ဂယာဒေသ၏ ကောလိတ္တော်အရာရှိက အနာဂါရိက ဓမ္မပါလအား မဟာဗောဓိစေတီနှင့်တကွ အခွန် အခများကို မဟန့်က ပိုင်ဆိုင်ခွင့် ရရှိနေကြောင်း၊ အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မဟန့်ထံမှ ဘုရား ဝင်းကို ပြန်လည်ဝယ်ယူလျှင် ဖြစ် နိုင်ကြောင်း အကြံပေးချက်ကိုရရှိ သဖြင့် အနာဂါရိက ဓမ္မပါလသည် လွန်စွာဝမ်းမြောက်ခဲ့၏။ သူသည် ကာလကတ္တားမှတစ်ဆင့် မြန်မာ နိုင်ငံသို့ လာရောက်ပြီး ဗုဒ္ဓဘာသာ ဝင်များကို ဦးစွာစည်းရုံးခဲ့၏။ ၁၈၉၁

ဂယာဒေသ၏ ကောလိတ္တော်အရာရှိက အနာဂါရိက ဓမ္မပါလအား မဟာဗောဓိစေတီနှင့်တကွ အခွန် အခများကို မဟန့်က ပိုင်ဆိုင်ခွင့် ရရှိနေကြောင်း၊ အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မဟန့်ထံမှ ဘုရား ဝင်းကို ပြန်လည်ဝယ်ယူလျှင် ဖြစ် နိုင်ကြောင်း အကြံပေးချက်ကိုရရှိ သဖြင့် အနာဂါရိက ဓမ္မပါလသည် လွန်စွာဝမ်းမြောက်ခဲ့၏။ သူသည် ကာလကတ္တားမှတစ်ဆင့် မြန်မာ နိုင်ငံသို့ လာရောက်ပြီး ဗုဒ္ဓဘာသာ ဝင်များကို ဦးစွာစည်းရုံးခဲ့၏။ ၁၈၉၁ ခုနှစ် မေလ ၃၁ ရက်နေ့ တွင် သီရိလင်္ကာ၌ ‘ဗုဒ္ဓဂယာ မဟာဗောဓိအသင်း’ ကို တည်ထောင်ခဲ့ ၏။ စစ်တွေ၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင်လည်း အသင်းရုံးခွဲများဖွင့်လှစ်နိုင်ခဲ့၏။ အသင်း၏ အဓိကရည်ရွယ်ချက်မှာ မဟာဗောဓိစေ တီကို ဗုဒ္ဓဘာသာဝင်များလက် ဝယ်သို့ ပြန်လည်ရောက်ရှိရေး၊ ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးနှင့် အိန္ဒိယနိုင်ငံ တွင် ဗုဒ္ဓဘာသာပြန်လည်ထွန်း ကားရေးဖြစ်၏။ သူသည် ရှေးဦး စွာ မဟာဗောဓိအသင်းရုံးဆောက် လုပ်ရန် မြေနေရာကို မဟန့်ထံမှ ဝယ်ယူရန် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ကော လိတ္တော်အရာရှိကလည်း မတုန် မလှုပ်ရှိနေ၏။ နောက်ဆုံးတွင် နိုင်ငံတကာလှုပ်ရှားမှုတစ်ခုလုပ်မှ ဖြစ်မည်ဟု ဆုံးဖြတ်ပြီး ၁၈၉၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ ဘာသာကွန်ဖရင့်ကို ဗုဒ္ဓဂယာ၌ ကျင်းပပြုလုပ်ခဲ့၏။ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ စစ်တကောင်းမှ ကိုယ်စားလှယ်များ တက်ရောက် ပြီး မဟာဗောဓိစေတီကြီးအား ဗုဒ္ဓ ဘာသာဝင်များ စီမံခန့်ခွဲနိုင်ရေးအ တွက် သူ၏ ဆောင်ရွက်ချက်များ ကို အပြည့်အဝထောက်ခံအားပေး ခဲ့ကြလေသည်။

ထို့နောက် အနာဂါရိက ဓမ္မ ပါလသည် အိန္ဒိယနိုင်ငံ ကာလ ကတ္တားမြို့၌ နေထိုင်ပြီး ၁၈၉၂ ခုနှစ် မေလတွင် ‘မဟာဗောဓိ’ မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့၏။ အိန္ဒိယ၌ ထိုခေတ်ကာလအတွင်း ပထမဆုံးထွက်ပေါ်လာသော ဗုဒ္ဓ ဘာသာဂျာနယ်ဖြစ်ခဲ့လေ၏။ ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီတွင် ဗုဒ္ဓ ဂယာသို့ ထပ်မံရောက်ရှိစဉ် မင်း တုန်းမင်းကြီးဇရပ်၌ နေထိုင်သော ရဟန်းသံဃာတော်နှစ်ပါးအား မဟန့်၏ တပည့်များက ပြင်းထန် စွာ ရိုက်နှက်ပြီး နှင်ထုတ်ခဲ့သော ဖြစ်ရပ်နှင့် ကြုံခဲ့ရ၏။ သံဃာတစ် ပါးမှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံ တင်ခဲ့ရ၏။ ရိုက်နှက်သူများအား အနာဂါရိက ဓမ္မပါလက ဂယာမြို့ တရားရုံးတွင် တရားစွဲဆိုခဲ့၏။ အမှုဖြစ်ပွားနေစဉ်ကာလအတွင်း ၁၈၉၃ ခုနှစ် ဇူလိုင်၌ အမေရိကန် နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ဘာ သာရေးညီလာခံသို့ ထေရဝါဒဗုဒ္ဓ ဘာသာကိုယ်စားလှယ်တစ်ဦးအ ဖြစ် တက်ရောက်ခွင့်ရရှိခဲ့၏။ ၎င်း ညီလာခံ၌ ‘ဗုဒ္ဓအား ကမ္ဘာကြီးမှ ပေးဆပ်ရန် ကျန်ရှိသောအကြွေး’ (The World's debt to Buddha) ဟူသော ခေါင်းစဉ်ဖြင့် စာတမ်း တင်သွင်းခဲ့၏။ ၎င်းစာတမ်း၌ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘုရားရှင်ပွင့် တော်မူရာဒေသအပါအဝင် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အ လွန်ထိရောက်ပြတ်သားသော စကားလုံးများ အသုံးပြုပြီး ကိုယ် စားလှယ်အပေါင်းအား ရှင်းလင်း ပြောကြားခဲ့လေ၏။ ကိုယ်စား လှယ်များ၏ ထောက်ခံအားပေးမှု လည်း ရရှိခဲ့၏။ အပြန်ခရီး၌ ဟိုနို လူလူသို့ ဝင်ရောက်စဉ် Mrs. Mary E. Foster အမည်ရှိသော ချမ်းသာကြွယ်ဝသည့် အမျိုးသမီး ကြီးနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ ၏။ နောင်တွင် သူမသည် မဟာ ဗောဓိအသင်းကြီးအတွက် အဓိက ငွေကြေးလှူဒါန်း ထောက်ပံ့သူ တစ်ဦး ဖြစ်လာခဲ့ပေသည်။ ခရီး စဉ်အတွင်း ဂျပန်သို့ ရောက်ရှိစဉ် ဂျပန်ဗုဒ္ဓဘာသာဝင်များက လှူ ဒါန်းသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို ပင့်ဆောင်ခဲ့ပြီး မဟာဗောဓိစေ တီအပေါ်ထပ်၌ ပူဇော်ထားရှိခဲ့၏။ ထိုအခါ ထုံးစံအတိုင်း မဟန့်၏ တပည့် ၅၀ ခန့် ရောက်ရှိလာပြီး ဗုဒ္ဓရုပ်ပွားတော်ကိုယူ၍ ခြံဝင်း တစ်နေရာသို့ လွှင့်ပစ်ခဲ့ပြန်၏။ အနာဂါရိက ဓမ္မပါလသည် ၎င်း ရုပ်ပွားတော်ကို မင်းတုန်းမင်းကြီး ဇရပ်သို့ ပြန်လည်ပင့်ဆောင်ခဲ့၏။ ဇရပ်ကို ဗုဒ္ဓဘာသာဝင်များလက် ဝယ် ပြန်လည်ရရှိရေးအတွက် တရားသူကြီး၏ အကြံပေးချက်အ ရ ရတနာဂီရိမြို့ စံအိမ်တော်ရှိ သီပေါမင်းနှင့် သွားရောက်တွေ့ဆုံ ပြီး မင်းတုန်းမင်းကြီးက ဇရပ်ကို မဟာဗောဓိစေတီသို့ လှူဒါန်း ကြောင်း အထောက်အထားများရှိ လျှင် ပေးအပ်ပါရန် တောင်းဆိုခဲ့ သေး၏။ နန်းတော်မှ စာရွက်စာ တမ်းအထောက်အထားများအား လုံးမှာ အင်္ဂလိပ်တို့ သိမ်းယူရာ၌ ပါရှိသွားကြောင်းသာ သိရှိရပြီး လမ်းစပျောက်နေခဲ့လေ၏။

နောက်ဆုံးတွင် ဂယာတရား သူကြီးက သံဃာများကို ရိုက်နှက် သည့် မဟန့်တပည့်များကို ထောင် ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်ခဲ့၏။ ခရိုင်တရားသူကြီးထံ မဟန့်က ဆက်လက်အယူခံသောအခါ အ ယူခံရှုံးနိမ့်ခဲ့၏။ မဟာဗောဓိစေတီ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း ခရိုင်တရားသူကြီးက ၎င်းစေတီ သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ် အမြတ်ထားရာနေရာသာဖြစ် ကြောင်း သုံးသပ်အတည်ပြုပြီး မဟန့်တင်ပြသော ဟိန္ဒူဘာသာ ဝင်တို့ ကိုးကွယ်ရာနေရာဖြစ်သည် ဟူသော အချက်အလက်အ ထောက်အထားများမှာ နောက် ပေါ် ထွင်လုံးများသာဖြစ်သည်ဟု ငြင်းပယ်ခဲ့၏။ ဤသည်မှာ အနာ ဂါရိက ဓမ္မပါလနှင့် မဟာဗောဓိအ သင်း၏ ပထမဆုံးသော အောင်ပွဲ ဖြစ်ခဲ့လေ၏။ သို့သော် တရားရုံး ချုပ်က ခရိုင်တရားရုံး၏ စီရင်ချက် ကို ပယ်ဖျက်ခဲ့ရုံမျှမက မဟန့်၏ တပည့်များအား မြို့နယ်ရုံးမှ ပေး အပ်သည့် ပြစ်ဒဏ်များမှ ကင်း လွတ်ခွင့်ပေးခဲ့ပြန်လေသည်။

မည်သို့ဆိုစေ အထက်ပါအမှု မှာ အိန္ဒိယတစ်နိုင်ငံလုံးတွင် ဟိုး လေးတကျော်ကျော် ဖြစ်ခဲ့လေ၏။ ဘီဟာပြည်နယ် လွှတ်တော်အ တွင်း၌ပင် ဆွေးနွေးငြင်းခုံကြသည် အထိ ကြီးကျယ်လာခဲ့၏။ ခေါင်း ဆောင်ကြီး မဟတ္တမဂန္ဒီက ဗုဒ္ဓ ဂယာရှိ မဟာဗောဓိစေတီသည် ဗုဒ္ဓဘာသာဝင်တို့၏ ကြီးမြတ် သော သမိုင်းအမွေအနှစ်သာဖြစ် ကြောင်း မှတ်ချက်ပေးခဲ့၏။ ကမ္ဘာ ကျော် နိုဗယ်ဆုရ ကဗျာစာဆိုကြီး ရာဘင်ဒြာနတ်သ်တဂိုးကလည်း ဗုဒ္ဓဘာသာဝင်များ ဘက်မှ ထောက်ခံပြောဆိုခဲ့၏။ အခြား သဘောထားပြည့်ဝသော ဟိန္ဒူ ဘာသာရေးခေါင်းဆောင်အချို့ ကလည်း ဗုဒ္ဓဂယာအား ဗုဒ္ဓဘာ သာဝင်များကသာ ထိန်းသိမ်း စောင့်ရှောက်ရန် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဝေဖန်ပြောဆိုလာကြ ပေသည်။ အနာဂါရိက ဓမ္မပါလ သည် ဗုဒ္ဓဂယာ၌ မြေဝယ်၍မရခဲ့ သော်လည်း ဗာရာဏသီမြို့ရှိ ဓမ္မ စကြာတရား ဟောကြားတော်မူရာ မိဂဒါဝုန်အနီး၌ မြေဝယ်နိုင်ခဲ့၏။ ဗာရာဏသီတွင် မဟန့်ကဲ့သို့ သူ နှင့် သူ့အဖွဲ့အား တားဆီးနှောင့် ယှက်မည့်သူ လုံးဝမရှိရုံမျှမက သနားကရုဏာစိတ်ဖြင့် အပြည့် အဝကူညီမှုများ ပေးအပ်ကြ၏။ သူသည် မြေဝယ်ပြီးနောက် မဟာ ဗောဓိဝိဟာရကို ဆောက်လုပ်ရန် ၁၉၂၂ ခုနှစ်တွင် အုတ်မြစ်ချနိုင်ခဲ့ ၏။ သို့သော်လည်း အိန္ဒိယရှေး ဟောင်း သုတေသနဌာန၏ ကန့် ကွက်မှုကို ခံခဲ့ရရှာပြန်၏။ နောက် ဆုံးတွင် ပြည်နယ်အစိုးရ၏ ညှိနှိုင်း ပေးမှုဖြင့် မူလနေရာအစား ၎င်း ဒေသအနီးရှိ မြေဧက ၂၀ ကို ဝယ် ယူခွင့်ရရှိပြီး ၁၉၂၇ ခုနှစ်၌ ဒုတိယအကြိမ် ပန္နက်တင်ခဲ့ရပြန်လေ၏။ အနာဂါရိက ဓမ္မပါလသည် ဗုဒ္ဓ ဘာသာဝင်တို့၏ ဗိသုကာအမွေ အနှစ်များကို အခြေခံပြီး ဝိဟာရ အသင်းအဆောက်အအုံကို ၁၉၃၁ခုနှစ်တွင် အပြီးသတ်ဆောက်လုပ် နိုင်ခဲ့လေသည်။

၁၉၂၉ ခုနှစ်တွင် အနာဂါရိ က ဓမ္မပါလ၌ အစာအိမ်ရောဂါနှင့် နှလုံးရောဂါစွဲကပ်ပြီး အိပ်ရာထဲ လဲနေခဲ့၏။ ၎င်းဝိဟာရအတွက် ပင်မအလှူရှင်မှာ ဟိုနိုလူလူမှ ၎င်း ၏ မွေးစားမိခင်ဟုပင်ဆိုအပ်သော Mrs. Mary E. Foster ပင်ဖြစ်၏။ သူမအား ဗုဒ္ဓဘာသာဝင်အပေါင်း က ထိုကာလ၏ အနာထပိဏ် သူဌေးနှင့် ဝိသာခါကျောင်းအမ ကြီးဟု အမျိုးမျိုးတင်စားခေါ်ဝေါ် ခဲ့ကြ၏။ သူမသည် ၁၉၃၀ ခုနှစ် တွင် ကွယ်လွန်ခဲ့ရှာလေ၏။ အဆို ပါ ဓမ္မဝိဟာရသည် အိန္ဒိယနိုင်ငံ တွင် ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန် ရေးအတွက် အဓိကမှတ်တိုင်ကြီး ဖြစ်သကဲ့သို့ အနာဂါရိက ဓမ္မပါလ ၏ နှစ်ပေါင်း ၄၀ ခန့် အိမ်ရာမဲ့တစ် ဦးသဖွယ် လှည့်လည်သွားလာရင်း သာသနာအတွက် ကြိုးပမ်းဆောင် ရွက်မှုများ၏ အောင်မြင်မှုရလဒ် တစ်ခုလည်း ဖြစ်ခဲ့ပေသည်။ သူ သည် နာမကျန်းဖြစ်နေသည့်ကြား မှ အနည်းငယ်သက်သာလာသည် နှင့် ကာလကတ္တားမြို့သို့ သွား ရောက်ပြီး ဗာရာဏသီ၌ ဗုဒ္ဓဘာ သာသင်တန်းတစ်ခု စတင်ဖွင့်လှစ် ရန် စီစဉ်ခဲ့ပြန်၏။ ၁၉၃၁ ခုနှစ် အတွင်းမှာပင် သီရိလင်္ကာနိုင်ငံမှ သာမဏေ ၁၀ ပါးကို ပထမဦးဆုံး ဖိတ်ကြားပြီး အိန္ဒိယနိုင်ငံ၏ အနာ ဂတ်သာသနာအတွက် သင်တန်း ဖွင့်လှစ်ပေးနိုင်ခဲ့၏။ ၁၉၃၁ ခုနှစ် ဇူလိုင်လတွင် သူသည် ဗာရာဏ သီ၌ ရှင်သာမဏေဝတ်ခဲ့ပြီး ‘ရှင် သီရိဒေဝမိတ္တ ဓမ္မပါလ’ ဟု ဘွဲ့ အမည်ခံယူခဲ့၏။ ထို့နောက် သူ၏ ကျန်းမာရေးမှာ ၁၉၃၂ ခုနှစ်အထိ ပို၍ဆိုးရွားလာခဲ့လေ၏။ နောက် ဆုံး သူကွယ်လွန်ပါက ရဟန်းဝတ် ဖြင့်သာ ကွယ်လွန်လိုသည်ဟူ သော ဆန္ဒဖြင့် ၁၉၃၃ ခုနှစ် ဇန်န ဝါရီလတွင် ရဟန်းဝတ်ခဲ့လေ၏။ သူ၏ နောက်ဆုံးနေ့ရက်များမှာ ဗုဒ္ဓဂယာ မဟာဗောဓိစေတီကြီး အကြောင်းကိုသာ အခါမလပ် တွေးတောနေ၏။ 

မဟန့်၏ လက်အတွင်းမှ လွတ်မြောက်အောင် ဆောင်ကြဉ်းနိုင်စွမ်းမရှိခဲ့ခြင်းအတွက် များစွာကြေကွဲဝမ်းနည်းခဲ့လေ၏။ သူသည် မကွယ်လွန်မီ မိနစ်ပိုင်းအထိ ဗုဒ္ဓဂယာဟူသော စကားသံကို ကြားရလေတိုင်း မျက်လုံးများဖွင့်ပြီး အားပြည့်လာသကဲ့သို့ရှိ၏။ ‘အကယ်၍ကျွန်ုပ်သည် လူ့လောက၌ နောက်ထပ် ၂ နှစ် နေရဦးမည်ဆိုပါက မဟာဗောဓိစေတီကြီးကို စနစ်တကျ ပြန်လည်ထိန်းသိမ်းခွင့်ရရှိအောင် မဖြစ်မနေဆောင်ရွက်မည်’ဟု လေသံဖျော့ဖျော့ဖြင့် ဖွင့်ဟရှာခဲ့သေး၏။ သူ၏ဆန္ဒမပြည့်ဝခဲ့ရှာပေ။ ၁၉၃၃ ခုနှစ် ဧပြီ ၂၉ ရက်တွင် ဗာရာဏသီမြို့ မဟာဝိဟာရကျောင်း အဆောက်အအုံအတွင်း၌ သူ၏ နောက်ဆုံးထွက်သက်ဖြင့် ဘဝနိ ဂုံးချုပ်ခဲ့ရှာလေသည်။

သူကွယ်လွန်ပြီးနောက် မဟာဗောဓိအသင်းကြီးသည် မဟာ ဗောဓိစေတီကြီးအား စီမံခန့်ခွဲပိုင် ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင် ခဲ့၏။ ၁၉၃၆ ခုနှစ်တွင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ ပူးတွဲစီမံခန့်ခွဲ ရန် အဆိုပြုချက်တစ်ရပ် ထွက် လာသည်အထိ အောင်မြင်မှုရရှိ လာ၏။ မဟန့်က ၎င်းအဆိုပြုချက် ကို ဆန့်ကျင်ခဲ့ပြန်၏။ ထို့ကြောင့် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ် လပ်ရေးရရှိသည်အထိ အကောင် အထည်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ လွတ်လပ်ရေးရရှိပြီးနောက် ဘီ ဟာပြည်နယ်၏ ပထမဆုံး ဝန်ကြီး ချုပ်ဖြစ်သော ဒေါက်တာခရစ်ရှ နားသီဟသည် ဗုဒ္ဓဘာသာကို လေးစားသော ပုဂ္ဂိုလ်ကြီးဖြစ်၏။ ၎င်း၏ ဦးဆောင်မှုဖြင့် ‘၁၉၄၉ ခုနှစ်တွင် ဗုဒ္ဓဂယာအက်ဥပဒေ’ ပေါ်ထွန်းလာခဲ့၏။ ၎င်းအက် ဥပဒေအရ ခရိုင်ဝန်က ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူပြီး ဗုဒ္ဓဘာသာဝင် လေးဦး၊ ဟိန္ဒူဘာသာဝင်လေးဦး အဖွဲ့ဝင်အဖြစ် ပါဝင်သော ဗုဒ္ဓ ဂယာစီမံခန့်ခွဲရေးကော်မတီတစ် ရပ် ပေါ်ထွန်းလာပြီး မဟန့်အား ကိုယ်တိုင်ဆန္ဒရှိပါက ဟိန္ဒူဘာ သာဝင်လေးဦးအနက် တစ်ဦးအ ဖြစ် ပါဝင်ခွင့်ပြုရန် ဖော်ပြထား၏။ ထို့အပြင် စီမံခန့်ခွဲရေးအဖွဲ့အား အကြံပေးရန်အတွက် ဗုဒ္ဓဘာသာ ဝင်အများစုပါဝင်သည့် အကြံပေး ဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းရမည် ဟု ပြဋ္ဌာန်းချက်များ ပါရှိခဲ့ပေ သည်။ ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်၊ ရွှေပလ္လင်နှင့်တကွ မဟာဗောဓိ စေတီ၊ သတ္တာသတ္တဟ (၇)ဌာန နှင့် ဘုရားဝတ္တကမြေအားလုံးကို မဟန့်မှ စီမံခန့်ခွဲရေးကော်မတီသို့ လွှဲပြောင်းပေးရမည်ဖြစ်သော် လည်း မဟန့်က အမျိုးမျိုးအနှောင့်အယှက်ပြုလုပ်နေခြင်းကြောင့် သုံးနှစ်တိတိ နှောင့်နှေးပြီး ၁၉၅၂ ခုနှစ်မှသာ ဥပဒေစတင်သက်ဝင်လာခဲ့ ကြောင်း တွေ့ရှိရပေသည်။

ယနေ့ မြန်မာနိုင်ငံမှ ဗုဒ္ဓ ဂယာဘုရားဖူးများအနက် အများ စုသည် အနာဂါရိက ဓမ္မပါလ၏ အမည်ကိုပင် ကြားဖူးကြခြင်းမရှိ ကြကြောင်း လေ့လာတွေ့ရှိရပါ သည်။ စာရေးသူသည် လွန်ခဲ့သော ၁၅ နှစ်ခန့်က ဗာရာဏသီမြို့ မိဂ ဒါဝုန်သို့ ရောက်ရှိစဉ် အနာဂါရိက ဓမ္မပါလ၏ ရုပ်တုကို တွေ့မြင်ခဲ့ ရာမှ သူ၏ အကြောင်းကို လေ့လာ ခဲ့မိ၏။ သူသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ရှင်စန္ဒာဟူသော သာ မဏေငယ်ကို သူနှင့်တကွ အိန္ဒိယ သို့ ခေါ်ဆောင်လာခဲ့၏။ နောင် သော် ရှင်စန္ဒာသည် ဦးစန္ဒာမဏိ ဘွဲ့အမည်ဖြင့် ကုသိနာရုံဆရာ တော်ကြီးအဖြစ် ထင်ရှားကျော် ကြားခဲ့လေ၏။ သူတို့နှစ်ဦးနှင့် သီပေါမင်း တွေ့ဆုံခန်းကိုလည်း စာရေးသူက ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူး၏။ ဗုဒ္ဓဂယာ မဟာ ဗောဓိစေတီကြီးအား ဗုဒ္ဓဘာသာ ဝင်တို့၏ စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိရေးအတွက် ၁၈၉၁ ခုနှစ် မှ ၁၉၃၃ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်ကြာ မနေမနား ကျားကုတ် ကျားခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ သော ဗုဒ္ဓဂယာသူရဲကောင်းကြီး အနာဂါရိက ဓမ္မပါလ ကွယ်လွန် ခြင်း (၈၅)နှစ်မြောက်အချိန်အခါ သမယတွင် ဤဆောင်းပါးဖြင့် ၎င်းအား ဂုဏ်ပြုမှတ်တမ်းတင် လိုက်ရပါသတည်း။

(ဆောင်းပါးရှင် မြင့်မိုရ်ဆွေသည် မြို့ပြရေးရာ၊ ယဉ်ကျေးမှု၊ ခရီးသွား၊ စာပေနှင့်မျက်မှောက်ရေးရာများ ရေးသားနေသူ ဖြစ်သည်)