မသက်ထားရွှေစင်အောင် (၆) နှစ်ပြည့် မွေးနေ့မင်္ဂလာ ဟု စာရေးထားသော မွေးနေ့ကိတ်ကို လှီးကာ သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် မွေးနေ့ရှင်ကလေး ငယ်က မိသားစုဝင်များနှင့် မွေးနေ့ ပွဲလာကြသော အိမ်နီးချင်းများ အား ပြုံးရွှင်စွာဖြင့် လိုက်ခွံ့နေ သည်။ ရေကြီးနေသော ကရင်ပြည် နယ်ရှိ ရွာလေးတစ်ရွာတွင် ပြု လုပ်သော မွေးနေ့ပွဲတွင် ရေက အိမ်ကြမ်းပြင်ကို ထိလုနီးဖြစ်နေ၍ အဆင့်ထပ်မံ ပြုလုပ်ထားရသည်။ ၆ မိနစ် ၇
မသက်ထားရွှေစင်အောင်နှင့် မမေမျက်ဝန်းတို့ နောက်ဆုံအကြိမ်စီးသွားသည့် လှေငယ်ကို လှိုင်ရွာအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)

မသက်ထားရွှေစင်အောင် (၆) နှစ်ပြည့် မွေးနေ့မင်္ဂလာ ဟု စာရေးထားသော မွေးနေ့ကိတ်ကို လှီးကာ သနပ်ခါးပါးကွက်ကြား လိမ်းထားသည့် မွေးနေ့ရှင်ကလေး ငယ်က မိသားစုဝင်များနှင့် မွေးနေ့ ပွဲလာကြသော အိမ်နီးချင်းများ အား ပြုံးရွှင်စွာဖြင့် လိုက်ခွံ့နေ သည်။ 

ရေကြီးနေသော ကရင်ပြည် နယ်ရှိ ရွာလေးတစ်ရွာတွင် ပြု လုပ်သော မွေးနေ့ပွဲတွင် ရေက အိမ်ကြမ်းပြင်ကို ထိလုနီးဖြစ်နေ၍  အဆင့်ထပ်မံ ပြုလုပ်ထားရသည်။

၆ မိနစ် ၇ စက္ကန့်စာ မွေးနေ့ဗီဒီယို မှတ်တမ်းမှာ သူတို့မိသားစု စုံစုံ လင်လင် ရိုက်ကူးထားသည့် နောက်ဆုံးလက်ကျန် ဗီဒီယိုဖိုင် ဖြစ်မည်ကို ကိုအောင်အောင်ရော  မမိုးသီတာကျော်ပါ ထိုစဉ်က မသိ ခဲ့ကြချေ။

မွေးနေ့ကျင်းပပြီး နောက် တစ်နေ့ဖြစ်သည့် ဇူလိုင် ၂၈ ရက် ညက ဇွဲကပင်တောင်ခြေမှ  လှိုင် ဟု အမည်ရှိသည့် ရွာလေးတွင် မိုး ကသဲသဲမဲမဲ ရွာနေသည်။ သံလွင် မြစ်ရေသည် လူနေကျေးရွာအ တွင်း အနက် ငါးပေမှ ရှစ်ပေခန့်အ ထိ ဝင်နေသည်။ ဒေသခံများသည် ရုတ်တရက် ကြုံရသော ရေဘေးကြောင့် ကမ္ဘာပျက်သလို ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ လှိုင်ရွာသည် ဘုရားဖူးအများအပြား လာလေ့ရှိသည့် ကျောက်ကလပ်စေတီ တည်နေရာရွာဖြစ်သည်။

မေမျက်ဝန်းနှင့် မသက်ထား ရွှေစင်အောင်တို့ ညီအစ်မနှစ်ဦး သည် မွေးချင်းမောင်နှမ နှစ်ဦးနှင့် အတူ မိခင်မမိုးသီတာကျော် ခေါ်ဆောင်ရာနောက်သို့ လှေတစ် စီးဖြင့် လိုက်လာကြသည်။ မိခင် က အသက် (၃) နှစ်အရွယ် သား ယောက်ျားလေးတစ်ဦးကို ရင်ခွင် ပိုက်ထားရင်း သမီးသုံးဦးနှင့် အတူ  အိမ်နီးချင်း မိတ်ဆွေတစ်ဦး လှော်ခတ်ပေးသည့် လှေပေါ်တွင် လိုက်ပါလာခဲ့သည်။ ပြောင်းရွှေ့ ရမည့်နေရာကလည်း အဝေးကြီး မဟုတ်ဘဲ အိမ်နှင့် ပေ ၇၀ ခန့် အကွာတွင်ပင် ရှိနေသည်။ မူလ ကပင် အစီးကြမ်းသည့် သံလွင်မြစ် ရေသည် ကုန်းပေါ်သို့ လျှံတက် လာချိန်တွင်လည်း သိသိသာသာ  ရေစီးကြမ်းနေသည်။

ကလေးငယ်လေးဦးနှင့် လူ ကြီးနှစ်ဦး လိုက်ပါလာသော အ ကျယ်နှစ်ပေခွဲ၊ အရှည် ၁၅ ပေခန့် ရှိသော ဖိုက်ဘာလှေသည်  အရှိန် ဖြင့်စီးနေသော ရေပြင်တွင်  လူး လှိမ့်သွားကာ ဟန်ချက်ပျက်ပြီး  မှောက်သွားတော့သည်။ လှေ လှော်သူလည်း ရေစီးနှင့်မျောပါ သွားကာ မိခင်နှင့်ကလေးလေး ယောက်သည် မိုးသဲသဲမဲမဲရွာနေ သည့်ထိုည၌  ကြမ္မာဆိုးကြုံလေ တော့သည်။

‘‘ကလေးတစ်ယောက်က မေမေ သူ့ကိုကူပါဦး၊ ကူပါဦးဆို တော့ လှမ်းဆွဲထားလိုက်တာ။ ကျွန်မသားလေးကိုလည်း ချီထား ရ၊ သမီးတစ်ယောက်ကိုလည်း  ဆွဲထားတာ။ အဲဒီအတိုင်း ရေထဲ  နှစ်ခါမြုပ်ပြီးနေပြီ။ ရေကမကူး တတ်ဘူး။ ကလေးတွေကို လုံးဝ မလွှတ်ဘူး။ ရေပေါ် နောက်တစ် ကြိမ်ပေါ်လာတော့မှ ကယ်ကြပါ ဦးအော်တဲ့အခါ မောင်လေးတစ် ယောက်က ဝါးတစ်လုံးထိုးပေးလို့။  သမီးလေးနှစ်ယောက်ကတော့ အ သက်ပြန်မရခဲ့ဘူး’’

ဆုံးရှုံးသွားသော သမီးနှစ်ဦးအတွက် ရင်ကွဲပက်လက်ဖြစ်နေ သည့်တိုင် ကျန် မိသားစုဝင်များနှင့် တမလွန်မှ သမီးငယ်နှစ်ဦးအတွက် တွေးကာ  အားတင်းထားပုံရသည်။ မျက်ရည်တို့သည် ဝေ့ရုံသာဝေ့လာပြီး  ပါးပြင်ပေါ် စီးကျမလာပေ။ သေဆုံးခဲ့သော သမီးနှစ်ဦးအနက် (၆) နှစ်အရွယ် သမီးငယ် မသက်ထားရွှေစင်အောင်၏ မွေးနေ့ပွဲကို ဇူလိုင် ၂၇ ရက် ည (ဝါဆိုလပြည့်ည) က  ပြုလုပ်ပေးခဲ့ပြီး ကျောက်ကလပ်ဆရာတော်ထံ ဝါဆိုသင်္ကန်းကပ်ခဲ့သေးသည်။ နောက်တစ်ဦးဖြစ်သည့် အသက် (၁၁) နှစ်အရွယ် မမေမျက်ဝန်းသည် နှလုံးရောဂါ  ခံစားနေရသူဖြစ်ပြီးရုပ်ရည်ချော မောလှပသူ ဖြစ်သောကြောင့် အသက်ကြီးလာပါက မင်းသမီးလုပ်မည်ဟု ကလေးပီပီ မကြာခဏ ပြောတတ်ကြောင်း ပျော်စရာ အတိတ်ကာလ ဖြစ်ရပ်အချို့ကို မိဘများက ပြန်ပြောသည်။

မိခင်နှင့် ကလေးလေးဦး သည် ရေဘေးကြောင့် ဒုက္ခပင် လယ်ဝေနေချိန်တွင် နေအိမ်အ တွင်း ကျန်ရစ်သည့် ဖခင် ဦး အောင်အောင်လည်း ကမ္ဘာပျက် နေခဲ့သည်။ မိသားစုဝင်များ အန္တရာယ်ကင်းစေရေးအတွက်  ဘေးလွတ်ရာ အိမ်နီးချင်းမိတ်ဆွေ ၏ နေအိမ်သို့ ယာယီသွားရောက် နေထိုင်ကြရန် ဇနီးဖြစ်သူအား တိုင်ပင်ကာ ဦးအောင်အောင် ကိုယ်တိုင် စီစဉ်ပေးခဲ့ခြင်းဖြစ် သည်။ ကံဆိုးခဲ့သည်မှာ ယင်းနေ အိမ်တွင် သက်ကြီးရွယ်အိုအဘွား နှစ်ဦးကျန်နေသည်ကို ဦးအောင် အောင်က စောင့်ကြည့်ရန်ကျန်ခဲ့ ပြီး သားသမီးလေးဦးနှင့်ဇနီးကို စိတ်ချမိလိုက်ခြင်းဖြစ်သည်။ ဇနီး ၏ ကယ်ကြပါဦးဟူသော အော်သံ ကြားလိုက်ရပြီးနောက် ရေထဲသို့ ဒိုင်ပင်ထိုးဆင်းသွားသော်လည်း ရေကူးမရတော့ဘဲ သူပါ ရေထဲ နစ်မြုပ်သွားခဲ့သည်။  အိမ်နှင့် ပေ ၇၀ ခန့်အဝေးတွင် နစ်မြုပ်သွား သည့် မိသားစုလှေရှိရာသို့ သွား ရောက်ရန် မဖြစ်နိုင်မှန်း သိသည့် ဦးအောင်အောင်က ရေပေါ်ပြန် ပေါ်လာချိန်  နေအိမ်ဘက်သို့ ပြန် ကူးခပ်လာကာ ပတ်ဝန်းကျင်အား အသံကုန် အော်ဟစ်အကူအညီ တောင်းတော့သည်။ အိမ်နီးချင်း များ လာရောက်ကယ်ဆယ်နေစဉ် ဦးအောင်အောင်က ရေကူး၍ အ ရောက် သွားခဲ့ရာတွေ့ရသည့် မြင် ကွင်းက ယောက်ျားရင့်မာတစ် ယောက်ကို ချံးပွဲချ ငိုကြွေးစေခဲ့ သည်။ မိန်းမနှင့်ကလေးနှစ် ယောက်သည် သတိလစ်မေ့မြော လျက်။ ကျန်သမီးနှစ်ဦးသည် ရေ ထဲတွင် ပျောက်ဆုံးနေသည်။ မေ့ မြောနေသူများကို သတိရအောင် နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကြိုးစား ပြီးနောက် သမီးနှစ်ဦးကို ရေထဲ တွင် လိုက်ရှာရာ ၁၀ မိနစ်ခန့်အ ကြာ၌ မသက်ထားရွှေစင်အောင် ကို ပြန်တွေ့ခဲ့သည်။ မေ့မြောနေ သော သမီးငယ်ကို ပါးစပ်ချင်း တေ့၍ အသက်ပြန်ရှူစေရန် ကြိုး စားသော်လည်း ရေများပြန်ထွက် မလာဘဲ စားထားသော အစာများ သာ ပြန်ထွက်လာသည်။ ခန္ဓာ ကိုယ် အနည်းငယ် နွေးနေသေး သော သမီးငယ်ကို  ပွေ့ပိုက်ကာ   သူနာပြုဆရာမအိမ်ရှိရာသို့ ခါး လယ်ခန့်အထိ ရေမြုပ်နေသော  ရွာလမ်းမကြီးအတိုင်း  ပြေးသွားခဲ့ သော်လည်း အဆုံးသတ်၌ ဦး အောင်အောင် မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

‘‘ကလေးကိုထမ်းပြီး ဆရာမ အိမ်ပြေးတယ်။ ဆရာမက နား ကြပ်နဲ့စမ်းတယ်။ ကလေးက နှလုံး မခုန်တော့ဘူးပေါ့။ ဆရာမ က ပြောတယ်။ သူသေသွားပြီတဲ့။  မရတော့ဘူးတဲ့။ ကိုယ်နွေးသေး တယ်လို့ ကျွန်တော် ပြောတော့ သေခါစမို့ပါတဲ့။ ဆေးရုံသွားရင်  ရနိုင်သေးလားလို့ ကျွန်တော်အ ကြိမ်ပေါင်းများစွာမေးတော့ နှစ် သိမ့်တာဖြစ်မယ် ထင်ပါတယ်။ သွားရင်သွားလေတဲ့။ ဒါနဲ့ ကျွန် တော်ဆေးရုံကို သူငယ်ချင်းကား ခေါ်ပြီး ပြေးခဲ့တယ်’’ ဟု ဦးအောင် အောင်က ပြောသည်။

သမီးတစ်ဦးက ရေထဲမှ ပြန် မတွေ့သေး၍  ဆောက်တည်ရာ မဲ့နေချိန် လက်ထဲရှိနေသည့် ခန္ဓာကိုယ် နွေးနေသည့် သမီးငယ်  အသက် ပြန်ရှင်မလားဟူသော မျှော်လင့်ချက်ဖြင့် အရူးမီးဝိုင်းဖြစ် နေသော ဦးအောင်အောင်သည် ရွာ မှ ဆယ်မိုင်ခန့်ဝေးသော ဘားအံ မြို့ဆေးရုံသို့ ရေကျော်နေသော ကားလမ်းကို တရကြမ်းမောင်းပြေး တော့သည်။ ထိုနေ့က သံလွင်မြစ် ရေသည် ဘားအံမြို့တွင် စိုးရိမ် ရေမှတ်အထက်သို့ ငါးပေခွဲခန့် ကျော်နေကာ ကျောက်ကလပ်- ဘားအံလမ်းမကြီး လမ်းပိုင်းအချို့  ရေ တစ်ပေမှ နှစ်ပေခန့်အထိ ကျော်နေခဲ့သည်။ ဆေးရုံသို့ အ ရောက်တွင်တော့ သမီးငယ်ကို ဆရာဝန်များက စမ်းသပ်ပြီး နောက် သေဆုံးပြီဖြစ်ကြောင်း ဦး အောင်အောင် လက်သင့်ခံခဲ့ရပြီး ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ရ တော့သည်။

ဇူလိုင် ၂၈ ရက်ည မိုးသည် ပို၍သည်းလာသည်။ သံလွင်မြစ် ရေသည် ညတွင်းချင်း ပိုတိုးလာရာ ရွာသို့ အပြန်လမ်းသည် ကား မောင်းမရအောင် ရေကျော်သွား တော့သည်။ အိမ်ပြန်မရတော့ဘဲ  သမီးငယ် ရုပ်အလောင်းရှိရာ  ဘားအံဆေးရုံ၏ ရင်ခွဲရုံဘေးတွင်  ငိုကြွေးနေသော ဦးအောင်အောင်သည် ရွာတွင်ကျန်ခဲ့သော ပြန်ရှာ မတွေ့သေးသည့် သမီးအရေး တွေးပူနေရသလို ဇနီးဖြစ်သူ  စိတ် ကစဥ့်ကလျားဖြစ်ကာ ရေထဲသို့ ခုန်ချမည်ကိုလည်း စိတ်ပူနေခဲ့ရ သည်။ ထိုနေ့ည ဘားအံရေဘေး သည် မိသားစုတစ်စုတည်းကို  သေကွဲရော ရှင်ကွဲပါ  ခွဲထားခဲ့ သည်။

ဦးအောင်အောင်တို့ မိသားစု ကို နှိပ်စက်သည့် ကြမ္မာဆိုးက ထို မျှနှင့်ရပ်မသွားပေ။ 

လှေမှောက်၍ သမီးတစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံး နေချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသူကို ကူရှာမပေးဘဲ ဖြစ်စဉ်ကို တရားခံစစ်သလို လာရောက်စစ်ဆေးခဲ့သည်ဟု လှိုင်ကျေးရွာသားများက ပြောသည်။

ဦးအောင်အောင်က ဆေးရုံ တွင် စစ်ဆေးမေးမြန်းခံနေရချိန်  မမိုးသီတာကျော်အား ရဲတပ်ဖွဲ့ဝင်  ငါးဦးက ရွာသို့ လာရောက်မေးမြန်း ခဲ့သည်။ သမီးနှစ်ဦး လောလော လတ်လတ် ဆုံးရှုံးခဲ့၍ ဆောက် တည်ရာမဲ့ နေချိန်တွင် ရဲတပ်ဖွဲ့ ဝင်များက နှစ်သိမ့်ဖေးမခြင်း မရှိ ဘဲ တရားလွန် စစ်ဆေးမေးမြန်း မှုများကြောင့် စိတ်မကောင်းဖြစ် ခဲ့ရသည်ဟု ဦးအောင်အောင်က  ရင်ဖွင့်သည်။ ရေဘေးသင့်မိသား စုကို လာရောက်ကူညီသူများ ကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်များကို ဒေါသဖြစ်ခဲ့ကြသည်။

‘‘သူတို့မေးတဲ့ပုံစံက တအား အကြာကြီးကိုမေးတာ။ ကယ်တဲ့ လူတွေရဲ့ မှတ်ပုံတင်တွေ၊ နာမည် တွေ၊ နေခဲ့တဲ့မြို့တွေ၊ နောက်ပြီး အဲဒီလူရဲ့ အိမ်ထောင်သက် တမ်း၊ နေခဲ့တဲ့ကျောင်း၊ မျိုးရိုးတွေပါ မေးတယ်။ တော်တော်ကြီးကို  တရားခံတစ်ယောက်လို မေးတဲ့ အခါကျတော့ အဲဒီအမေးခံရတဲ့သူ တွေက နောက်များ ကျွန်တော်တို့ မိသားစုလို ဖြစ်စဉ်မျိုးဖြစ်တဲ့အခါ မှာ သူတို့ ကယ်ရဲတော့မှာ မဟုတ် ဘူး။ သူတို့ မကယ်ရဲလောက်တော့ ဘူး’’ ဟု ရဲတပ်ဖွဲ့လုပ်ရပ်ကြောင့်  အိမ်နီးချင်းများကို အားနာခဲ့ရ သည့် ဦးအောင်အောင်က ၄င်း၏  အတွေ့အကြုံကို ပြန်ပြောသည်။

ရေထဲတွင် ပျောက်ဆုံးနေ သော သမီးတစ်ယောက်ကို ရဲတပ် ဖွဲ့ဝင်များက ကူရှာမပေးခဲ့ဘဲ ဒေ သခံများကသာ ရှာပေးခဲ့ကြသည် ဟု လှိုင်ကျေးရွာဒေသခံများက ပြောသည်။ ပျောက်ဆုံးနေသူ တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်  ၂၉ ရက် နံနက်တွင် ဒေသခံတစ် ဦးက ပြန်တွေ့ခဲ့သည်။ သမီးနှစ်ဦး ကို ဇွဲကပင်တောင်ခြေရှိ ထန်းကိုး ပင်သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။ 

ရေဘေးအပါအဝင် သဘာဝ ဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရင်ဆိုင်ရေး ကဏ္ဍ၌ အလုံး စုံ အသင့်မဖြစ်သေးသော မြန်မာ နိုင်ငံတွင် လတ်တလော ရင်ဆိုင် နေရဆဲ ရေဘေးကြောင့် ဦး အောင်အောင်တို့ မိသားစုကဲ့သို့ အပူမီး တောက်လောင်ခဲ့ကြသော မိသားစုဝင် အများအပြား ရှိခဲ့ သည်။ ယခုနှစ်ဇူလိုင်နှင့် သြဂုတ် လအတွင်း ရေဘေးတွင် လူဦးရေ  တစ်သိန်းခြောက်သောင်းခန့် နေ အိမ်စွန့်ခွာနေထိုင်ခဲ့ရသလို ရေ ဘေးနှင့် ဆက်စပ်ကာ သေဆုံးသူ  ၃၀ ဦးမက ရှိခဲ့သည်။ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး  ဌာန ထုတ်ပြန်ချက်တွင် ရေဘေး ကြောင့် သေဆုံးသူ သြဂုတ် ၆ ရက်အထိ ၁၇ ဦးရှိကြောင်း  ဆို ထားရာ ယင်းလူစာရင်းတွင် ဦးအောင်အောင်နှင့် မမိုးသီတာ ကျော်တို့၏ သမီးနှစ်ဦးမပါဝင် သေးပေ။ သို့သော် ဦးအောင်အောင်တို့ မိသားစုကမူ ယင်းအတွက် အစိုးရနှင့် ဌာနဆိုင်ရာများကို အပြစ်တင်စကားမဆိုဘဲ ဒေသအများစု ရေကြီးနေချိန်တွင်၎င်းတို့နည်းတူ ဒုက္ခကြုံတွေ့နေသူ အများအပြား ရှိနေ၍ အစိုးရ၏ လက်ရှိကာလ အကျပ်အတည်းကို နားလည်ကြောင်း ပြောသည်။

ကရင်ပြည်နယ်တွင် ရေဘေး ကြောင့် သေဆုံးသူသုံးဦးရှိ ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသော်လည်း သြဂုတ် ၅ ရက်အထိ သေဆုံးသူကိုးဦးရှိ ကြောင်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က 7Day News အား ပြောသည်။

သေဆုံးသူတစ်ဦးလျှင် အစိုး ရက ထောက်ပံ့ကြေးကျပ်သုံးသိန်း ပေးရာ ဌာနဆိုင်ရာများအချိတ် အဆက်လွဲ၍ စာရင်းအမှန် မကောက်ယူနိုင်ပါက ဘေးသင့် သူများသာနစ်နာသည်။ ရေဘေး ကြောင့် ဦးအောင်အောင်တို့လို စိတ်သောကကြုံတွေ့ကြသူတိုင်း သည် အစိုးရ၏ဖေးမမှုလိုအပ် သည်။

သဘာဝဘေးကို အမှန်တ ကယ်ကြုံတွေ့ခဲ့ရသူများသည် ရုပ် ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆို်င် ရာပြဿနာများလည်း လူမသိ သူမသိကြုံတွေ့ရပြီး နှစ်သိမ့်ဖေး မှုမှုအထူးလိုအပ်သည်။ အသက် (၄၀) ခန့်အရွယ် လူလတ်ပိုင်း ဇနီးမောင်နှံ ဦးအောင်အောင်နှင့် မမိုးသီတာကျော်သည် ၎င်းတို့ရှေ့ မှောက်တွင် သေဆုံးခဲ့သည့်ရင် သွေးနှစ်ဦး၏အဖြစ်ဆိုးကို မတွေး ရက်တော့၍  ဖုန်းကင်မရာဖြင့် ယခင်ကမှတ်တမ်းတင်ခဲ့ဖူးသည့် မိသားစုဗီဒီယိုဖိုင်အများစုကို ဖျက်ပစ်သည်။ သမီးနှစ်ဦး၏အဝတ်အစားများနှင့် စားလက်စမုန့်များ၊ ကစားစရာအရုပ်များကို အခြားသူများကိုပေးပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ရက်မလည်မီပေး၍မရဟု  ပတ် ဝန်းကျင်က သတိပေးခဲ့ရသည်။  

မိသားစုလိုက် ရှိနေသည့် မွေးနေ့ဗီဒီယိုမှတ်တမ်းတစ်ခုသာ  ဖျက်မပစ်ရက်တော့ဘဲ သိမ်း ဆည်းထားသည်။ သမီးငယ်နှစ်ဦး  အသက်ရှင်လျက်ရှိနေစဉ် ရိုက် ကူးထားသည့် နောက်ဆုံးလက် ကျန်ဗီဒီယိုဖိုင်ကိုတော့ မိဘများ က ဖျက်မပစ်ရက်တော့ပေ။ သဘာဝဘေးကြိုတင်ကာ ကွယ်ရေးနှင့် တုံ့ပြန်ရင်ဆိုင်ရေး ကဏ္ဍတွင် အစိုးရဌာနများ၏ ဟာ ကွက်များရှိခဲ့သလို လူထုဘက် တွင်လည်း လိုအပ်ချက် အများ အပြားရှိနေသည်။ အစိုးရဌာန များ၏ လိုအပ်ချက်အချို့သည် ဘေးကြုံသည့်ဒေသများတွင် အ သက်ကယ်လှေအလုံအလောက် မရှိဘဲဖြစ်ခါမှ ဖုတ်ပူမီးတိုက်ပို့ရ ခြင်းများရှိခဲ့သည်။ ဒေသအချို့ တွင် မမျှော်လင့်ဘဲ ရုတ်တရက်ကြုံ တွေ့ခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူအချို့က ဆိုသည်။ ရေဘေးကြုံနေသည့် ကာလအ တွင်း နေပြည်တော်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်ပြုလုပ်သော အစည်းအဝေး၌ ညွှန် ကြားချက် ၁၀ ခုထက်မနည်း ပြောကြားခဲ့ရာ ရေကျော်နေသော လမ်းပိုင်းများတွင် သိသာထင် ရှားသော သတိပေးအမှတ်အသား ပြုလုပ်ထားရန် ပါဝင်သည်။ အန္တရာယ်ရှိ နယ်နေရာများကို Danger Alert အဖြစ် ကန့်သတ် တားလေ့ရှိသော သုံးလက်မခန့် အကျယ် တိပ်အဝါကြိုးကြီးများ ဟုယူဆခဲ့သော်လည်း ကရင်ပြည် နယ် ရေဘေးသင့်ဒေသများသို့  7Day က သတင်းသွားရောက်ယူ ဆောင်စဉ် ဘားအံမြို့နှင့် မွန်ပြည် နယ်ကို ချိတ်ဆက်ထားသော သံလွင်တံတားအနီးမှ သွားရသော အနည်းဆုံးတစ်ပေခွဲခန့် ရေ ကျော်နေသည့် ကားလမ်းပိုင်းတစ် ခုမှ နေရာအချို့တွင် လမ်းနယ် နိမိတ်ကို ဗီဒီယိုခွေတိပ်ကြိုးများ ဖြင့်သာ တားထားသည်ကိုတွေ့ရ သည်။ 

ယင်းလမ်းသည် ဘားအံမြို့ နှင့် ဖဲကတာကျေးရွာသို့ ချိတ်ဆက် ထားပြီး ကား၊ ဆိုင်ကယ်များ အ သွားအလာများသည့် လမ်းဖြစ် သည်။ လူထုဘက်က လိုအပ်ချက် မှာလည်း ဒုနှင့်ဒေး ဖြစ်သည်။ သဘာဝဘေး ကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြု လုပ်ရန် နည်းမျိုးစုံဖြင့်စည်းရုံး သော်လည်း လိုက်ပါဆောင် ရွက်မှု နည်းပါးသလို အရေးပေါ် ရွှေ့ပြောင်းရန် တာဝန်ရှိသူများက  လာရောက်ခေါ်ဆောင်သည့်တိုင်  ငြင်းပယ်ကာ နေအိမ်ထဲတွင်သာ  ကုပ်တွယ်နေကြသူ အများအပြား ရှိသည်။ 

ဘားအံမြို့ရပ်ကွက် (၂)  တွင် နေအိမ်အဆင့်များ ရေမြုပ် လာ၍ ကယ်ဆယ်ရေးစခန်းသို့  လိုက်ရန်မီးသတ်တပ်ဖွဲ့ဝင်များက  နေ့ခင်းဘက်ကပင် သွားရောက် ခေါ်ဆောင်ရာ မလိုက်ကြသူများ ကို ညဘက်တွင် အိမ်အမိုးကို ဖောက်၍ ခေါ်ထုတ်ခဲ့ရသည်။ မုန် တိုင်းနှင့်ရေဘေးအန္တရာယ်နှစ်စဉ် လိုလို ရင်ဆိုင်နေရသည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးကြိုတင်ကာကွယ်ရေးဇာတ် တိုက်လေ့ကျင့်ရန် ဒေသခံများက  အင်တိုက်အားတိုက် မရှိလှသော် လည်း ယခုရက်ပိုင်းပွဲဆူနေသည့်  Myanmar Idol သီချင်းဆိုပြိုင် ပွဲဝင် ဖြိုးမြတ်အောင်ကို ဧရာ ဝတီတိုင်းဒေသခံများက မိုးရွာ ထဲတွင် အုံနှင့်ကျင်းနှင့် ကြိုဆို ကြသည်ကိုတွေ့ရသည်မှာ သ ဘာဝဘေးပြဿနာဖြေရှင်းရေးအ ပေါ် လူထု၏အာရုံစိုက်မှု လျော့ နည်းခြင်းကို မြင်သာစေသည်ဟု  ဌာနဆိုင်ရာတာဝန်ရှိသူအချို့က ဆိုသည်။

ဈေးရောင်းခြင်းဖြင့် အသက် မွေးသော သာမန်လက်လုပ်လက် စားဦးအောင်အောင်တို့ ဇနီး မောင်နှံသည် မကြံစဖူးသောရေ ဘေးအတွင်း ကံအကြောင်းမလှ၍ ရင်သွေးနှစ်ဦးဆုံးရှုံးခဲ့သော်လည်း သဘာဝဘေးကာကွယ်ရေးအ တွက် ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်ထားသည်။

ရေတက်လာချိန်ကစကာ ဆီ ပုံးအ၀ါများဖြင့် ဖောင်အကြီးတစ် ခုလုပ်ထားသည်။ (၃)နှစ်အရွယ် သား အိမ်ပေါ်မှ ပြုတ်မကျစေရန် အမြဲစောင့်ကြည့်ခဲ့သည်။ အတား အဆီးများ ပြုလုပ်ထားသည်။ သ မီးသုံးဦးကို ယင်းဖောင်ပေါ်တင်၍ ကျောင်းပို့ရန်ပြင်ဆင်သည်။ နေ အိမ်ကြမ်းပြင် ရေထိခါနီးတွင် ၀ါးဖြင့်ဆင့်ထိုးသည်။ လိုအပ်ချိန် တွင် ဘေးလွတ်ရာရွှေ့ပြောင်းနိုင် ရန် ဆုံးဖြတ်ချက်ချသည်။ 

ကြိုတင်ပြင်ဆင်မှုကောင်းခဲ့ သော်လည်း သတိတစ်ချက်အလစ် တွင် ပေးဆပ်မှုကြီးမားခဲ့ရသည်။ သို့သော် သူတို့ဇနီးမောင်နှံသည် ဆိုးရွားသောယင်းဖြစ်ရပ်မှ သင် ခန်းစာ ကောင်းကောင်းရခဲ့ပြီး ကျေးရွာအတွင်း ရေဘေးကြိုတင် ကာကွယ်ရေးကို အိမ်နီးချင်းများ နှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဟုဆိုသည်။

သမီးငယ်နှစ်ဦးဆုံးခဲ့သည်ကို သင်ခန်းစာယူကာ ရေဘေး ကြောင့် နောက်ထပ်လူမမည်က လေးငယ်များသေဆုံးသည့်ဖြစ်ရပ် မျိုး မပေါ်ပေါက်အောင်ကြိုတင် စီစဉ်မည်ဟု မမိုးသီတာကျော်က ပြောသည်။နေ့စဉ် ဈေးရောင်းရာမှ ဈေးဦးပေါက်ပိုက်ဆံကို စုဆောင်းကာ လှေ၊ အသက်ကယ်အင်္ကျီ၊ ဓာတ်မီး၊ ဗောကွင်းတို့ကို ၀ယ်ယူစုဆောင်းမည်ဖြစ်ပြီး ကျေးရွာအ တွင်း ရေဘေးကယ်ဆယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဟု ပြော သည်။

‘‘ကျွန်မမှာ တစ်ခုပဲလိုအပ်ခဲ့ တာက ရေကြီးလာလို့ရှိရင် ငါ့က လေးဘယ်လိုရေကူးသင်ပေးရ မလဲဆိုတာ မတွေးမိခဲ့ဘူး။ ကိုယ် တိုင်လည်း မတွေ့ကြုံဘူးလေ။ ပြီး တော့ ရေဘေးမှာ အဓိကဆောင် လိုက်တာ စားစရာပဲဆောင်လိုက် တယ်။ ကျွန်မလက်ထဲမှာ ပိုက်ဆံ ရှိနေရင်တောင်မှ လှေတစ်စီးဝယ် ရမှန်းမသိဘူး။ ဒီလောက်ကြီးဖြစ် သွားမယ်မှန်း လုံးဝကိုမထင်ထား ဘူး။ အသက်ကယ်အင်္ကျီတို့ ဗော ကွင်းတို့ကို  ရေကြီးလည်းဝယ် မယ်။ မကြီးလည်း ၀ယ်မယ်။ သူများတွေကိုလည်း ပြောပြမယ်။ ကလေးနှစ်ယောက်လုံးအသက် ပေးပြီးမှ အတွေ့အကြုံရသွားပြီ’’ ဟု ဆိုသည်။

ကရင်ပြည်နယ် ရေဘေးက ရက်ပေါင်း ၂၀ ခန့်ကြာလာသည် အထိ ခြိမ်းခြောက်နေဆဲဖြစ်ပြီး သေဆုံးသူဦးရေ တိုးနေဆဲဖြစ် သည်။ သံလွင်မြစ်ကမ်းဘေးကျေး ရွာအများစုအပြင် ဘားအံမြို့ပေါ် ရပ်ကွက်အချို့တွင်ပါ ရေပြန် မကျသေးပေ။ မိုးကောင်းလေ့ရှိ သည့် သြဂုတ်အတွင်းဆိုးရွားသော ရေဘေး နောက်တစ်ကြိမ်ကြုံတွေ့ မည်ကိုစိုးရိမ်နေကြသည်။ ရေ ဘေးကြောင့် သမီးနှစ်ဦးသေဆုံးခဲ့ သည့်အပေါ် သင်ခန်းစာယူကာ   နောင်အနာဂတ်ရေဘေးအတွက် ကြိုတင်ကာကွယ်ရေး ပြင်ဆင် ထားမည်ဟု အားခဲထားသော မမိုး သီတာကျော်က တမလွန်ဘဝမှ  ရင်သွေးငယ်နှစ်ဦးအပေါ် မိခင် တစ်ဦး၏ ယုံကြည်ချက်ကို အောက်ပါအတိုင်း အခိုင်အမာ ရင်ဖွင့်သည်။ သားသမီးများအပေါ်  အကောင်းဆုံး ဖြစ်စေချင်သည့် မာတာမိခင်၏   မေတ္တာတရား လည်း ဖြစ်သည်။

‘‘အဲဒီနေ့က  လှေပေါ်တက် ခါနီး ဘုရားရှိခိုးပြီးမှ တက်တာ။ နေ့တိုင်းလည်း ဘုရားရှိခိုးတယ်။ ကျွန်မသမီးလေးတွေ ကောင်းရာ ဘုံဘ၀ရောက်မယ်လို့ ကျွန်မယုံ ကြည်တယ်’’