာ တာ၊ မိခင် အသက်ရာကျော်ရှည် စေဖို့ ဆုတောင်းပေးတာတွေ ပါဝင်တဲ့ ကိုလေးလွင်ရေးစပ်ပြီး အဆိုတော် ထူးအိမ်သင်သီဆိုထားတဲ့ ‘ကျေးဇူးပါ မေမေ’ဆိုတဲ့သီချင်းဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ‘အမေများနေ့’မှာလည်း သားသမီးတိုင်း မိခင်ရဲ့ ကျေးဇူးတရားတွေကို ပိုလို့သတိတရရှိနေကြမယ်လို့ ယုံကြည်ပါတယ်။

အမေ့ကျေးဇူးဟာ ဆပ်လို့ မကုန်နိုင်ဘူး။ မြတ်စွာဘုရားရှင် တောင်မှ နို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုတဲ့ ပြဆိုမှုတွေရှိပါတယ်။ အ သက်နဲ့ရင်းပြီး မွေးထုတ်၊ အချိန် တိုင်း စိုးရိမ်ပူပန်ပေးနေရတဲ့ အ နှိုင်းမဲ့တဲ့ မိခင်ရဲ့ ကျေးဇူးတရား တွေကို နေ့တစ်နေ့၊ စာတစ်ပုဒ် လောက်နဲ့တော့ စာဖွဲ့နိုင်မယ် မဟုတ်ပါဘူး။ နေ့ရက်တိုင်း နေ့ ရက်တိုင်း၊ အချိန်တိုင်းအချိန်တိုင်း မှာ မိခင်ရဲ့မေတ္တာတရား၊ မိခင်ရဲ့ ကျေးဇူးတရားတွေကို သားသမီး တိုင်း သိရှိပွားများနိုင်ကြစေ ကြောင်းပါ။