စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အများစုရှိနေဆဲဖြစ်သော ဗျူရိုက ရက်အင်အားစုများသည် မြန်မာ နိုင်ငံ၏ စီးပွားရေးအတွက် တုံ့နှေး စေသော အရာတစ်ခုဖြစ်နေသည်။ ပြီးခဲ့သည့်နှစ် ဧပြီကတည်း ကမြန်မာနိုင်ငံတောင်ပိုင်း သာဂရ ရှိ အင်ဂျင်စက်ရုံတွင် ထုတ်လုပ် မှုတစ်ခုမျှမရှိခဲ့ဘဲ နေ့စဉ်အလုပ် သမား ၃၅၀ ခန့်သည် လာရောက် နေကြဆဲဖြစ်သည်။ ၂၀၁၆ က ယင်းစက်ရုံကဲ့သို့သော အစိုးရပိုင် စက်ရုံများသည် ကန်ဒေါ်လာသန်း ၂၀၀

စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အများစုရှိနေဆဲဖြစ်သော ဗျူရိုက ရက်အင်အားစုများသည် မြန်မာ နိုင်ငံ၏ စီးပွားရေးအတွက် တုံ့နှေး စေသော အရာတစ်ခုဖြစ်နေသည်။

ပြီးခဲ့သည့်နှစ် ဧပြီကတည်း ကမြန်မာနိုင်ငံတောင်ပိုင်း သာဂရ ရှိ အင်ဂျင်စက်ရုံတွင် ထုတ်လုပ် မှုတစ်ခုမျှမရှိခဲ့ဘဲ နေ့စဉ်အလုပ် သမား ၃၅၀ ခန့်သည် လာရောက် နေကြဆဲဖြစ်သည်။ ၂၀၁၆ က ယင်းစက်ရုံကဲ့သို့သော  အစိုးရပိုင် စက်ရုံများသည် ကန်ဒေါ်လာသန်း ၂၀၀ ကျော် အရှုံးပေါ်ခဲ့သည်။ 

မြန်မာသည် စစ်အာဏာရှင် စနစ်မှနေ၍ ဒီမိုကရေစီပုံစံတစ်ခု သို့ ရွေ့လျားချိန်တွင် မြန်မာအစိုးရ သစ်သည် ပြုပြင်ပြောင်းလဲမှုများ စွာကို စတင်ခဲ့သည်။ ၂၀၁၁ က တည်းက အစိုးရသည် နိုင်ငံ့စီးပွား ရေးနှင့် ဆက်စပ်သော ဥပဒေနှစ် ဒါဇင်ထက် မနည်းပြဋ္ဌာန်းခဲ့သည်။ တရုတ်နိုင်ငံက အများစုဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက မြန် မာ့စီးပွားရေးကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးလာအောင် အထောက်အကူပြုခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည်ဒေသတွင်း အဆင်း ရဲဆုံးနိုင်ငံများအနက်တစ်နိုင်ငံ ဖြစ်နေဆဲဖြစ်သည်။ စီးပွား ရေး၏ ကျယ်ပြန့်လှသောနယ်ပယ် များမှာမတို့ထိဘဲဆက်ရှိနေသည်။

အစိုးရပိုင်စီးပွားရေးလုပ်ငန်း များက လူ ၁၄၅,၀၀၀ခန့်ကိုအလုပ် ခန့်ထားပြီး နိုင်ငံခြားအကူအညီ မပါသော အစိုးရ၀င်ငွေ၏ ထက် ၀က်ခန့်ကို ရှာဖွေပေးနေသည်။ ယင်းလုပ်ငန်းများသည် ၀င်ငွေ အဖြစ် ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ၏ ၁၂ ရာခိုင်နှုန်းခန့်ရရှိနေ ပြီး ယင်းပမာဏနီးပါးအတိုင်း သုံးစွဲနေသည်။ သို့သော်ယင်းလုပ်ငန်း များကို ထိန်းချုပ်ထားသည့် စစ်အစိုးရခေတ်ဥပဒေမှာ မရှင်းလင်း သော စကားလုံးများပါသည့် စာမျက်နှာနှစ်ခုပါ စာရွက်စာတမ်း ဖြစ်၍ ယင်းလုပ်ငန်းများ ဆောင် ရွက်ရမည့် တာဝန်များနှင့်ပတ်သက် ပြီး ပြောဆိုထားခြင်းမရှိပေ။ ယင်းတွင်မည်သည့် ကဏ္ဍများသည် အစိုးရထိန်းချုပ်ထားသော ကဏ္ဍများဖြစ်ကြောင်း ရိုးရိုးရှင်းရှင်းဖော်ပြထားပြီး ထိပါးချိုးဖောက်သူ မည် သူမဆိုကို ထောင်ချမည်ဟု ဖော်ပြ ထားသည်။

ယခုမြန်မာနိုင်ငံတွင် အစိုးရ  ပိုင် စီးပွားရေးလုပ်ငန်း ၃၁ ခုရှိ သည်။ လုပ်ငန်းအချို့သည် သာ ဂရ၌ရှိသော စက်ရုံကဲ့သို့ အိုမင်း ဟောင်းနွမ်းနေသော စက်မှုလုပ် ငန်းဆိုင်ရာ အဆောက်အအုံများ ဖြစ်သည်။ သို့သော် လေကြောင်း လိုင်း၊ ကျောက်မျက်၊ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေး နှင့် ကျွန်းသစ်တို့ကဲ့သို့ အခြေအ နေကောင်းသော ကဏ္ဍများတွင် အခြားလုပ်ငန်းများ ရှိနေသည်။ ယင်းလုပ်ငန်းများ၏ စီးပွားရေးအ ပေါ် သက်ရောက်မှုသည် ကြီးမား သည်။ ယင်းလုပ်ငန်းများသည် စီးပွားရေးလုပ်ဆောင်မှုများသာ မဟုတ်ဘဲ အခွန်လည်း ကောက်ခံ ရရှိကာ ၎င်းတို့ပါဝင်လုပ်ကိုင်နေ သော ကဏ္ဍများကို အဆင်ပြေ အောင်ထိန်းချုပ်ထားသည်။

တတ်သိပညာရှင်များအဖွဲ့ နှစ်ဖွဲ့ဖြစ်သော ပြည်တွင်းမှ Renaissance Institute နှင့် နယူး ယောက်မြို့ရှိ Natural Resource Governance Institute တို့၏ များ မကြာမီက အစီရင်ခံချက်တစ်ရပ် တွင် အစိုးရ၏ကြီးကြပ်မှုအောက် မှ ယင်းလုပ်ငန်းများ၏ လွတ်လပ် မှုအသေးစိတ်ကို ဖော်ပြထားသည်။ အစိုးရပိုင်စီးပွားရေး လုပ်ငန်းများ တွင် သတ်မှတ်စွမ်းဆောင်ရည် ပန်းတိုင်များ (သို့မဟုတ်) အကြီး တန်းဝန်ထမ်းများအတွက် တရား ၀င်ခန့်အပ်မှု လုပ်ထုံးလုပ်နည်းများ မရှိဖြစ်နေပြီး နေရာအများစုကို ယခင်က စစ်တပ်မှပုဂ္ဂိုလ်များက ရယူထားသည်။ 

လုပ်ငန်းများ၏ စာရင်းများ ကို စာအုပ်များတွင် လက်ဖြင့်ရေး မှတ်ထားသည်။ စာရင်းစစ်ဆေးမှု များတွင် ၎င်းတို့ပေးအပ်သော စာ ရင်းဇယားများကို ဘဏ်စာရွက်စာ တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး ခြင်းထက် ပိုသော အလုပ်ပါဝင် ခြင်းမရှိပေ။ ယင်းလုပ်ငန်းများ၏ စုစုပေါင်း ဘတ်ဂျက်ကိုသာ အ ချက်အလက်များ အသေးစိတ်ကို ကြည့်ခွင့်မရသော လွှတ်တော်အ ဖွဲ့ဝင်များထံ တင်ပြနေသည်။

ရှေးရိုးဆန်မှု လွန်ကဲသော စာရင်းအင်းဥပဒေများက ယင်း လပ်ငန်းများ အမြတ်ပမာဏ၏ ၅၅ ရာခိုင်နှုန်းကို ဘေးဖယ်ထားရန် လိုအပ်သည်။ ဥပမာ Myanmar Gem Enterprise သည် ၁၇၂ နှစ် အထိ ၎င်းတို့ကိုယ်ပိုင် လည်ပတ် ရန် လုံလောက်သော ငွေသားကို ကိုင်ထားပြီး အစိုးရပိုင်ဘဏ်တွင် လုပ်ပိုင်ခွင့်မရှိပေ။ ၂၀၁၇ ဇန်န ဝါရီအတွင်း အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ကိုင်ထားခဲ့သည်။ ယင်းငွေများ၏ ပမာဏများစွာ သည် အသုံးမဝင်ဘဲအချည်းနှီးဖြစ် နေကြောင်း အရာရှိများက ဝန်ခံ သည်။ ရင်းနှီးမြှုပ်နှံမှုအပေါ်များစွာသြဇာလွှမ်းမိုးမှုရှိသော စစ်ဘက် အုပ်ချုပ်မှု၏ အမွေခံနေရသည့် ယင်းဒေသတွင်း၌ မြန်မာနိုင်ငံ၏ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ သည် ထူးမခြားနားဖြစ်နေသည်။

သို့သော် ယင်းလုပ်ငန်းများ သည် နားလည်ရအခက်ဆုံးနှင့် ဆိုးဆိုးရွားရွား လည်ပတ်နေခြင်း ဖြစ်နိုင်သည်။ အခြားနိုင်ငံများတွင် နှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန် ရန် ယေဘုယျအားဖြင့် အခြားတစ် ဖက်မှအဆင့်တူ ပုဂ္ဂိုလ်များလို အပ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံ တကာအစီရင်ခံမှုဆိုင်ရာ စံကို လက်ခံကျင့်သုံးနေသည်။ ဖိလစ် ပိုင်နိုင်ငံရှိ လုပ်ငန်းအနည်းငယ် တွင် ပုဂ္ဂလိက လူနည်းစုရှယ်ယာ ရှင်များရှိသည်။ မလေးရှားတွင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းမန် နေဂျာအချို့အတွက် စွမ်းဆောင် ရည် ညွှန်းကိန်းများ အသုံးပြုနေ သည်။ တရုတ်နိုင်ငံတွင် တာဝန်ခံ များ၏ လစာသည် စွမ်းဆောင်ရည် နှင့် ဆက်စပ်နေသည်။

သို့သော် တိုးတက်မှု လက္ခ ဏာအနည်းငယ်ရှိနေသည့် မြန် မာအစိုးရသည် အစိုးရပိုင်စီးပွား ရေး လုပ်ငန်းများကို အကောင်း ဆုံးစောင့်ကြည့်ရေး နည်းလမ်းများ နှင့် ပတ်သက်၍ အာဆီယံဖိုရမ် တစ်ခုတွင် ပါဝင်ထားသည်။ အဂ တိလိုက်စားသည်ဟု စွပ်စွဲခံရပြီး ၎င်း၏ဒေါက်တာ (PhD) ဘွဲ့သည် အတုဖြစ်ကြောင်း ၂၀၁၆ က ဝန်ခံ ခဲ့သည့် ဘဏ္ဍာရေးဝန်ကြီး ဦး ကျော်ဝင်းကို မြန်မာအစိုးရက ဖယ်ရှားထားသည်။ ၎င်း၏နေရာ တွင် အစားထိုးထားသော ဦးစိုး ဝင်းသည် ကြီးကြပ်မှုတိုးမြှင့်ရေး ပိုမိုလုပ်ဆောင်ဖွယ်ရှိသည်။ ၎င်း သည် Renaissance Institute ၏ ဘုတ်အဖွဲ့တွင် ပါဝင်ပြီး ကမ္ဘာလုံး ဆိုင်ရာ စာရင်းစစ်လုပ်ငန်း Deloitte အတွက် အလုပ်လုပ်ခဲ့ဖူး သည်။

သို့သော်လည်း အတားအဆီးများရှိနေဆဲဖြစ်သည်။ မတူညီသော ဝန်ကြီးဌာနများသည်ကွဲပြားသော အစိုးရပိုင်လုပ်ငန်းများ အတွက် တာဝန်ယူနေပြီး ယင်း လုပ်ငန်းများ၏ ငွေသုံးစွဲမှုအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ခွင့်မရှိဖြစ်နေသည်။ မြန်မာ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်တစ်ဦးတွင်သာ ပြု ပြင်ပြောင်းလဲမှုများ အတည်ပြုရန် အခွင့်အာဏာရှိသည်။ သို့သော် စီးပွားရေးသည် ၎င်း၏ဦးစားပေး မဟုတ်ပေ။ ၎င်းသည်လက်နက် ကိုင်တပ်ဖွဲ့များ၏ အကျိုးစီးပွား များနှင့် ကြုံလာချိန်တွင်ဂရုတစိုက် လုပ်ကိုင်နေသည်။

ပြည်သူ့လွှတ်တော်၏ ပြည် သူ့ငွေစာရင်းကော်မတီမှ လွှတ် တော်အမတ်များက ယင်းအရှုပ်အ ထွေးများကို စစ်ဆေးလိုကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။ သို့သော် ၎င်းတို့တွင် အစိုးရပိုင်း ထောက်ခံမှုကင်းမဲ့နေ ပြီး ကိစ္စရပ်များစွာတွင် ကျွမ်းကျင် မှု မရှိဖြစ်နေသည်။

နောက်ပြီးအခြားသော လွှတ် တော်ကိုယ်စားလှယ်အနည်းငယ် သည် ၎င်းတို့၏ မဲဆန္ဒနယ်များရှိ အခြေအနေမလှသော စက်ရုံများ ကို အသေးစိတ်စစ်ဆေးမှုကိုသာ ကြိုဆိုဖွယ်ရှိနေသည်။ သာဂရရှိ အလုပ်သမားများသည် ၎င်းတို့အ တွက် လုံခြုံသည်ဟု ခံစားနေရ ကြောင်းဆိုသည်။ ယင်းစက်ရုံ သည် မပိတ်သိမ်းနိုင်ဟု အလုပ်သ မားတစ်ဦးကပြောပြီး ယင်းစက်ရုံ သည် အစိုးရပိုင်ဖြစ်သောကြောင့် ဟု ၎င်းကဆိုသည်။

Ref; The Economist