တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ဥက္ကဋ္ဌဟောင်း ဦးအောင်မင်းတို့ နေပြည်တော်တွင် တွေ့ဆုံကြောင်း သတင်းရရှိသည်။
ဦးအောင်မင်းနှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးသံတမန်နှင့်အဖွဲ့ တွေ့ဆုံနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint Facebook)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ဥက္ကဋ္ဌဟောင်း ဦးအောင်မင်းတို့ နေပြည်တော်တွင် တွေ့ဆုံကြောင်း သတင်းရရှိသည်။


မစ္စတာဆွန်နှင့် အဖွဲ့သည် ၀န်ကြီးဟောင်း ဦးအောင်မင်းကိုမိတ်ဆွေဟောင်းတစ်ဦးအနေဖြင့် ဇန်န၀ါရီ ၉ ရက်က လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ခြင်းဖြစ် ကြောင်း MPC အကြီးတန်းအရာရှိ ဟောင်း ဦးညိုအုန်းမြင့်က ပြော ကြားသည်။

 တရုတ်အထူးသံတမန်က ၀န်ကြီးဟောင်း ဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် ပတ်သက်၍ သိလို သည်များ မေးမြန်းပြီး ဦးအောင်မင်းက ၎င်း၏ အတွေ့အကြုံများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘၀န်ကြီးဦးအောင်မင်းအနေ နဲ့ လက်ရှိပဋိပက္ခဖြစ်နေတာတွေ အပေါ်မှာလည်း စိုးရိမ်မှုတွေရှိ တယ်။ ဒါပေမဲ့ တပ်မတော်သား ဟောင်း တစ်ယောက်အနေနဲ့က တော့ သူ့အနေနဲ့ တပ်မတော်ဘက်က ဘယ်လိုခံစားနေလဲဆိုတဲ့ အချက်တွေကိုတော့ နားလည်တယ်ဆိုတာမျိုးပေါ့ရှိပါတယ်’’ဟု ဦးညိုအုန်းမြင့်ကပြောသည်။

သို့သော် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကိုင်တွယ် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ၀န်ကြီးဟောင်းက တစ်စုံတစ်ရာဝေဖန်ပြောကြားသုံး သပ်ခြင်းမရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

‘‘အရင်တုန်းက ညှိနှိုင်းရတာ တွေပေါ့။ တစ်ယောက်နဲ့တစ် ယောက် တိုက်ပွဲဖြစ်နေပေမယ့် လိုင်းတွေ ပွင့်နေသေးတာပေါ့။ လိုင်းတွေပွင့်နေတော့ တစ်ဖက်နဲ့ တစ်ဖက် ဆက်သွယ်ဆောင်ရွက် နေနိုင်တဲ့ နှစ်ဖက်ကို နားလည်နိုင် အောင် ကြိုးစားနေနိုင်တဲ့ သူ့ရဲ့ သမ္မတဦးသိန်းစိန်နဲ့ သူ့ရဲ့အတွေ့ အကြုံလေးတွေကိုတော့ ရှင်းပြခဲ့ ပါတယ်’’ဟု ဦးညိုအုန်းမြင့်က ဆို သည်။

ဝန်ကြီးဟောင်း ဦးအောင် မင်းသည် ယခင်သမ္မတ ဦးသိန်း စိန် လက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရဘက်က ဦး ဆောင်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သူဖြစ်သည်။